ဓာတ်ပုံ- Tun Wai (Tokyo)
မြန်မာရနံ့တွေနဲ့ သင်းပျံ့နေတဲ့ တိုကျိုရဲ့ ရွှေမြန်မာအဖွဲ့ပေါင်းစုံပါဝင်ဆင်နွှဲကြရာမှာ တီးဝိုင်းတွေ၊ မြန်မာ့ ရိုးရာ အစားအသောက်တွေကလည်း အသင်းအဖွဲ့တော်တော်များများက စီမံထားကြတာပါ။
နှစ်စဉ်ကျင်းပကြရာမှာ နိုင်ငံရေးအဖွဲ့တွေ စုစည်းလုပ်ဆောင်ကြတာလည်းဖြစ်လို့ နိုင်ငံရေး အနှစ်သာရ တွေ ပါတဲ့ သတင်းကျွတ်ပွဲလည်းဖြစ်ပါတယ်။
အခုလို သတင်းကျွတ်ပွဲတော်ကို ဂျပန်နိုင်ငံမှာ ကျင်းပတဲ့အတွက် မြန်မာတွေ စုဝေးခွင့်ရပြီး စုစည်းတဲ့ လက္ခဏာမြင်တွေ့နိုင်ပါတယ်။
မွန်တို့ရဲ့ လက်ရာစုံကိုလည်းရမယ်
မြန်မာ့ဟန် မူမပျက် မြင်နိုင်တဲ့ ဈေးပွဲတော်
သူတို့လည်း အားတက်သရော
ဘာစားမှာလဲ
ကော်ပြန့်လိပ်ကြော်၊ အသုပ်စုံလည်း ရတယ်
ရင်အေးသွားအောင်လို့ အအေးလေး သုံးဆောင်လိုက်ပါအုံး
ဒါမျိုးတွေက မြန်မာရနံ့ သင်းပျံ့စေတဲ့အချက်တချက်၊ ချည်ငန်စပ်နော်။
လတ်လတ်ဆတ်ဆတ် ပေါ်တဲ့ iPhone 5 လည်း လိုချင်သူတွေအတွက် ကြော်ငြာ၊ အကြွေးကျန်နေ ရင်တော့ ဖုန်းခွံကြီးပဲ ရမယ်။ လိုင်းမပါဘူးနော်။
ဒီလို အင်အားစုတွေကလည်း အင်နဲ့ အားနဲ့ ပါဝင်ကြတယ်။
ရေဆာရင်၊ ဘီယာ ၃ ဘူးမှ ယမ်း ၁၀၀၀ တဲ့၊ ဈေးနှုန်းတွေပါတယ်၊
ဒီမှာလည်း ရန်ပုံငွေအတွက် တတတ်တအား ပါဝင်တယ်။
ABSDF က လည်း သတင်းကျွတ်ပွဲပါဝင်တယ်။
အမှောင်ခွင်းတဲ့ အလင်းအိမ် မဂ္ဂဇင်း
ရွှေမြန်မာတွေ ဒီလို စုဝေးခဲ့ကြပြီး သတင်းကျွတ်ပွဲကို ဆင်နွှဲကြတယ်။
အညတရ သူရဲကောင်းဆုပေးရေးအဖွဲ့ကလည်း သတင်းကျွတ်ပွဲမှာ
ဒီလို မြန်မာတွေ ဂျပန်မှာ သတင်းကျွတ်ပွဲ ကျင်းပကြတာ ဒီနှစ်က ၁၃ ကြိမ်မြောက်ပါ၊ နိုင်ငံခြားသားတွေ လည်း ပါဝင်ကြတယ်။
ဂျပန်မှာ တရားဝင်နေထိုင်သူတွေက ဒီလိုပွဲတွေမှာ တွေ့ရခဲပါတယ်
နိုင်ငံရေးဟန်ပြဒုက္ခသည်၊ စီးပွါးရေးအယောင်ဆောင်ဒုက္ခသည်တွေကများပါတယ်
ပွဲကျင်းပတိုင်း ရန်ဖြစ်တတ်တာများလို့
တစ်နှစ်တစ်ခါ နေရပြောင်းရတာလဲ အမောပေါ့၊
ဂျပန်ရဲတွေလည်း စိတ်ညစ်ရတယ်
ကျန်တဲ့အချိန်မှာ ကိုယ်ကျိုးစီးပွါးရှာ ပွဲရှိရင် မျက်နှာထွက်ပြ
အားရအောင်မူး ပြီးတော့ ရန်ဖြစ်ကြ၊
ဂျပန်ရောက်လို့ ပြောင်းလဲသလားဆိုတော့ မပြောင်းလဲသေးပါဘူး
မြန်မာပြည်ထဲမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက်စိတ်မကောင်းပါဘူး
ဂျပန်မှရှိတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို
ပြည်တော်ပြန်ခိုင်းဖို့မပြောနဲ့
ထောင်ထဲမှာကျွေးတဲ့ တာလပေါဟင်းကို လေယာဉ်နဲ့ပို့ပြီး ကျွေးကြည့်ပါ
စားနိုင်မယ်ထင်ပါသလား
ဒါနဲ့များ လူတွေ့ရင်ပြောရတာအမော
ဘာတဲ့ "ငါတို့က နိုင်ငံရေး" တဲ့လေ