နေပြည်တော်က ဘတ်ဂျက်၊ စီမံကိန်း၊ အခွန် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

Wednesday, October 24, 2012



လွှတ်တော် ဘတ်ဂျက်၊ စီမံကိန်းနှင့် အခွန် အကောက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တခုကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံမှာ ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။ 

ဥပဒေရေးရာနဲ့ အထူးကိစ္စ ရပ်များဆိုင်ရာ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မတီဝင် ဦးစိုးသိန်းက ဘတ်ဂျက်ရေးဆွဲရာမှာ အခြေခံ ကျတဲ့ ကိစ္စတွေနဲ့ သိကောင်းစရာတွေကို ဆွေးနွေးသွားခဲ့ပါတယ်။ 

ဒီပွဲကို ပြည်သူ့လွှတ်တော် တာဝန်ရှိသူတွေ၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လွှတ်တော် အမတ်တွေ လည်း တက်ရောက်ကြပြီး လွှတ်တော်အမတ်တွေက မရှင်းသည့် အကြောင်းများကို လည်း မေးမြန်း 
ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ ကြေးမုံသတင်းစာမှာ ဖော်ပြပါတယ်။ 

ဒီမိုကရေစီခိုင်မာစေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်တွေ အရည်အချင်း ပြည့်ဝစေဖို့ ရည်ရွယ်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပတယ်လို့ ဖော်ပြရေးသားပေမယ့် အသေးစိပ်ဆွေးနွေးချက်တွေကိုတော့ သတင်းစာမှာ ဖော်ပြမထားပါဘူး။ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved