ရန်ကုန်က ရှေ့နေများရဲ့ ဆန္ဒပြပွဲ

Wednesday, October 17, 2012



 ဓာတ်ပုံ-ဧရာဝတီ~

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တရားရုံး အဆောက်အအုံများကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းပေးသည့် အစီအစဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်က ဦးဆောင်၍ ရန်ကုန်မြို့တွင် ယနေ့ နံနက်ပိုင်းက ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

“တရားရုံး အဆောက်အအုံများ အငှားချမစားပါနှင့်”စသည့် စာတန်းများ ရေးထားသော ဆိုင်းဘုတ်များနှင့် အတူ ယင်းဆန္ဒပြမှုကို တရားဝင် ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။ 


ဒါဟာ မြန်မာနိုင်ငံမှာ တရားဝင်အနေဖြင့် ရှေ့နေများရဲ့ ပထမဆုံးသော ဆန္ဒပြပွဲ ဖြစ်ပါတယ်။ ကမ်းနားလမ်းနှင့် ဘဏ်လမ်းကြားရှိ ရန်ကုန်တိုင်းစုပေါင်းတရားရုံးဘေး တွင်ရှေ့နေများဆန္ဒ ထုတ်ဖော်နေ ကြတာဖြစ်ပါတယ်။





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved