သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- http://asiasociety.org
စက်တင်ဘာလ ၂၇ ရက် နေ့က Asia Society တွင်လည်း ပရိတ်သတ်တဦးရဲ့ မေးခွန်းတွေကို ဦးသိန်းစိန် က အလားတူ ဖြေကြားခဲ့ပြီးဖြစ်ပါတယ်။
အခုလို ဖြေကြားမှုတွေကို သမ္မတ ဦးသိန်းစိန်က စကားပြန်ကတဆင့်ဖြေကြားခြင်းဖြစ်ပါတယ်။
မစ္စတာ ဘီလ် ကယ်လာ။ ။ ကျနော့်အနေနဲ့ နိုင်ငံရေးကိစ္စတွေ မမေးမြန်းခင် သမ္မတရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စနည်းနည်းလောက် မေးချင်ပါတယ်။ ဒီမှာ အမေရိကန်တွေက သမ္မတနဲ့ပတ်သက်ပြီး မသိကြလို့ မိဘတွေနဲ့ ပညာ သင်ကြားခဲ့မှု အခြေအနေလေး နည်းနည်း ပြောပြပေးပါလား။
သမ္မတ ဦးသိန်းစိန်။ ။ ကျနော်က တကယ့်ကို သာမန်လူတန်းစာဘ၀က ဆင်းသက်လာတာပါ။ ကျနော့် မိဘတွေက သာမန်လူတွေပါ။ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသ၊ ဟိုင်းကြီးကျွန်းနားက ရွာလေးတရွာမှာ ကျနော့်ကို မွေးပါတယ်။ ကျနော့် မိဘတွေက လယ်သမားတွေပါ၊၊
ကယ်လာ။ ။ ကျနော် ဖတ်ဖူးတာက သမ္မတရဲ့ ဖခင်က ဘုန်းကြီး ၀တ်ခဲ့ဖူးတယ်လို့ဆိုတယ်။ အဲဒါ ဟုတ် လား။
သမ္မတ။ ။ ကျနော့် ဖခင်က ကျနော့်မိခင် (သူ့ဇနီး) ဆုံးပါးပြီးတော့ ရဟန်းဘောင်တက်ခဲ့တာပါ။ ကျနော့် မိခင် (သူ့ဇနီး) ဆုံးပြီး ကျနော့်ဖခင်က ကျနော်နဲ့ ၁၀ နှစ်လောက် အတူနေခဲ့ပါတယ်။ နောက်တော့မှ ရဟန်း ၀တ်သွားတာပါ၊ ရဟန်းဝတ်နဲ့ပဲ ကွယ်လွန်သွားပါတယ်။ ( စကားချပ်- မြန်မာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဓလေ့ က ဇနီးကွယ်လွန်ပြီးရင် ခင်ပွန်း သည်တွေက ရဟန်းဝတ်ပြီး ရဟန်းဘ၀နဲ့ နောက်ဆုံးထိ နေသွားကြတာလို့ သမ္မတရဲ့ လက်ထောက်တဦးက ပြောပြလို့ နောက်မှ သိရပါတယ်)
ကယ်လာ။ ။ သမ္မတက အဲဒီက ရွာကျောင်းကိုပဲ သမ္မတက တက်တာလား။ သမ္မတ။ ။ ကျနော့်ရွာမှာက မူလတန်းကျောင်းပဲ ရှိတယ်၊၊ ဒါနဲ့ ကျနော်တို့ ဒေသရဲ့ မြို့တော် ပုသိမ်ကို သွားပြီးတော့ ၁ နှစ်
လောက် ကျောင်းတက်တယ်။ ရွာမှာက အလယ်တန်းကျောင်းက မရှိဘူး။ ကျောင်းတက်ဖို့က အနည်းဆုံး မိုင် ၄၀၊ ၅၀ ဆယ်လောက် သွားရတယ်။ ၃ နှစ်လောက် အလယ်တန်းတက်၊ ပြီးတော့ ပုသိမ်မြို့ကို ပြန်ပြီး အထက်တန်း ၃ နှစ်လောက် တက်တယ်။ ပြီးတော့ ဗိုလ်သင်တန်းဖြေတာ အောင်သွားတော့ ဗိုလ် သင်တန်း မှာ ၄ နှစ်တက်ပြီး ၀ိဇ္ဇာတွဲ ဘွဲ့နဲ့ ဒု ဗိုလ်ဖြစ်လာတာပေါ့။
ကယ်လာ။ ။ ဘယ်တုန်းက စပြီး မြန်မာနိုင်ငံကနေ နိုင်ငံခြားကို ခရီးထွက်ဖူးတာလဲ၊၊
သမ္မတ။ ။ ကျနော် ဗိုလ်မှူးကြီး ဘ၀၊ စစ်ရုံးမှာ ရုံးအုပ်ကြီး လုပ်နေတုန်းက တရုတ်နဲ့ စင်ကာပူကို အရင်ဆုံး သွား ဖူးတာ။
ကယ်လာ။ ။ ဒါနဲ့ အဲဒီတုန်းက အသက် ဘယ်လောက် ရှိပြီလဲ။
သမ္မတ။ ။ အသက် ၄၀ လောက်။ ကယ်လာ။ ။ မြန်မာနိုင်ငံဟာ နိုင်ငံတကာက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ မှုတွေအောက်မှာ နှစ်တော်တော်များများ နေခဲ့ရတယ်။ စီးပွားရေး ဒဏ်ခတ်မှုတွေကြောင့် သမ္မတကြီး ရဲ့ မြန်မာနိုင်ငံအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ရှိခဲ့ပါသလဲ။
သမ္မတ။ ။ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့ဆိုးကျိုးအဖြစ် သာမန်ပြည်သူတွေကို တော်တော် ဒုက္ခ
ရောက်စေခဲ့တယ်လို့ ကျနော်မြင်တယ်။ ဒီစီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံ ကို မလာခဲ့ဘူး။ ဒါကြောင့် သာမန်နိုင်ငံသားတွေမှာ အလုပ်အကိုင် အခွင့် အလမ်းတွေလည်း နည်းခဲ့ရတယ်။ မြန်မာ အလုပ်သမားက ၃ သန်းကျော်လောက်က အိမ်နီးချင်း ထိုင်း နဲ့ ဒေသတွင်းနိုင်ငံတွေမှာ အလုပ်သွားလုပ်ကြရတယ်။ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုက ရည်ရွယ်တာက စစ်အစိုးရကို အင်အား ချိနဲ့ သွားစေလိုတာဖြစ်ပေမယ့် တကယ့် တကယ်မှာ သာမန် ပြည်သူတွေကို ပိုထိခိုက်ခဲ့တယ်။
ကယ်လာ။ ။ စစ်အစိုးရ ခေါင်းဆောင်တွေအနေနဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စစ်ဘက် အုပ်ချုပ်ရေး ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲ ကျင့်သုံးဖို့ လိုအပ်တယ်လို့ သမ္မတကြီး စဉ်းစား တာ ပဲဖြစ်ဖြစ်၊ တခြား စစ်ခေါင်းဆောင် ပဲဖြစ်ဖြစ် အဲဒီလို စဉ်းစားတာမျိုးတွေ ရှိလား။
သမ္မတ။ ။ ကနဦးကတည်းက ဒီမိုကရေစီကိုသွားတဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ ကျနော်တို့ စီစဉ်ခဲ့ပါတယ်။ ဒါ ကြောင့် ပြင်ဆင်မှုတွေ လုပ်ဖို့ လိုအပ်လို့ အနှစ် ၂၀ လောက်အချိန်ယူခဲ့ရတယ်။ ပညာရေး စနစ်ကို တိုးတက်အောင်လုပ် ခဲ့တယ်။ လမ်း ပြမြေပုံ ၇ ချက် ချမှတ်တယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ရေးဆွဲ တယ်။ လူထု ဆန္ဒခံယူပွဲ လုပ်တယ်၊ နောက်တော့ ရွေးကောက်ပွဲ ကျင်းပခဲ့တယ်။
(မှတ်ချက်။။ ၁၉၉၀ ခုနှစ်က စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးခဲ့တာမှာ အတိုက် အခံ က ရာခိုင်နှုန်း ၈၀ ကျော်နဲ့ အနိုင်ရခဲ့တယ်။ စစ်အစိုးရက အတိုက်အခံကို အာဏာ လွှဲမပေး ခဲ့ဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သစ်ကို ၂၀၀၈ ခုနှစ်မှာ အပြီး ရေးဆွဲတယ်။ သက္ကရာဇ် ၂၀၁၀ ရွေးကောက် ပွဲ မှာ အတိုက်အခံတွေ ၀င်ရောက်ခွင့် ရသည် လောက် သာ ရွေးချယ်ခံခွင့်ရခဲ့ကြတယ်)
စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ မရှိလည်း ပြုပြင်ပြောင်းလဲရေးက လုပ်မှာဘဲ။ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ် မှုကြောင့် ဆိုပြီး ဒီလိုတွေ လုပ်ခဲ့တာတော့ မဟုတ်ဘူး။
ကယ်လာ။ ။ မနေ့က Asia Society မှာ ပြောခဲ့တာလေး ပြန်သတိရတယ်။ ကျနော် သိပ်မသဲကွဲတာက စစ်အစိုးရက အပြောင်းအလဲ လုပ်တဲ့ အကြောင်းကို ပြောနေကြတာက နာဂစ် မုန်တိုင်းကြောင့် စိတ်ပြောင်း သွားတာလို့ ပြောတာ တချို့ရှိသလို တချို့က အာရပ် စပရင်း ကြောင့်လို့ ပြောကြတယ်။
သမ္မတ။ ။ အဓိက က ပြည်သူလူထုရဲ့ ဆန္ဒကြောင့်ပါ။ အစကတည်းက ပြည်သူတွေက ဒီမိုကရေစီနစ်ကို လိုလားနေကြ တယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် ချက်ခြင်း ရုတ်တရက်အပြောင်းအလဲတွေ ကျနော်တို့ မလုပ်လိုဘူး။ အဲဒါ မျိုးက အန္တရာယ်သိပ်များတယ်။ ကျနော်တို့နိုင်ငံရဲ့ အပြောင်းအလဲက တဖြည်းဖြည်းချင်း အပြောင်းအလဲမျိုးဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒကြောင့် ဒီလို လုပ်တာပါ။ အာရပ်စပရင်းတို့ ဘာတို့နဲ့ မဆိုင်ပါဘူး။
ကယ်လာ။ ။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေမှာ သမ္မတကြီးတို့ရဲ့ ဒီမိုကရေစီကို အဟန့်အတားဖြစ်စေတဲ့ အချက်တွေ ပါနေတယ်။ ဥပ မာ၊ အရေးပေါ် အခြေအနေမျိုးမှာ ကာကွယ်ရေး ဦးစီးချုပ်က အာဏာ ပြန် သိမ်းလို့ ရတာ၊ နောက် စစ်တပ် ကိုယ်စားလှယ်က လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း ယူထားတာ။ ဒါတွေဟာ ဘယ်အချိန်လောက်ထိ ရှိဖို့ လိုနေမယ်လို့ သမ္မတ အနေနဲ့ ထင်ပါသလဲ။
သမ္မတ။ ။ ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့က သူ့သဘောနဲ့သူ အရေးပေါ်အခြေအနေကြေညာလို့ မရပါဘူး၊ တပ် မတော် ကာကွယ်ရေးဦးစီးချုပ်ဆိုတာကို သမ္မတက ခန့်အပ်ရတာပါ။ အရေးပေါ် အခြေအနေ အဖြစ် ကြေညာဖို့ လိုအပ်လာရင် သမ္မတနဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အဆုံးအဖြတ်
ပေး ရမယ်။ အဲဒီအတွက်ကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်ကနေ သူ့သဘောနဲ့သူ အာဏာ သိမ်းလို့ရတယ်ဆိုတာ မဟုတ်ပါဘူး။ နောက် ဒုတိယမေးခွန်းဖြစ်တဲ့ လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်နေရာယူထားတဲ့ ကိစ္စက အစဉ်အလာအရ ကျနော်တို့ နိုင်ငံမှာ က နိုင်ငံရေး အ ခန်းကဏ္ဍမှာ တပ်မတော်က အရေးကြီးတဲ့ နေရာက ပါဝင်လာခဲ့တာပါ။ ဒါကြောင့် ပြုပြင်ပြောင်းလဲရေးဖြစ် စဉ် မှာ တပ်မတော်ကို ကျနော်တို့ ဘေးဖယ်ထားဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ တဆင့်ချင်းနဲ့တော့ လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်အရေအတွက်က လျှော့သွားမှာပါ။ အင်ဒိုနီးရှားမှာ ခင်ဗျားတို့ မြင်ရတဲ့အတိုင်း အချိန်အတိုင်း အတာ တခုရောက် လာ တဲ့အခါ တပ်မတော်သား လျော့ သွားပါတယ်။ ကျနော်တို့ဆီမှာလည်း အဲဒီလိုဖြစ်လာမှာပါဘဲ။
ကယ်လာ။ ။ ဒါဆို အချိန်တခုရောက်ရင် လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေ ရုပ်သိမ်း သွားတာ မျိုးဖြစ်လာမယ်လို့ ထင်လား။
သမ္မတ။ ။ အခြေအနေပြောင်းလဲလားမှု အပေါ် မူတည်ပါတယ်၊ ကယ်လာ။ ။ အရေးပေါ် အခြေအနေကြေ ညာတဲ့ ပြဌာန်းချက်က ဆက်ရှိနေမှာလား။ (ထိုအချိန်တွင် သမ္မတ၏ အကြံပေး တဦး ကြားဖြတ် ၀င်ဖြေပေး သည်မှာ “ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အရေးပေါ် အခြေ အနေ ကို ကြေညာဖို့က သမ္မတနဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ရပါတယ်။ အဓိက အဆုံး အဖြတ် ပေးတာက သမ္မတဖြစ် ပါတယ်)
ကယ်လာ။ ။ ဒီလိုဆိုရင် ဘယ်လို အခြေအနေရောက်တဲ့အခါ အရေးပေါ် အခြေအနေကို ထုတ်ပြန်လို့ ရလဲ။
သမ္မတ။ ။ အရေပေါ်အခြေအနေကြေညာတယ်ဆိုတာက ဒေသတခုအတွက်တခုအတွက်ပဲဖြစ်ဖြစ်၊ တနိုင် လုံး အတိုင်းအတာနဲ့ဖြစ်ဖြစ် ထုတ်ပြန်လို့ရပါတယ်။ နိုင်ငံသားတွေ အန္တရာယ်တစုံတရာ ရှိနိုင်တဲ့ အခြေ အနေ မျိုးမှာ သမ္မတက ထုတ်ပြန်ရတာပါ။ တရားဥပဒေ စိုးမှုမှုနဲ့ ငြိမ်ဝပ်ပိပြားရေးမှုတွေအတွက် ထိန်းသိမ်း ဖို့ လိုအပ်တယ်လို့ ယူဆရတဲ့ အခြေ အနေမျိုးမှာ သမ္မတက ကာကွယ်ရေး ဦးစီးချုပ်ကို တာဝန်ပေးပြီး အမိန့်ထုတ်ပြန်တာမျိုးပါ။
ကယ်လာ။ ။ နောက်ဆုံး မေးခွန်း တခုအနေနဲ့ အခု အမေရိကန် ခရီးစဉ်မှာ သမ္မတကြီး နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြားမှာ တဦးနဲ့ တဦး အပြန်အလှန် လေးစားတာကို တွေ့ရတယ်။ တနေ့နေ့ကျရင် သမ္မတ လုပ်ဖို့ ရည်ရွယ်ချက်ရှိသလားလို့ ဒေါ်အောင်ဆန်းစုကြည်ကို မေးတော့ သူက ပါတီ ခေါင်းဆောင်တိုင်းက နိုင်ငံ့အကြီးအကဲ ဖြစ်ချင်ကြတာ ချည်းပဲလို့ ဖြေပါတယ်၊ ဒီတော့ သမ္မတကြီး ဒေါ်အောင်ဆန်းစုကြည်ဆိုပြီး သမ္မတကြီးအနေနဲ့ကရော စိတ်ကူးထဲ ပုံဖော်လို့ ရလား။
သမ္မတ။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီဖို့ အရင်လုပ်ဖို့ လိုပါတယ်။
(မှတ်ချက်။ လက်ရှိဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားတွေ ဟာ နိုင်ငံခြားသားခံယူထား တာကြောင့် ဒီကိစ္စဖြစ်ဖို့ အရည်အချင်းနဲ့ မပြည့်မီပါဘူး)။
အခြေခံ ဥပဒေနဲ့ ကိုက်ညီသွားရင်တော့ ပြည်သူ့ အဆုံးအဖြတ်ပေါ်မှာပဲ မူတည်ပါတယ်။
အင်တာဗျူး မေးမြန်းသူ Bill Keller
A Conversation with President U Thein Sein of Myanmar Following is the transcript of an interview with President U Thein Sein in New York, September 28. He also answered questions before an audience at the Asia Society on September 27, and the video is available here. In both conversations, he spoke through a translator.
Bill Keller: Before we get to matters of state, I’d like to ask a few personal questions. Americans don’t know you very well yet. Can you tell me a bit about your parents, about your education?
Thein Sein: I came from a very humble background. My parents were ordinary people. I was born in a small village near Hainggyi Island which is located in the delta area. My parents were farmers.
BK: I read somewhere that your father was at one time a Buddhist monk. Is that correct?
TS: My father joined the monkhood only after his wife passed away. After his wife died, my father stayed with me for about ten years. Then he became a monk, and he passed away as a monk. [An aide later pointed out that it is common among Burmese Buddhists for widowers to live out their final days as monks.]
BK: Did you go to school in the village?
TS: The village only had a primary school. Then I went to the capital of the region, and I studied there for one year. My village had no middle school – the closest one was 40 or 50 miles away, so I went there to study for about three years. Then I went back to the capital and studied for another three years. Then I sat for the entrance exam to the military academy. I passed, and I studied there for four years. I graduated with a bachelor of arts degree, and became a second lieutenant.
BK: When did you first get a chance to see the world outside of Myanmar?
TS: I first got a chance to go abroad for the first time when I was a colonel on the general staff of the War Office. I went to China and Singapore.
BK: How old were you then?
TS: In my mid-40’s.
BK: Burma was under international sanctions for many years. How would you describe the effects of the sanctions on your country?
TS: I think the sanctions had a tremendous negative effect on ordinary people. Because of sanctions we did not receive foreign direct investment, and there were very few job opportunities for ordinary people. Many of our citizens had to find jobs in neighboring countries. About three million of our citizens are working in Thailand or other countries in the region. Even though sanctions were meant to undermine the military government, in fact they hurt ordinary people more.
BK: Did they have some influence on your thinking or the leadership’s thinking about the need to move away from military rule to a more democratic system?
TS: We planned to undertake democratic reforms from the beginning. It took about two decades for us to make all necessary preparations. We tried to improve our education system and we adopted a seven-step program, we drafted a new constitution, we had a referendum on the constitution, then we held elections. [Note: Myanmar held free elections in 1990, in which the opposition won 80 percent of the seats. The military refused to yield power. The new constitution was adopted in 2008. In 2010, the opposition agreed to take part in elections, although it was only allowed to contest a fraction of the seats.]
Regardless of the sanctions, we were going to undertake reforms. It was not just because of sanctions that we did all these things.
BK: I heard that explanation yesterday when you answered questions at the Asia Society. It’s still not clear to me WHY. People have speculated about why the regime decided to change. Some people said that our experience with the Nargis cyclone convinced you the country had to reform so that it could take better care of its people. Some say that the Arab Spring was a factor.
TS: The main reason was the wishes of the people. Since the beginning, we knew the people wanted a democratic system, but we didn’t want to introduce changes abruptly. It would be quite dangerous to society. The changes in our country were gradual. But we did it because people wanted it. It was not because of Arab Spring or anything else.
BK: The current constitution contains some provisions that limit your democracy. The commander-in-chief has the power to take back all authority in an emergency. And 25 percent of the seats in every assembly are reserved for the military. How long do you think it will be necessary to have those provisions?
TS: The commander-in-chief cannot issue an emergency decree on his own. The commander-in-chief is appointed by the president. If there is a situation that calls for a state of emergency, the president and the National Defense and Security Council will make the decision. So we cannot say that the commander-in-chief can stage a coup and take over the government at his own will. The second part of your question is the role of the military in the parliament. The armed forces have played a crucial role in our politics for many years. So we cannot exclude them in this transition process. Of course, over time the percentage of the representatives of the armed forces might decrease. You can see a similar situation in Indonesia. The number of military representatives decreased over time. A similar thing should happen in our country as well.
BK: So you think that the guaranteed representation for the military in the parliament will be phased out over time.
TS: As things change.
BK: And the state of emergency powers? Will that remain?
A presidential advisor: In the constitution the state of emergency is decided by the president with the agreement of the National Defense and Security Council. The main actor is the president.
BK: In what sort of circumstances would that power be used?
TS: The state of emergency could be issued just for one region of the country, or the entire country. The president might consider issuing such an order when the well-being of the citizens is in danger. And then, in a situation where we needed to restore law and order the president might order the commander-in-chief to go and restore law and order.
BK: One last question? You and Daw Aung San Suu Kyi have expressed respect for each other during your respective visits to the United States. When she was asked whether she had ambitions to be president some day, she said that every head of a party aspires to be the head of state. Can you imagine a President Aung San Suu Kyi?
TS: She’ll have to meet the requirements of the constitution. [Note: she would be disqualified under the current constitution, because her children have foreign citizenship.] And after that, it’s up to the public to decide. A Conversation with President U Thein Sein of Myanmar
ဖြေကြားချက်တွေက သိပ်အားမရလိုက်တာဗျာ။
အဓိက က ဒီ၂၀၀၈အခြေခံဥပဒေ ကိုက သုံးစားမရတာ
ဒေါ်စု သမ္မတဖြစ်ရင် နိုင်ငံပျက်မှာ ကြောက်နေတာလား။
အရင် စစ်ဗိုလ်ချုပ်ကို ပြန်ခြိမ်းခြောက်မှာကြောက်နေတာလားပါ။
ပြုပြင်ပြောင်းလဲရေးသမားက သတ္တိတော့ရှိဖို့လိုတယ်ထင်ပါတယ်