မင်းကိုနိုင်ရဲ့ ရွှေရတု မွေးနေ့

Thursday, October 18, 2012

ဓာတ်ပုံ-ဂျေပိုင်(ဧရာဝတီ)~

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင်၏နှစ် ၅၀ ပြည့်မွေးနေ့ပွဲကို ယုဇနဥယာဉ်မြို့တော်ရှိ ထိန်လင်း ကုသိုလ်ဖြစ်ဆေးကုခန်းဆိုင်းဘုတ်တင်ပွဲကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကျင်းပခဲ့
ကြောင်း သိရပါတယ်။

ယင်းအခမ်းအနားသို့ သရုပ်ဆောင်ပြေတီဦး၊ ကြည်ဖြူသျှင် တို့တက်ရောက်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်းသား များနှင့် တခြားဖိတ်ကြားထားသည့်အလှူရှင်းများတက်ရောက်ခဲ့ကြပါတယ်။






နံနက် ၉ နာရီတွင် မွေးနေ့ရှင်မင်းကိုနိုင်နှင့်မိခင်ကြီး၊ သရုပ်ဆောင်ပြေတီဦးနှင့် ရပ်ကွက်တာဝန်ရှိ သူတို့ က ထိန်းလင်းကုသိုလ်ဖြစ်ဆေးခန်း ဆိုင်းဘုတ်နှင့် မင်းကိုနိုင်မွေးနေ့ မှတ်တရ ကွန်ပြူတာ သင်တန်းတို့ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။




ထို့နောက်အခမ်းအနားကို ဆက်လက်ကျင်းပရာ မင်းကိုနိုင်၊ နာရေးကူညီမှုအသင်းမှ  ဒေါ်သန်းမြင့်အောင့် ထိန်းလင်းကုသိုလ်ဖြစ်ဆေးခန်း တာဝန်ရှိသူတို့က အမှတ်တရ စကားများ အသီးသီးပြောကြားခဲ့ကြပြီး အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများကိုပေးအပ်ခဲ့ကြပါတယ်။



ဆက်လက်၍ အခမ်းအနားတွင် မင်းကိုနိုင်အပါအ၀င်ကဗျာဆရာတို့က ကဗျာများကို အမှတ်တရရွတ် ဆိုကြပြီး၈၈မျိုးဆက်ကျောင်းသားများနှင့်B-G သွေး အကူအညီပေးရေးအဖွဲ့တို့က တေးသီချင်းများဖြင့်   
ဖျော်ဖြေခဲ့ကြကာ မင်းကိုနိုင်က တက်ရောက်လာသူများအား ၄င်း၏မွေးနေ့ကိတ် ကိုဝေမျှကြွေးရင်း အခမ်းအနားကိုရုပ်သိမ်းခဲ့ပါတယ်။ 

 

3 comments :

  1. May said... :

    Happy 50th Birthday Ko Min Ko Naing!
    I wish you to fulfill all of your wishes starting from this birthday
    as well as
    to satisfy and enjoy your wonderful lucky life for the great love of your father, mother, sisters and all people surrounding you.

  1. Anonymous said... :

    ဘကြီးရေ အသက်လည်းကြီးပြီ ယောင် ၆၀ လျှော့ပါဦး

  1. ယောင်၆၀ ဟုတ်၊ မဟုတ် ပြည်သူက ဆုံးဖြတ်ပါလိမ့်မယ်။ မင်းကိုနိုင်ကို တကမ္ဘာလုံးက သိပါတယ်။ အပေါ်ကလူက လူသိဖို့  နေနေသာသာ ကိုယ့်နာမည်တောင် ကိုဖော်မရေးရဲဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved