နိုင်ငံတကာ မျက်မမြင် လမ်းလျှောက်တုတ်နေ့

Monday, October 15, 2012


 ဓာတ်ပုံ-ဧရာဝတီ
သတင်းရေးသားသူ - ကြယ်ပြာ~

အောက်တိုဘာ၁၅ ရန်ကုန်မြို့တွင် ယနေ့ပြုလုပ်သော နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့တွင် တစ်နိုင်ငံလုံးရှိမျက်မမြင်ကျောင်းများက ကျောင်းသားပေါင်း ၈၀၀ ခန့်စုဝေးလမ်းလျှောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ စစ်ကိုင်း၊ မုံရွာ၊ ပြင်ဦးလွင်၊ ရမည်းသင်း၊ မိထ္ထီလာမြို့များက ကျောင်းများနှင့် ရန်ကုန်မြို့   ပေါ်ရှိကျောင်းများ၊ စုစုပေါင်း ၁၄ ကျောင်းတို့ဖြစ်ပြီး၊၎င်းတို့အား ဘေးကနေ လိုက်ပါကူညီသူပေါင်း ၃၅၀ ခန့် ပါဝင်သည်။နံနက်၆ နာရီခွဲမှစ၍ ပြည်သူ့ရင်ပြင်ရှေ့ကနေလမ်းလျှောက်ခဲ့ကြပြီး၊မြို့တော်ခန်းမ၌ လမ်းလျှောက်ပွဲပြီးဆုံးသည်။

 " ကျောင်းထဲမှာလမ်းလျှောက်ရတာက သူတို့အတွက်မဆန်းဘူး ခုလိုမျိုးအုပ်စုလိုက်ကြီးအပြင် ကိုဒုတ်ကောက်  လေးတွေနဲ့ထွက်ပြီးလမ်းလျှောက်ရတာဆိုတော့ ကြောက်တဲ့ကလေးတွေကကြောက်နေကြတယ်။ရန်ကုန် ရောက်တော့သူတို့လို ကလေးတွေအများကြီးတွေ့ကြရတော့ ညဘက်တွေမအိပ်ဘဲစကားတွေပြောနေကြတယ် " ဟု စစ်ကိုင်းမြို့ မျက်မမြင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြသူကပြောသည်။ 

 နယ်တွေကနေ လိုက်ပါလမ်းလျှောက်လိုသောကလေးများ ပိုများကြောင်း၊ကလေးများက လမ်းလျှောက် ရာတွင် စိတ်အားထက်သန်ပြီးပြေးသည့် အတွက် ဘေးမှနေသတိထားပြီး ထိန်းပေးနေ ရကြောင်းနှင့် လမ်းတစ်လျှောက် တွင် ကလေးများအား စေတနာရှင်များကနေ မုန့်၊အအေးဘူးများလှူဒါန်းကြပြီး ၀င်ရောက် ကူညီသူများပါ အများကြီးရှိခဲ့ကြောင်း ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မော်မော်ဦးကပြောသည်။ 



ယနေ့ပြုလုပ်သောပွဲအား ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ပူးပေါင်း ဆောက်ရွက်ခဲ့ကျပြီး   စေတနာရှင်များ ၏လှူဒါန်းငွေကျပ်သိန်းပေါင်း ၃၃၄ သိန်း နှင့်ပစ္စည်း ၆၇ သိန်းဖို့ ရရှိခဲ့ ကြောင်းနှင့် ယင်းငွေများအား သက်ဆိုင်ရာကျောင်းများအား   ပြန်လည်ပေး အပ်သွားမည်ဟု သိရသည်။ 

 " ဒီပွဲလုပ်ဖို့အတွက် တစ်လလျှောက်ကြိုပြီးတော့ လမ်းတွေကို မြေညှိထားရတယ်၊၁၄ ရက်နေ့ညထဲက လမ်းပေါ်မှာညအိပ်ရပ်နားထားတဲ့ကားတွေအားလုံးကို ဖယ်ခိုင်းထားခဲ့ပါတယ်၊ ဒီမနက် အတွက် တော့   မော်တော်ပီကယ်တွေကိုခေါ်ပြီးတော့ လိုင်းကားတွေကို ပွဲမပြီးခင် လမ်းကြောင်းပြောင်းပြီးတော့   မောင်းခိုင်းထားပါတယ်" ဟု နိုင်ငံတကာမျက်မမြင်လမ်းလျှောက်တုတ်နေ့ကျင်းပရေးကော်မတီဥက္ကဌ ဦးလင်းထွန်းမြင့်က ပြောသည်။ 

 မျက်မမြင်များအား ပြည်သူများမှ သတိထားမိပြီးကူညီပေးစေနိုင်ရန်အဓိကရည်ရွယ်ပြီး ၎င်းမျက်မမြင် လမ်းလျှောက် တုတ်နေ့အား ၁၉၉၂ ခုနှစ်က စတင်ပြီးကျင်းပခဲ့ကြောင်း၊ ပထမဆုံးအကြိမ်က လူပေါင်း၁၀၈ ယောက်သာ ပါဝင်ခဲ့သည်။ 





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved