ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်

Monday, October 15, 2012

~



ဒီမနက် ပါတီညီလာခံတက်သူတွေကို သွားရောက်နုတ်ဆက်နေတဲ့ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန် (ဓာတ်ပုံများ -  ကောင်းညီဟန်/ဧရာဝတီ)

သမ္မတဦးသိန်းစိန်က ကြံ့ခိုင်ရေးပါတီမှာ ဥက္ကဋ္ဌ  တာဝန်ထမ်းဆောင်လို့ မရဘူး။ သို့သော်လည်း နိုင်ငံတကာလိုပဲ - ပါတီဥက္ကဋ္ဌနေရာမှာ ဆက်ရှိနေပါမယ် တဲ့။ ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဧရာဝတီကို ပြောပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၄ အရ သမ္မတဦးသိန်းစိန်က နိုင်ငံရေး ပါတီဥက္ကဋ္ဌ တာဝန်ထမ်းဆောင်လို့ မရဘူး။
သို့သော်လည်းပဲ နိုင်ငံတကာမှာလည်းပဲ ရှိပါတယ်။ ဥက္ကဋ္ဌတာဝန်ပေးထားတယ်။ သူ့တာဝန်ကိုတော့ ကျန်တဲ့သူက တွဲလုပ်ရမှာပေါ့။ သူမှ မလုပ်နိုင်တာပဲ။
ပါတီဥက္ကဋ္ဌနေရာမှာ သမ္မတကြီးဦးသိန်းစိန် ဆက်ရှိနေမှာပါ"

အင်တာဗျူးအပြည့်အစုံကို - http://burma.irrawaddy.org/archives/22847 မှာ ဖတ်ရှုနိုင်ပါပြီ။

`နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများသည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ´ 
အခြေခံဥပဒေ ပုဒ်မ (၆၄)



ပါတီဥက္ကဋ္ဌတာဝန်ကိုပဲ ယူထားတာပါ၊ ပါတီလုပ်ငန်း ပါဝင်ဆောင်ရွက်တာ မဟုတ်ပါဘူး တဲ့။ 








-

1 comments :

  1. Anonymous said... :

    သူတို့ ညောင်နှစ်ပင်မှာ သေနတ်နဲ့ထောက်၊ ကိုယ်စားလှယ်တွေ ခေါင်းခေါက်ရွေး။ စစ်တပ်ထာဝရအုပ်စိုးရေး အခြေခံဥပဒေကြီးကိုတောင် အလေးမမူတော့ပါလား။
    ပါတီနဲ့မပတ်သက်ဘို့ အတိအကျဆွဲထားတဲ့ စည်းမျဉ်းရှိပါလျက်နဲ့ ဖောက်ဖျက်တာ သမတကြီးအနေနဲ့ မလုပ်သင့်ပါ။
    ဒါပေမဲ့လဲ ကြံ့ခိုင်ေ၇းသမိုင်းကြောင်းက မကောင်းခဲ့လေတော့ ထင်ရာလုပ်၊ ထင်ရာပြော။ပြည်သူ့ဘဏ္ဍာနဲ့ အနိုင်အထက်ဆောက်လုပ်ထားတဲ့ ရုံးချုပ်ကြီးမှာ့ ဖွဲ့စည်းပုံချိုးဖောက်မှုကြီးကို ပြုလုပ်လိုက်ပြန်လေပြီ။
    ထင်ရာစိုင်း မဆလကြီး ပြိုလဲပြီး ယခုတိုင် တစညတို့ နလံမထူနိုင်သည်ကို သင်ခန်းစာယူရမှန်းမသိသော ဘောင်းဘီချွတ်တို့၏ ကြံ့ဖွတ်ပါတီကြီးကား ကျဆုံးခန်းရောက်တော့မည်မှာ မလွဲဧကန်ပင် နီးကပ်လာချေပြီ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved