သီတင်းကျွတ်လပြည့်နေ့ တောင်ကြီးမြို့တွင် ဒေသခံပြည်သူများ ကုသိုလ်ယူသူများနှင့် စည်ကား

Wednesday, October 31, 2012




အောက်တိုဘာ၃၀ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့ နံနက်ခင်းပိုင်းတွင် တောင်ကြီးမြို့ပေါ်ရှိ ဘုန်းကြီး  ကျောင်းများ၊ တောင်ပေါ်ရှိ ဘုန်းကြီးကျောင်းများ၊ အခြားဒေသများရှိ ဘုန်းကြီးကျောင်းများသို့ ကုသိုလ်ယူ   ကျောင်းတက်သူ မြို့ခံများနှင့် စည်ကားခဲ့သည်။ 

ထိုသို့ အခါကြီးရက် ကြီးများတွင် ဥပုတ်သီတင်း သီလ ဆောက်တည်ကာ ဘုရားကျောင်းတက်၊ ဘုန်းကြီး  
ကျောင်းတက် ခြင်းသည် ရှေးဘိုးဘွားအစဉ် အဆက်လက်ဆင့်ကမ်းခဲ့သည့် ဘိုးဘွားအမွေအနှစ်   
ဖြစ် ကြောင်း   ဘုရားကျောင်းလာသူ တောင်ကြီးမြို့ခံမိသားတစ်စုက ပြောကြားသည်။

ညပိုင်းတွင်လည်း တောင်ကြီးမြို့ ကန်အောက်ရပ်ကွက်ရှိ ကန်အောက် ရပ်ကွက်ရုံးတွင် ပြုလုပ်သော  
စေတနာရှင် မိဘပြည်သူများ၏ နိဗ္ဘာန်ဈေးပွဲတော်ဖြင့် စည်ကားလျက်ရှိကြောင်း ၊ ယင်းနိဗ္ဘာန်ဈေးပွဲတော် တွင် စေတနာရှင်များ ကျွေးမွေးသည့် အစားအသောက်များကိုငွေကြေး တစုံတရာပေးစရာ မလိုပဲ   
နှစ်သက်ရာ အခမဲ့ စားသုံးနိုင်ရန် ကုသိုလ်ဖြစ် စီစဉ်ပေးခြင်းဖြစ်ကြောင်း ၊ ယင်းပွဲစတင်ကျင်းပသည်မှာ  ၂၀၁၁ခုနှစ်က မှပြန်လည်ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်အပါအ၀င် (၂)ကြိမ်မြောက် ပြန်လည် ကျင်းပခြင်း   
ဖြစ်ကြောင်း ကန်အောက်ရပ်ကွက် ပြည်သူများ၏ ပြောပြချက်အရ သိရသည်။ 

ထို့ပြင် တောင်ကြီးမြို့ စူဌာမုနိဘုရား ကုန်းတော်ပေါ်နှင့်အခြား အေးစေတီ၊ ဆုတောင်းပြည့်ဘုရား စသည့် နေရာများတွင်လည်း ညပိုင်းဖယောင်းတိုင် ဆီမီး ပူဇော် သူများလူဦးရေ ထောင်နှင့် ချီရှိပြီး  
တောင်ကြီးမီးပုံးပျံ အဖွဲ့များ ၏ တန်ဆောင်တိုင်မီးပုံးပျံပြိုင်ပွဲ ၀င်ရန် မီးကျဉ်ယမ်း စမ်းသပ်လွတ်တင်သည့် ညမီးကြီးအချို့လည်း လွတ်တင်ခဲ့ကြောင်း သတင်းရရှိပါသည်။ 




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved