ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ Heng

Tuesday, September 25, 2012

 

~

 

နိုင်ငံရေးကာတွန်းတွေ ဖန်တီးတဲ့ Heng Kim Song ရဲ့ လက်ရာတွေထဲမှာ မြန်မာပြည်အခြေအနေများကို ဖော်ကျူးတဲ့ ကာတွန်းတွေ မကြာခဏ တွေ့ကြရမှာပါ။
အမေရိကန်ကို ပြိုင်တူ ရောက်နေကြတဲ့ သမ္မတကြီး ဦးသိန်းစိန်၊ ဒီမိုကရေစီခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်တဲ့ အထက်က ကာတွန်းကလည်း လူကြိုက်အင်မတန်များတာ တွေ့ရပါတယ်။


 
ပြီးခဲ့တဲ့နှစ်ကလုပ်ခဲ့တဲ့ သူ့ရဲ့ကာတွန်းပြပွဲ အ၀င်ဝမှာ ဓာတ်ပုံအရိုက်ခံနေတဲ့ ကာတွန်းဆရာ။
ကာတွန်းထဲက စစ်ဗိုလ်ချုပ်ယူနီဖောင်းမှာ ချိတ်ထားတဲ့ တံဆိပ်တွေထဲက တခုကတော့ သူ့ရဲ့ အိုင်ဒီယာကောင်းတဲ့ ဓားချက်ပါပဲ။
 









စင်ကာပူ ကာတွန်းဆရာ Heng ရဲ့ လက်ရာတွေကို နိုင်ငံတကာမီဒီယာများမှာ တွေ့ကြရမှာပါ။
ကာတွန်းနဲ့ပတ်သက်တဲ့ သူ့ရဲ့အမြင်က -

ကာတွန်းတွေဟာ အဆိုးမြင်ဝါဒ ပါစရာ မလိုဘူး။ ကာတွန်းဆိုတာ ဓားတချောင်းလိုပဲ၊ ဒီဓားကို ခင်ဗျား ဘယ်လိုနေရာမှာ သုံးသလဲ ဆိုတဲ့အပေါ် မူတည်ပါလိမ့်မယ်၊ ကျနော့်မှာ ဘယ်သူ့ကိုမှ စော်ကားဖို့ရည်ရွယ်ချက် မရှိပါဘူး။

ငယ်တုန်းကတော့ သူက အိမ်ရှေ့ ကြမ်းပြင်မှာ ပုံတွေ ဆွဲတယ်။ အိမ်နီးချင်းတွေက သူ့ပုံကို တက်မနင်းဘဲ ကွင်းပြီး သွားကြတော့ သူ အံ့သြရတယ် တဲ့။ ဒီလိုနဲ့ အင်္ဂတေကြမ်းပြင်က သူ လက်သွေးတဲ့နေရာ ဖြစ်လာတယ်။ ကာတွန်းဆွဲဖို့ စနစ်တကျ သင်ယူခဲ့ခြင်းမရှိဘူးလို့ 

ဆိုတယ်။ 

အထက်တန်းပြီးချိန် အနုပညာကျောင်းတက်လိုပေမယ့် မိဘများကို အလိုလိုက်တဲ့အနေနဲ့  Ngee Ann Polytechnic မှာ စီးပွားရေးဘာသာရပ်သင်ကျောင်းသား ဖြစ်လာတယ်လို့ ဆိုတယ်။


 -

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved