ကြေးမုံထဲက နန်းခင်ဇေယျာ

Monday, October 8, 2012


 နန်းခင်ဇေယျာ (ဓာတ်ပုံ - MI 2012)

အိုကီနာဝါ နိုင်ငံတကာမယ်ပြိုင်ပွဲကို မြန်မာပြည်က ၀င်တဲ့အကြောင်း ဒီကနေ့ ကြေးမုံသတင်းစာ နောက်ကျောဖုံးမှာ ဖော်ပြထားပါတယ်။

ဒါဟာ နိုင်ငံတကာမယ်ပွဲတွေကို  မြန်မာပြည်က နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် ၀င်ရောက်ခြင်းပါပဲ လို့ ရေးထားပါတယ်။

မြန်မာပြည်ကိုယ်စားပြု ၀င်ပြိုင်တဲ့ အသက် ၂၃ နှစ်အရွယ် နန်းခင်ဇေယျာက အင်္ဂလိပ်၊ ဂျာမန် အထူးပြု ဧည့်လမ်းညွှန်ဖြစ်ပါတယ် တဲ့။ 




အွန်လိုင်းသုံး၊ ဂျာနယ်ဖတ်သူများကတော့ ဒီသတင်း သိပြီးဖြစ်ကြမှာပါ။
သတင်းစာမှာ အခုလို ဖော်ပြလိုက်တဲ့အတွက် မြန်မာပြည်အနယ်နယ်အရပ်ရပ်မှာ ဒီအကြောင်းကို ပိုပြီး သိရှိလာကြတော့မှာ ဖြစ်ပါတယ်။

ကြေးမုံသတင်း စာမျက်နှာ ၁
 စာမျက်နှာ ၂

 









-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved