ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ကန် ဒေါ်လာ ၁ သန်းဆု ရ

Friday, October 5, 2012

လွန်ခဲ့သည့် စက်တင်ဘာလ ၂၁ ရက်နေ့က နယူးယောက်မြို့ရောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂြိုလ်တု ဆက်သွယ်ရေးမှ တဆင့် စကားပြောနေသော ဘုန်းတော်ကြီး ဒက်စမွန်တူတူး၊ ဓာတ်ပုံ- CNN 

ဘီလျံနာ သူဌေးကြီးတဦးရဲ့ ဖောင်ဒေးရှင်းက တောင်အာဖရိကနိုင်ငံက ဘုန်းတော်ကြီး ဒက်စမွန် တူးတူး ကို အမေရိကန် ဒေါ်လာ ၁ သန်း ဆု ပေးအပ်မယ်လို့ ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့က ကြေညာ လိုက်ပါတယ်။ 

သူ့ရဲ့ ဘ၀ တလျှောက်တာလုံးမှာ အမှန်တရားကို ယုံယုံကြည်ကြည် အခိုင်အမာ တစိုက်မတ်မတ် အမှန် တရားအတွက် ပြောဆိုနေသည့် စွမ်းပကား အတွက် အခုလို ဆုချီးမြင့်တာ ဖြစ်တယ်လို့ အာဖရိက တိုက် မှာ ကောင်းမွန်သော အုပ်ချုပ်မှု တိုးတက် ဖြစ်ထွန်းရေး ကြိုးစားလုပ်ဆောင်နေတဲ့ ဆူဒန်နိုင်ငံဖွား ဘီလျံနာ သူဌေးကြီး Mo Ibrahim တည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းက ကြေညာလိုက်တာ ဖြစ်ပါတယ်။

ဘုန်းတော်ကြီး ဒက်စမွန်တူးတူးဟာ အသားအရောင် ခွဲခြားမှု ဆန့်ကျင်သည့် ခေါင်းဆောင် တဦးလည်းဖြစ် သလို ငြိမ်းချမ်း ရေး နိုဗဲလ်ဆုရှင် တဦးလည်းဖြစ်ပြီး အာဖရိကတိုက်မှာ ပွင့်ပွင့်လင်းလင်း ပြောတဲ့ နေရာမှာ လည်း နံမည်ကြီးပါတယ်။ 

၂၀၀၃ ခု နှစ်က အီရပ်စစ်ပွဲ အတွက် ထိုစဉ်က အမေရိကန်သမ္မတ ဂျော့ခ်ျ ဒဗလျူ ဘွတ်ရှ် နဲ့ ဗြိတိန် ၀န်ကြီးချုပ် တိုနီဘလဲ တို့ကို ဖမ်းဖို့တောင် တောင်းဆိုခဲ့သူပါ။ 

တကယ်တော့ ဒက်စမွန်တူးတူးရဲ့ အသံဟာ တာဝန်သိတတ်၊ ယူတတ်တဲ့ အစိုးရ၊ ဒီမိုကရေစီ၊ လွတ်လပ်
ခြင်း၊ တရားမျှတ မှုတွေအတွက် ကြီးမြတ်တဲ့ အသံတခုလည်း ဖြစ်တယ်လို့ the Mo Ibrahim Foundation ရဲ့ ကြေညာချက်မှာ ဖော်ပြထားတာကို အောက်တိုဘာလ ၄ ရက်နေ့ CNN သတင်းတခုမှာ ဖော်ပြထား ပါတယ်။ 
“သူ့ရဲ့ ရပ်တည် လုပ်ကိုင် ပြောဆိုသမျှတိုင်းဟာ အသံမဲ့သူတို့ ( မပြောရဲ မဆိုဝံ့သူ အဖိနှိပ်ခံတို့) ရဲ့ အသံ အဖြစ်  နားဝင်မချိုတဲ့ အမှန်တရားတွေကို  စဉ်ဆက်မပြတ် ပြောဆိုနေသူပါ” လို့ အဆိုပါ ဖောင်ဒေး ရှင်း ကြေညာချက်က ဆိုပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved