ကိုမင်းကိုနိုင်၊ မစုစုနွေးတို့ John Humphrey ဆုလက်ခံယူ

Tuesday, September 4, 2012

ဓာတ်ပုံ- ၈၈ မျိုးဆက်

ကနေဒါနိုင်ငံအခြေစိုက် Rights & Democracy အဖွဲ့မှ ပေးအပ်သော John Humphrey ဆု ကို ၁၉၉၉ ခုနှစ် က ဒေါက်တာစင်သီယာမောင်နှင့် ပူးတွဲရရှိခဲ့သော ကိုမင်းကိုနိုင်ကို မြန်မာနိုင်ငံကို ခေတ္တရောက်ရှိနေတဲ့
ဒေါက်တာ သောင်းထွန်းက စက်တင်ဘာလ ၃ ရက်နေ့က သင်္ကန်းကွန်းမြို့နယ်၊
ဝေဇယန္တာလမ်းပေါ်က ၈၈ မျိုးဆက်ကျောင်းသားများရဲ့ ရုံးခန်းကို လာပြီး ဆုတံဆိပ်လာရောက်ပေးအပ်ခဲ့ပါတယ်။


John Humphrey ဆုသည် လူ့အခွင့်အရေးအတွက် စွန့်လွှတ်စွန့်စား၊ ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ကြ တဲ့ ထင်ရှားသူတွေကို ရွေးချယ်ပေးအပ်တဲ့ ဂုဏ်သိက္ခာမြင့်မားတဲ့ ဆုတစ်ခုလည်းဖြစ်ပါတယ်။ အဆိုပါ ဆုမျိုးကို ၂ဝဝ၆ ခုနှစ်က လည်း မစုစုနွေးက ရရှိခဲ့ပါတယ်။

ဒါကြောင့် ပြည်တော် ခဏ ပြန်လာ တဲ့ ဒေါက်တာ သောင်းထွန်းက သူရခဲ့တဲ့ ဆုကို မစုစုနွေးကိုလည်း ပေးအပ် ခဲ့ပါတယ်။

1 comments :

  1. May said... :

    Congratulation!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved