မြောင်းတကာကျောင်းမြေ ၁ ဧကကျော် ပျောက်ဆုံး

Monday, October 8, 2012


ဓါတ်ပုံ- စည်သူ 
  အဲမလီ 

မှော်ဘီမြို့နယ် ရန်ကုန်-ပြည်လမ်းဘေးရှိ မြောင်းတကာစံပြကျေးရွာ အမှတ်(၁) ရပ်ကွက် အ.မ.က  
အောင်မင်္ဂလာ ကျောင်းမြေ ၂.၇၅ ဧကကို လယ်သမားကြီး ဦးအောင်သန်းက ကျောင်းဆောက်ဖို့ လှူဒါန်း ခဲ့ပြီး ၁၉၉၂ခုနှစ် အောက်တိုဘာလ ၂၇ရက်နေ့မှာ ရန်ကုန်တိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က လန/ ၃၉နဲ့ ကျောင်းဆောက်ခွင့်ပြုခဲ့ပါတယ်။ 







၂၀၀၈ခုနှစ်မှာတော့ အမှတ်(၂) သံမဏိစက်ရုံက စက်ရုံပိုင်မြေအဖြစ် ကျောက်တိုင်တွေ စိုက်ထူ ခဲ့ပါတယ်။ ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုဝေက ကျောင်းမြေပေါ်မှာ မစိုက်ထူဖို့ တားမြစ်ခဲ့ပေမယ့် အထက်အမိန့်နဲ့ စိုက်ထူတာလို့ ပြောဆိုခဲ့တယ်တဲ့။ 





လန/၃၉ ကျပြီးတည်းက ရပ်မိရပ်ဖတွေ ၀ိုင်းဝန်းပြီး မူလတန်းကျောင်းလေး ဆောက်လုပ်ခဲ့တာပါ။ ကလေးကစားကွင်းနဲ့ တိုးချဲဆောင်ဆောက်မယ့် မြေတွေကိုတော့ ငွေကြေးအခက်ခဲတွေကြောင့် ခြံစည်းရုံး မကာရံနိုင်ဘူးလို့ ကျောင်းအကျိုးတော်ဆောင်တွေက ရှင်းပြပါတယ်။ 

 ကျောင်းမြေကို စတင်ကျူးကျော် ချိန်မှာ မြို့နယ်ပညာရေးမှူးနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကို တင်ပြခဲ့ပေမယ့် ဖြေရှင်းဆောင်ရွက်ခြင်း မရှိခဲ့ပါဘူး။ 




 ၂၀၁၂ မတ်လပိုင်းမှာတော့ အရက်ဘီယာတွေ ဝေစည်နေတဲ့ နေညိုချိန်လို့ခေါ်တဲ့ စားသောက်ဆိုင် တဆိုင်နဲ့ သံမဏိမောင် ကားဝပ်ရှော့လုပ်ငန်းက   နေရာယူလာပြီ   ဖြစ်ပါတယ်။ 

  ကျောင်းမြေ မပျောက်ဆုံးရအောင် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ နဲ့ မိဘဆရာအသင်းသားတွေ ရပ်မိရပ်ဖတွေက မြို့နယ်အဆင့်ဆင့်ကို ထပ်မံတင်ပြထားပေမယ့် ဒီနေ့အထိ ထူးခြားမှုမရှိဘဲ   ဖြစ်နေပါတယ်။ 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved