တူရကီ C-130 စစ်လေယာဉ် နောက်ဆက်တွဲ

Saturday, October 27, 2012

မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်တွင် ရောက်နေသော  C-130 တူရကီ စစ်လေယာဉ် တစီး၊ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ
 
တူရကီ နိုင်ငံက C- 130 စစ်လေယာဉ်ကြီး ၂ စီး ရောက်နေတာကို မြန်မာ့အသံ ယမန်နေ့ည ၈ နာရီ သတင်း က ဘာကြောင့် ရောက်နေတယ်ဆိုတာကို ရှင်းလင်း ကြေညာပေးခဲ့ပါတယ်။ 

ရခိုင်ပြည်နယ်က ဒုက္ခရောက်နေသူတွေအတွက် လူမျိုး၊ ဘာသာမခွဲခြားပဲ တူရကီက ထောက်ပံ့တဲ့ ပစ္စည်း 
တွေ သယ်လာတာဖြစ် တယ်လို့ ပြောဆိုပြီး အဲဒီ တူရကီက ကူညီထောက်ပံ့တဲ့ ပစ္စည်းတွေကို စစ်တွေ ကို မြန်မာ့ လေကြောင်းလိုင်းနဲ့ ထပ်မံ သယ်ပို့ခဲ့ ပြီး မြန်မာ တာဝန်ရှိသူတွေက စနစ်တကျ လက်ခံ လွှဲပြောင်းခဲ့တယ်လို့ ဆိုပါတယ်။ 




အခုတော့ ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ သတင်းစာတွေမှာတော့ ဒီသတင်းကို ဓာတ်ပုံတွေနဲ့ တကွ ဖော်ပြ အသိပေးလာ ပါတယ်။ 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved