ပလိပ်အင်း ကာကွယ်ရေး မန္တလေးမှာ လှုံ့ဆော်

Friday, October 26, 2012




ရွက်စိမ်း ~



    မန္တလေးတိုင်း ဒေသကြီးအတွင်းမှာ    ရာသီပြောင်း ဆောင်းခိုငှက်များ နေထိုင်ကျက်စားရာ ပလိပ်အင်းကို ထိခိုက်ပျက်စီးမှုတွေကနေ ကာကွယ်ရေးအတွက် မြန်မာနိုင်ငံ ငှက်ဝါသနာရှင်အသင်းက လှုံ့ဆော်နေပါတယ်။

ဒီအင်းနဲ့ ပတ်သက်ပြီး   ဟောပြောပွဲ နဲ့ ဓါတ်ပုံပြပွဲကို ဒီနေ့ နဲ့ မနက်ဖြန်တို့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်လို့ အသင်းရဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

“ဒီပွဲက ငှက်အသင်းအနေနဲ့ ပထဆုံးအကြိမ် ကျင်းပတာပါ။ မန္တလေးဒေသမှာ ရှိတဲ့ ပလိပ်အင်းက မထိန်းသိမ်းရင် ပျက်စီးမှု ကြုံတော့မှာ ဖြစ်လို့ အင်းကို ထိန်းသိမ်းဖို့အတွက် လုပ်တာပါ” လို့ သူက ပြောပါတယ်။

    ပလိပ်အင်းက မန္တလေးတိုင်း၊ တံတားဦး မြို့နယ်ထဲမှာ တည်ရှိပါတယ်။ ဆောင်းခိုငှက်တွေ အများဆုံး လာရောက် ကျက်စားတဲ့ အင်းကြီးတခုလို့ သိရပါတယ်။


“ပလိပ်အင်းမှာ ဆိုရင် ဆောင်းခိုငှက်တွေ ရှားပါးတဲ့ ငှက်မျိုးစိတ်တွေကို တွေ့မြင်နိုင်ပါတယ်။ ဒီ ဇီဝမျိုးစုံ မျိုးကွဲတွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့အတွက် သူတို့ နေထိုင်ကျက်စားတဲ့ ဒီအင်းတွေကို ထိန်းသိမ်း စောင့်ရှောက်ရမှာဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

 ပလိပ်အင်းမှာ ငှက်မျိုးစိတ်ပေါင်း ၃၇ မျိုးခန့် လာရောက်ကျက်စားကြတယ်လို့ ငှက်အသင်းက ပညာရှင်တွေ လေ့လာချက်အရ သိရပါတယ်။

    အောက်တိုဘာ ၂၆၊   ၂၇ ရက်မှာ ကျင်းပမယ့် ပွဲမှာတော့ ဒေသခံများကို ပလိပ်အင်း မပျက်စီးစေဖို့အတွက် ထိန်းသိမ်း ကာကွယ်ကြရေး  ဟောပြောပွဲ ကျင်းပမယ်၊  ပလိပ်အင်းဝန်းကျင် ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကိုပါ ပြသသွားမယ်လို့ အထက်ပါ အသင်းက ပြောပါတယ်။

မန္တလေး Oriental House ခန်းမမှာ ပြုလုပ်မယ်လို့ သိရပါတယ်။















-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved