အငြင်းပွားဖွယ် ဗီဒီယိုကလစ် ဖြုတ်ပေးရေး Google လက်မခံ

Saturday, September 15, 2012


~


Reuters ~



အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပေါ်စေသည့် အငြင်းပွားဖွယ် YouTube
ဗီဒီယိုကလစ် အင်တာနက်တွင် ဆက်လက်ထားရှိမည်ဟူသော ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားပေးရန် အိမ်ဖြူတော်၏ တောင်းဆိုချက်ကို Google က သောကြာနေ့တွင် ပယ်ချလိုက်သည်။

အမေရိကန်သံရုံးများ ၀င်ရောက်စီးနင်းတိုက်ခိုက်ခံရသည့် အီဂျစ်နိုင်ငံ၊ လစ်ဗျားနိုင်ငံတို့တွင် ထိုဗီဒီယိုကလစ် ကြည့်ရှုနိုင်ခြင်း မပြုနိုင်ရန် စီစဉ်လိုက်ပြီးဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့ရှိ အင်တာနက်သုံးသူများအတွက် ထိုဗီဒီယိုကလစ်ကို ဆင်ဆာ ဖြတ်တောက်နေကြောင်း Google က ပြောကြားလိုက်သည်။

လစ်ဗျားတွင် အမေရိကန်သံရုံး အင်္ဂါနေ့က တိုက်ခိုက်ခံခဲ့ရပြီး သံအမတ်နှင့် အမေရိကန်အရာရှိ ၃ ဦး သေဆုံးသွားသည်။

Google က ဗီဒီယိုကလစ်များ အင်တာနက်တွင် ကန့်သတ်ပစ်ရန်မှာ နိုင်ငံရေးဖိအားကြောင့် မဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေကြောင့်သာ ဖြစ်လိမ့်မည်ဟု ပြောသည်။

"အိန္ဒိယ နဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ ဥပဒေနဲ့ မညီတဲ့အတွက် ဗီဒီယိုကလစ်တွေကို အကန့်အသတ် လုပ်လိုက်တယ်၊ ပြီးတော့ အီဂျစ် နဲ့ လစ်ဗျားတို့မှာတော့ အကဲဆတ်တဲ့အခြေအနေတွေကြောင့် ကန့်သတ်ပေးလိုက်တာ ဖြစ်ပါတယ်" ဟု Google က ပြောသည်။

အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပေါ်စေသည့် အငြင်းပွားဖွယ် YouTube
အငြင်းပွားဖွယ် ဗီဒီယိုကလစ်က YouTube ၏ သတ်မှတ်စည်းကမ်းများနှင့် ညီညွတ်ခြင်း ရှိမရှိ ပြန်လည် စစ်ဆေးပေးရန် အိမ်ဖြူတော်က Google ကို တောင်းဆိုခဲ့ပြီးဖြစ်သည်။

သတ်မှတ်စည်းကမ်းများနှင့် ညီညွတ်ကြောင်း Google က ပြန်လည် တုံ့ပြန်ထားသည်။

အငြင်းပွားဖွယ် ထိုရုပ်ရှင်ကား ထုတ်လုပ်သူ အသက် ၅၅ နှစ် အရွယ် Nakoula Basseley Nakoula သည် ကယ်လီဖိုးနီးယား ပြည်နယ်မှ ဖြစ်သည်။

အဆိုပါပုဂ္ဂိုလ်သည် ၂၀၁၀ ပြည့်နှစ်က ဘဏ်လုပ်ငန်းဆိုင်ရာနှင့် ပတ်သက်ပြီး ပြစ်ဒဏ်ကျခံခဲ့ဖူးပြီး ဇွန်လက ချွင်းချက်ဖြင့် ထောင်မှ ပြန်လွတ်လာသူဖြစ်သည်။

အမေရိကန်အာဏာပိုင်တို့က အဆိုပါပုဂ္ဂိုလ်သည် ထောင်မှလွတ်မြောက်ပြီး သတ်မှတ်စည်းကမ်းချက်များ ဖောက်ဖျက်ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးမည်ဟု ပြောသည်။

- translated by Moemaka



~

2 comments :

  1. Anonymous said... :

    မူဆလင်တွေအနေနဲ့ freedom of speech ကိုလေးစားရပါမယ်
    ဆန္ဒပြတာ အေးအေးချမ်းချမ်းပြလို့ရပါတယ်။
    အမေရိကန်က ထုတ်တဲ့ Angry Buddha ရုပ်သံတုန်းက ဘယ်သူကမှ သွေးထွက်သံယုံ ဆန္ဒမပြဘူး
    ပြီးတော့ ၂၀၀၀ ခုနှစ်ဝန်းကျင်က အာဖဂန်ကရှေးဟောင်း ဗုဒ္ဒရုပ်ပွားတော်ကို ဒိုင်းနမိုက်နဲ့ ခွဲတုန်းကလဲ ဘယ်သူမှ သွေးထွက်သံယို မတုန့်ပြန်ပါဘူး။ ဒါကို သင်ခန်းစာယူစေချင်တယ်။
    မူဆလင်တွေအနေနဲ့ မိုဟာမက်ဟာ တမန်တော်ဖြစ်ပေမယ့် တခြားဘာသာဝင်တွေနဲ့ ဘာသာမဲ့တွေအတွက် သာမန်လူပါပဲ။
    အဲလောက်ထိတုန့်ပြန်စရာမလိုဘူးထင်ပါတယ်
    တမန်တော်သာ သူတော်စင်ဆိုရင် အဲရုပ်ရှင်ထုတ်တဲ့သူ သူ့ဟာသူ မကောင်းတာ ခံစားရပါလိမ့်မယ်။
    အာဖဂန်မှာ ဗုဒ္ဒရုပ်ပွားတော်ကို ဖောက်ခွဲလို့ အာဖဂန်မှာ မပြီးနိုင်တဲ့စစ်ပွဲနဲ့ တာလီဗန်တွေလဲ ခွေးသေဝက်သေ သေနေပါပြီး ဘင်လာဒင် ဆိုလဲ ကြွက်တစ်ကောင်လို အသတ်ခံရတာပဲ။ ကျနော့်ကွန်မန်းမတင်ချင်နေပါစေ။
    လစ်ဗျားမှာ အမေရိကန် သံတမန်မဆိုင်ပဲ အသတ်ခံရတာ စိတ်မကောင်းပါဘူး
    အမှန်ဆို အမေရိကန်ဟာ လစ်ဗျားကို အာဏာရှင် ကဒါဖီ လက်အောက်ကနေလွတ်မြောက်အောင် အားပေးခဲ့တဲ့နိုင်ငံပါ။ ကျနော့အမြင်ကတော့ ရှေးရိုးစွဲဘာသာရေး အယူသီးသူတွေဟာ အာဏာရှင်နဲ့ပဲ ထိုက်တန်ပါတယ်။ အမေရိကန်အနေနဲ့လဲ ရေနံစွမ်းအင်ကနေ တခြားစွမ်းအင်ကိုအစားထိုးနိုင်မယ်ဆိုရင် အရှေ့အလယ်ပိုင်းက ရှေးရိုးစွဲတွေ ကို ၇ရာစုမှာ ထားခဲ့နိုင်ပါတယ်။ အမေရိကန်လဲ စီးပွားတက်လာမှာပါ။
    မြန်မာမှာရော ရိုဟင်ဂျာဆိုပြီး ဖင်ပိတ်ဝိုင်းအော်နေကြတယ်။ လူ့အခွင့်အရေးမရှိဘူးတဲ့။
    ရိုဟင်ဂျာဆိုသူတွေ ဆော်ဒီမှာ ဘုရားဖူးရင်း မပြန်တဲ့သူတွေရှိပါတယ် နှစ်ကြာပေမယ့် နိုင်ငံသားဖြစ်လားမေးကြည့်လိုက်ပါ။ သူများနိုင်ငံကိုတော့ လူ့အခွင့်အရေးတဲ့ ။
    အစိုရတရပ်အနေနဲ့ ပြည်သူ သဘောတူရင် ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူး။
    လူ့အခွင့်အရေးဂရုစိုက်နေရင် ရခိုင်တွေ နေစရာကြွမှာမဟုတ်ဘူး

  1. lovecircle said... :

    ကောင်းလိုက်တာဗျာ၊ခင်ဗျာရဲ့ရေးသားပြောဆိုချက်တွေကိုအပြည့်အ၀(လုံးဝ) ထောက်ခံပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved