ကြက်ဥ ဈေးကျလို့ ထိုင်းမှာ ဆန္ဒပြ
Wednesday, October 3, 2012
  ကုန်ဈေးနှုန်းတွေ တက်လို့ မြန်မာနိုင်ငံမှာ ဆန္ဒပြဖူးတာပဲ ကြားဖူးတယ်။ ဒါပေမယ့် ကုန်ဈေးနှုန်း ကျလို့ ထိုင်းနိုင်ငံမှာတော့ ဆန္ဒပြကြတယ်။ ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ အနီးတ၀ိုက်က အသေးစား ကြက်မွေးမြူရေး လုပ်ကြတဲ့ လယ်သမား ၁၀၀ လောက်က အစိုးရ ရုံးရှိရာ ဂိတ်ပေါက်သွားပြီး ကြက်ဥဈေးတွေ ရုပ်တရက် ကျသွားလို့ အစိုးရ အိမ်တော် အပေါက်ဝမှာ ကြက်ဥတွေ ပစ်ပေါက်ခွဲပြီး ဆန္ဒပြခဲ့ကြပါတယ်။ 
ဓာတ်ပုံ-manager online
ပုံမှန်က ကြက်ဥ တလုံး( အလုံးလှ၊ အလုံးမှန်) ကို ဘတ်ငွေနဲ့ ၂. ၆၀ (မြန်မာကျပ်ငွေနဲ့ဆို ၆၅ ကျပ်) နဲ့ ရောင်းနေရတာမှာ က တလုံးကို ထိုင်းဘတ်ငွေ ၂ ဘတ် ( ၅၀ ကျပ်) ကျော်ကျော် ၂.၁၀ ဘတ် အထိ ကျသွားတယ်လို့ ဆိုပါတယ်။ ကြက်စာ ဈေးတွေက မကျဘဲ ကြက်ဥဈေးကျတဲ့အတွက် အသေးစား ကြက်မွေးမြူတဲ့ ထိုင်းလယ်သမားတွေ အခုလို ကုန်ဈေးနှုန်း ကျတာကို ဖြေရှင်းဖို့ ဆန္ဒပြပွဲ လုပ်ခဲ့တာပါတဲ့။
4 comments :
  1. Nua Nout said... :
    အာဆီယံ နိုင်ငံများအတွင်း မြန်မာနိုင်ငံတွင် အစားအသောက်ကုန်ဈေးနှုန်းအမြင့်ဆုံး လုပ်အားခအနည်းဆုံး ဖြစ်နေသည်ကို မသိချင်ယောင်ဆောင်မနေသင့်ပါ။
    အထူးသဖြင့် မြို့တော် နေပြည်တော်တွင်ကုန်ဈေးနှုန်းသည် ရန်ကုန်ထက်မြင့် ပါသည်။
    နေပြည်တော်တွင် အစိုးရ၀န်ထမ်းများ အခက်အခဲအမျိုးမျိုးဖြစ် နေကြပါသည်။
    ယမန်နေ့(၂-၁၀-၂၀၁၂) မြန်မာ့အလင်း သတင်းစာတွင် တစ်ဖက်နိုင်ငံမှ တရားမ၀င် တင်သွင်းနေသော ကြက်ဥများမ၀င်နိုင်အောင်တားဆီးမည်ဟု ဖော်ပြထားပါသည်။
    ကြက်ဥအတုများ အဆင့်အတန်းမရှိသော အစားအသောက်များ မ၀င်အောင်တားဆီး ခြင်း ကို ထောက်ခံပါသည်။
    ပြည်ပမှ အဖိုးနှုန်းချိုသာသော ကြက်သား ကြက်ဥ တို့ မြန်မာ ဈေးကွက်တွင်း တင်သွင်း ရောင်းချခြင်းကို မတားသင့်ပါ။
    မြန်မာနိုင်ငံတွင် မည်သည့်အတွက် အစစအရာရာ ကုန် ဈေး နှုန်း ကြီးမြင့်နေသည် အထူးသဖြင့် အစားအသာက်ကုန်ပစ္စည်းဈေးမြင့်နေသည် ကို လွှတ်တော် ကိုယ်စားလှယ် တော်ကြီးများ အဖြေရှာ နိုင်ကြ စေလိုပါသည်။
  1. Anonymous said... :
    ယိုးဒယားမှာလို ကြက်ဥအကြီးတစ်လုံး ကျပ် (၅၀) နဲ့
    တယ်လီဖုန်းဆင်းကတ် အလကားပေးနိုင်တာမျိုး
    မြန်မာနိုင်ငံမှာဘယ်တော့ဖြစ်လာနိုင်မလဲ သိချင် လိုက်တာ။
    ဆင်းကတ် တစ်ခုကျပ် (၅၀၀၀)ဆိုလဲ ပေး နိုင်ပါတယ်။
    ၂၀၁၅ တက်မယ့် အစိုးရလက်ထက်လောက်မှာ
    အဲဒီလို သက်သက်သာသာဖြစ် လာမယ်ဆို၇င်
    ၂၀၁၅ရွေးကောက်ပွဲဝင်မယ့် ပါတီကို အပြတ် ထောက်ခံမဲပေးမယ်။
  1. papa said... :
    မြိတ်မြို တွင် ၁၀ .၁၀ ၂၀၁၂ ၌ ကြက်ဥဈေး တစ်လုံး ၅၅ ကျပ်ဖြစ်နေပါပြီ effect တစ်ခု အနေဖြင့် ရှုမြင်ပါသည်
  1. Anonymous said... :
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved