ဆံကေသာကျွတ်လို့ စိတ်ပျက်နေသူများအတွက်

Wednesday, October 10, 2012




ဆံပင်ရှည်ထားတဲ့ သူတိုင်း ဆံကေသာ ကျွတ်မှုနဲ့တွေ့ ကြုံတွေ့ရတာ လူတိုင်းပါဘဲ။ ဆံပင်ကျွတ်တဲ့ ဒုက္ခ ခံစားနေရသူတွေအတွက် နည်းလမ်းကောင်းလေးတွေကိုမျှဝေ ပေးလိုက်ပါမယ်။ ဆံပင်ကျွတ် တာတွေ ဖြစ်ရတာကတော့ ယနေ့ ခေတ်မှာ မိန်းကလေးတော်တော်များများဟာ ဆံပင်ကို နည်းမျိုး  စုံနဲ့ ပြုပြင် ကြပြီး ဆံပင်ကောက်၊ ဖြောင့်၊ ဆေးစိုး အစရှိတာတွေကို ပြုလုပ်ကြပါတယ်။ 

ဓာတု ဆေးတွေကြောင့် ဆံကေသာ ဦးရည် ဟာ ဆေးဒဏ်ကို မခံနိုင်မှုကြောင့် ဆံပင်ကျွတ်ခြင်း၊ သန္ဓေတားဆေး သုံးစွဲခြင်းကြောင့် ကျွတ်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ် ဆံပင်ကျွတ်ခြင်း၊ conditioner သုံးတဲ့အခါ ဦးရည် အရင်းထိ သုံးမိတတ်ရင်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ ဆံပင်ကျွတ်တာကတော့ နည်းအမျိုးမျိုးရှိကြပါတယ်။

 ခေါင်းလျှော်ရည် သုံးတဲ့အခါမှာလဲ ကိုယ့်ဦးရည်နဲ့ တည့်မတည့် ကို သိနိုင်အောင်လုပ်ရမယ်။ အခုပေးမယ့် နည်းလေးကတော့ လူတိုင်း လုပ်နိုင်လိမ့်မယ်လို့လည်း ထင်ပါတယ်။ ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်း ကောင်းလေးကတော့ ခေါင်းလျှော်တဲ့အခါတိုင်း ဆန်ဆေးရည်နဲ့ ဆံပင်ကို လျှော်ပေးရမှာ   ဖြစ်ပါတယ်။ 

 ခေါင်းမလျှော်ခင် ကိုယ့် ဆံကေသာကို သံလွင်ဆီးဖြင့် အရင် လိမ်းပေးထားလိုက်ပါ။ အိပ်ယာမ၀င်ခင် ဆံကေသာကို တစ်ညတာ သံလွင်ဆီိ လိမ်းထားပေးရင် ပိုကောင်းပါတယ်။ ဆန်ဆေးရည်နဲ့ ခေါင်းလျှော်တဲ့ အခါမှာ သဘာဝ ခေါင်းလျှော်ရည် တမျိုးနဲ့ တွဲဖက်ပြီးလျှော်ရင် ပိုကောင်းပါတယ်။ တရော် ကင်မွန်းနဲ့   လျှော်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးနည်းလမ်းပါဘဲ။ 

တချို့ တရော်ကင်မွန်း မရှိတဲ့ အရပ်ဒေသကို ရောက် နေသူတွေ အတွက်ကတော့ ကိုယ့်ဦးရည်နဲ့ တည့်မယ့် ခေါင်းလျှော်ရည်ဖြင့် တွဲသုံးပြီးလျှော်နိုင်ပါတယ်။ ဆန်းဆေးရည်မှာပါတဲ့ ဓာတ်က ဆံကေသာ ကျွတ်ခြင်းကို ထိန်းသိမ်းကာကွယ်ပေးပါတယ်တဲ့။ ဆန်းဆေးရည်က ဦးရည် ကို အေးမြစေပြီး ဆံကေသာ သန်မာလာအောင်လည်းပြုလုပ်ပေးနိုင်ပါတယ်တဲ့။

 ဒါကြောင့် ဆံပင်ကျွတ်လို့ စိတ် အနှောင် အယှက် ဖြစ်နေသူများအတွက် နည်းလမ်းကောင်းလေး   ဖြစ်နိုင်လိမ့်လို့ မျှော်လင့်ပါတယ်။ သိထားတဲ့ နည်းလမ်းကောင်း လေးတွေကိုလည်း မျှဝေပေးလိုက်တာပါ။

ဆံပင်ဖြူသူတွေ အတွက် နည်းလမ်းကောင်းတခု 

ဒီနည်းလေးကတော့ လွယ်ကူမယ်လိုလည်း ထင်ပါတယ်။ ယမနေသီး အစံကို ရှုပေးရင် ဆံပင်ဖြူမှုကို ကာကွယ်ပေးပါတယ် တဲ့။

 ထူးဆန်းတဲ့ နည်းလေးဘဲနော်။ ဘာကြောင့်လည်းဆိုတော့ ဆံပင်ကို လူးလိမ်းစရာမလို့ဘဲ ရှုရှိုက်ပေးရတဲ့ နည်းလမ်း လေး မို့ပါ။ နောက် တမျိုးကတော့ ကြိတ်မှန်ရွက်ကို ထောင်းပြီး ရှုပေးရင်လည်း ဆံပင်   ဖြူတာတွေကို ကာကွယ်ပေးပါတယ်တဲ့။

 နောက်တနည်း လုပ်လို့ရတာကတော့ အရွက်ကိုထောင်းပြီး ဆံပင်ကိုလိမ်းပေးနိုင်ပါတယ်တဲ့။ သိထားတဲ့ နည်းကောင်း   လေးတွေမလို့ မျှဝေပေးလိုက်တာပါ။ ကြိတ်မှန်ရွက်က ဆံပင်အတွက်တင်မကပါ   ဆေးဖက်ဝင် အပင်ဖြစ်တဲ့အတွက် အစားအသောက်နဲ့ တွဲဖက်ချက်ပြုတ်လို့ရပါသေးတယ်။ 



  မိန်းကလေးများအတွက် ရာသီလာစဉ် ဖြစ်ပေါ်တတ်တဲ့ ရောဂါများ၊ ရာသီထိမ်မှုတွေကိုလည်းပျောက် ကင်းစေပါတယ်။ တို့စရာ အဖြစ်လည်း တို့စားလည်းကောင်းပါတယ်။ ထိခိုက်ဒဏ်ရာ ရခဲ့ရင်လည်း ပွတ်တိုက်လိမ်းပေးရင်လည်း အမာရွတ်ကို ပျောက်ကင်းစေပါတယ်။

 အိမ့်သံစဉ်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved