သက်ရှိ ကာတွန်းရုပ်မလေး

Monday, October 1, 2012


ဆယ်ကျော်သက်တွေက လောကမှာ ရင်အခုန်တတ်ဆုံးလူသားတွေဖြစ်ကြပါတယ်။ 

 သူတို့ စိတ်ထဲ ငြိတွယ်တဲ့အရာတွေကို အတုခိုးကြပြီး သူတို့ဘ၀တွေကို သူတို့စံထားတဲ့သူတဦးဦးဘ၀ထဲ ၀င်ရောက်နှစ်မြှုပ်တတ်ကြပါတယ်။ 



အခုတော့ ဂျပန် ကာတွန်းကားလေးထဲက ကာတွန်းရုပ်ကလေး တခုကို စွဲလန်းနှစ်သက်တဲ့ ယူကရိန်းက ဆယ်ကျော်သက် Anastasiya Shpagina ဆိုတဲ့ ကလေးမလေးက သူ့ကိုယ်သူ ကာတွန်းရုပ်ကလေးလို မျက်ဝန်းတွေကို မိတ်ကပ်လိမ်းခြယ်ပြီး ချစ်စရာ ဟန်ပန်လုပ်ထားတာပါ။ 



အမှတ်တမဲ့ ကြည့်လိုက်ရင် သက်ရှိလူလို့ မထင်ရဘဲ တကယ့်ကို ကာတွန်းရုပ်ကလေးလိုဖြစ်နေတာပါ။ 

တကယ်တော့ သူက အသက် ၁၉ နှစ် ရှိပြီဖြစ်ပြီး ဂျပန်က ကွန်ပျူတာ ရုပ်ကြွ ကာတွန်းဇာတ်ကောင်မလေး ကို အတော်မက်မောလို့ လုပ် ထားတာပါတဲ့။ 


သူ့ရဲ့ ကာတွန်းမယ်လေးလို့ မိတ်ကပ်ချယ်သမှုကို ယူကျုမှာ ကြည့်တဲ့သူပေါင်း ခဏလေးနဲ့ တသိန်း ခွဲ ကျော် ရှိသွားခဲ့တာပါ။ ဆယ်ကျော်သက်တွေရဲ့ ယူကျုပေါ်တင်တဲ့ ဗီဒီယိုများဟာ ကမ္ဘာတ၀န်း ပရိတ်သတ်ကလည်း အလွန်များပါတယ်။









 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved