နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဦးသိန်းစိန်?

Tuesday, October 9, 2012

-

ဒီနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေးဆု ဘယ်သူရမယ်ဆိုတာကို ခန့်မှန်းနေကြချိန်မှာ ဆုရနိုင်ချေရှိသူတွေထဲ သမ္မတဦးသိန်းစိန်လည်း ပါဝင်နေတယ်လို့ AFP သတင်းတပုဒ်က ဆိုပါတယ်။

ဦးသိန်းစိန်ရဲ့ တနှစ်ကျော်ကြာ သမ္မတသက်တမ်းအတွင်း ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်တွေထဲမှာ လက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာ၊  ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ် စကားပြောပြီး လွှတ်တော်ထဲရောက်အောင် စီစဉ်ပေးတာတွေက အထင်ကရ အချက်တွေပါ။

အငြင်းပွားဖွယ် မြစ်ဆုံရေကာတာ စီမံကိန်း၊ ရခိုင်ဒေသ ပဋိပက္ခတို့နဲ့ ပတ်သက်တဲ့ သူ့ရဲ့ ပြောဆိုချက်တွေကြောင့်  မြန်မာပြည်တွင်းမှာ သူ့ကို ထောက်ခံသူ အများအပြား ပေါ်ပေါက်နေပါတယ်။

နိုင်ငံတကာမှာ ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်နေသူတွေ အများအပြား ရှိပါတယ်။ အဲဒီထဲက တယောက်ကို ဒီနှစ်အတွက် ငြိမ်းချမ်းရေးဆု ပေးအပ်ဖို့ နိုဗဲလ်ဆု ကော်မတီက အပြီးသတ် ရွေးချယ် ဆုံးဖြတ်တော့မှာပါ။

သူတို့ရွေးချယ်လိုက်တဲ့သူဟာ ဦးသိန်းစိန်လည်း ဖြစ်နိုင်သလို တခြား ငြိမ်းချမ်းရေးဖော်ဆောင်နေသူတဦးလည်း ဖြစ်နိုင်ပါတယ်။

ဧရာဝတီဘလော့ စာဖတ်သူများကရော ဘယ်လို ထင်ပါသလဲ။

သမ္မတဦးသိန်းစိန် နိုဗဲလ်ငြိမ်းချမ်းရေးဆု ရသင့်သလား ဆိုပြီး  ဒီဘလော့မှာ  စစ်တမ်းတခု ကောက်ယူနေပါတယ်။ လတ်တလော ရရှိတဲ့ သဘောထားတွေက ဒီလိုပါ -

ရသင့်ပါတယ်။  50%  (45 votes) 

မရသင့်ပါဘူး။  38.89%  (35 votes) 

စိတ်မ၀င်စားပါ။  11.11%  (10 votes) 

 Total Votes: 90

ဒီ စစ်တမ်းကို ၃ ရက်ကြာ ကောက်ယူမှာ ဖြစ်ပါတယ်။ View Results ကို နှိပ်ပြီး စစ်တမ်းရလဒ် နောက်ဆုံးအခြေအနေကို ကြည့်ရှုနိုင်ပါတယ်။
 














- 

9 comments :

  1. Anonymous said... :

    အမေစုတောင်အိမ်ထဲမှာ နေရင်းရ သေးတာဘဲ. ဘစိန် ကပိုပြိံးတောင် ရ သင့်တာပေါ့

  1. Anonymous said... :

    ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမတ ဖြစ်သင့်သလား ဆိုတဲ့ စစ်တမ်းကောက်ယူမှုလည်း လုပ်ပါအုံး ဧရာဝတီ...

  1. Anonymous said... :

    အရင်ဦးဆုံးစဉ်းစားရမှာက သူ့ လက်မှာ စွန်းနေတဲ့ ရွှေဝါရောင် ရဟန်းတော်တွေရဲ့ သွေးတွေ အနီးစပ်ဆုံး ၈၈ ကစလို့ ဒီနေ့ အထိပေးဆပ်ခဲ့ရတဲ့ ရဟန်းရှင်လူ ပြည်သူအပေါါင်းရဲ့  သွေးစက်တွေနဲ့  ပျက်ခဲ့ရတဲ့ ဘ၀တွေ ဒါတွေ အားလုံး ခြောက်သွားပြီလား. ပျောက်သွားပြီလား တကယ်ရော မေ့ပျောက်လို့ ရအောင် ရှော်ပေးလို့ ရလောက်အောင် ဗမာပြည်ကြီးက ငြိမ်းချမ်းပြီ ဒီမိုကရေစီရရှိနေပြီလား။ ငြိမ်းချမ်းရေးဆိုပြိးတိုင်းထလုအရူးထချင်တိုင်းထလို့ မရဘူး။

  1. Anonymous said... :

    နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ မေးတာကို မလွှတ်နိုင်သေးဘူး ရာဇဝတ်သမားတွေလို့  ပြောခဲ့ပါတယ်။ ဒါကို ကြည့်ရင် ဦးသိန်းစိန် တို့ လက်ရှိအချိန်မှာ ရိုးသားပါတယ်လို့  ပြောဖို့ စောပါသေးတယ်။ အပြောနှင့် အလုပ် ခံယူချက် မညီသေးပါ။

    ခိုးဆိုးလုယှက် သူတွေကိုတော့ ရာချီထောင်ချီ လွှတ်ပေးခဲ့ပါတယ်။ လွှတ်ပေးတဲ့ အခါတိုင်းမှာ နိုင်ငံတကာ အခမ်းအနားတွေ ခရီးစဉ်တွေနဲ့ တိုက်ဆိုင်နေတာမို့  ဖြူစင်မှု့ ကင်းမဲ့နေပါတယ်။

    ပြီးခဲ့တဲ့ စစ်အစိုးရ အဆက်ဆက် ပြုလုပ်လာခဲ့တဲ့ ပြစ်မှု့ တွေအတွက် ပြည်သူကို တောင်းပန် မလားလို့  ဘီဘီစီ မီဒီယာ နှင့် မေးမြန်းခန်းမှာ ဦးသိန်းစိန်က သူနှင့် မဆိုင်ပါဘူးဆိုပြီး ဖြေကြားခဲ့ပါတယ်။

    ဝန်ကြီးချူပ် တာဝန်ကို ယူခဲ့သလို အာဏာရှိခဲ့တဲ့ စစ်ဗိုလ်ချူပ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ကြံ့ဖွတ်ရွေးကောက်ပွဲက စစ်မှန်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်ခဲ့သလို လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ သမ္မ မဟုတ်ပါဘူး။ ကြံ့ခိုင်းရေးပါတီ နှင့် စစ်အုပ်စုက ရွေးချယ်ပြီး ဖြစ်လာတဲ့ သမ္မတပါ။

    ဦးသိန်းစိန်ရဲ့ လက်ရှိပြောင်းလဲ မှု့ လုပ်ဆောက် ချက်တွေ ဟာ အမှန်တကယ် အရေးကြီးတာကို ထောက်ခံပါတယ်။ လုံလောက်တဲ့ ပြောင်းလဲမှု့  အစစ်အမှန် မဖြစ်သေးပါဘူး။

    ဒေါ်အောင်ဆန်းဆုကြီးရဲ့ ပေးဆပ် အနစ်နာခံမှု့ ၊ ဗမာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်မှု့ ၊ နိုင်ငံတကာ အလယ်မှာ တင်တင်တယ်တယ် နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့မှု၊ ရဲရင် ပြတ်သားမှု၊ အသက်ကို စတေးပြီး သီးခံခွင်လွှတ်နိုင်မှု့  တွေနဲ့ ယှဉ်ထိုးကြည့်မယ်ဆိုရင် ဦးသိန်းစိန် အနေနဲ့ အများကြီး တိုင်ပြည်ကို ချစ်ပြ ဖို့  စွန့် စားဖို့  လိုပါသေးတယ်။

    နိုဘယ်ဆု ကို တကယ်ပေးစေချင်တယ်ဆိုရင် ပေးသင့်ပေးထိုက်တဲ့ အချိန်၊ ရိုးသားကြိုးစား၊ ရဲရင့်ပြတ်သားပြီး ပြည်သူနှင့် နိုင်ငံတကာ အကျိုး သည်ပိုးနိုင်ဖို့ လို ပါတယ်။

    အခုမှ လမ်းကြောင်းပေါ်တက်ခါစရှိသေးသလို ဒီလမ်းကြောင်းပေါ်ရောက်လာတာကလည်း အကြောင်းတရားတွေ ခိုင်ခိုင်မာမာရှိပါတယ်။ နိုင်ငံတကာ ဖိအား၊ တိုင်းပြည်ဆင်းရဲ မွဲတေမှု့ ၊ ပိတ်ဆို့ ဒဏ်ခပ် အရေးယူမှု့ ၊ နိုင်ငံတကာမှာ မျက်နှာပန်း မလှတာတွေကြောင့် စသည်ဖြင့် မဖြစ်မနေ မပြောင်ချင်ပြောင်ချင်နဲ့ ပြောင်လဲမှု့ လမ်းစပေါ်တက်ခါ စ အချိန်သာရှိပါသေးတယ်။ SNM

  1. Anonymous said... :

    Too early to support. Who can say that he is not going to reverse? ALWAYS REMEMBER HOW HE BECAME A PRESIDENT.

  1. Anonymous said... :

    Right!

  1. Anonymous said... :

    ဟုတ်ပါတယ် "အမေစုတောင် အိမ်ထဲမှာနေရင်း ရသေးတာ ဘစိန်က ပိုပြီးရသင့်တယ်" ဆိုတာ။
    Comment ရေးတဲ့ ကိုယ့်လူ တော်တယ်။

  1. Unknown said... :

    အထက်ပါ ရေးသားချက်သည် မှန်ကန်ပါသည်။

  1. Anonymous said... :

    Right, HOW DID HE BECOME A PRESIDENT UNDER WHICH CONSTITUTION?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved