ရခိုင်ပြည်နယ် ကျောက်ဖြူ လူမှု ကွန်ရက်အဖွဲ့က လတ်တလောဖြစ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ
ကြောင့် ထိခိုက်ဒဏ်ရာ ရ၍ ဆေးဝါးကုသမှု ခံယူနေရတဲ့သူတွေကို တတ်စွမ်းသလောက် ကူညီပံ့ပိုးမှုတွေ လုပ်ဆောင်နေပါတယ်။
အခုလို ကျောက်ဖြူ လူမှု ကွန်ရက်က ကူညီပံ့ပိုးမှုတွေကို လုပ်ဆောင်ခဲ့တဲ့ ၄၁ ဦးဟာလည်း ဆေးရုံက ဆင်းသွားနိုင်ခဲ့ပြီလို့ သိရပါတယ်။
အဲဒီ ၄၁ ဦးကို ကူညီခဲ့တဲ့ မှတ်တမ်းတွေလည်း ဆရာဝန် ထောက်ခံချက်ရပြီးနောက် ထပ်မံ ဖော်ပြသွားဖို့ ရှိပါတယ်။ ဆရာဝန်ထံက စာရင်းမရသေး၍ စောင့်ဆိုင်းနေခြင်းဖြစ်ပါတယ်တဲ့။
မောင်ကျော်စိုးနိုင် (ဦးကျော်ထွန်းလှ၊ ဒေါ်ခင်ဝင်း) တပ်တောင်(အမ်း) ၁၀၀၀၀၀ ကျပ်။
(ပါးအောက် ဂျင်ဂလိ ဒဏ်ရာ) ဒေါက်တာထွန်းမြင့် အဆိုအရ အာရုံကြောနှင့်နီးသဖြင့်စိုးရိမ်ရသည်ဟု ဆို သည်။ ဆရာဝန်ထောက်ခံစာရပြီလျှင် ရန်ကုန်ပို့ပါမည်၊)
၃။ ဦးချမ်းနုအောင် ( ဦးလုံးညို ၊ ဒေါ်ရွှေမဖြူ) ပြင်ဖြူမော် ၁၀၀၀၀၀ ကျပ်။ (ခေါင်း၊ခါး၊ ခြေထောက်ဒဏ်ရာ) ခါးဒဏ်ရာ ပိုဆိုး
မောင်ကောင်းမြတ်ကျော် -ဦးမောင်ဟန်၊ ဒေါ်တင်ညွှန့် အရှေ့ပိုင်းပိတ်ဆိပ် ၁၀၀၀၀၀ ကျပ် (မီးလောင် ဒဏ်ရာများ)
ကျောက်ဖြူ လူမှု ကွန်ယက်အဖွဲ့
၂၄၊၁၀၊၂၀၁၂
0 comments :
Post a Comment