နရသိန်ပြန် ရဟန်းတပါးရဲ့ စာအုပ်မိတ်ဆက်ပွဲ

Wednesday, October 24, 2012



မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသာဟာယကျောင်းနာယက ဘဒ္ဒန္တ ဝိစိတ္တာ ဘိဝံသ- ဝီရသူ(မစိုးရိမ်) ရေးသားသော “နှလုံးသားကို သဖန်းပင်ပေါ်မှာ ထားခဲ့သူ” စာအုပ် မိတ်ဆက်ပွဲ ကို ၁၃၇၄-ခု သီတင်းကျွတ်လပြည့်၊ အောက်တိုဘာလ ၃၀ ရက်၊ အင်္ဂါနေ့၌ ကန်းတော်ကြီး ပြည်ကြီးမွန် 
ဖောင်တော်မှာ ကျင်းပမှာဖြစ်ပါတယ်။

အဆိုပါ စာအုပ်သည် အရှင် ဝီရသူ အိုးဘိုထောင်မှာ နေရစဉ် ၂၀၀၉-နှစ်က ရေးခဲ့သော ပေးစာ (၅)  စောင်ကို စုစည်းထားသည့် စာအုပ်ဖြစ်ပြီး၊ ဂျွန်ယက်တော ကိစ္စဖြင့် တရားရင်ဆိုင်နေရ 
သော ဒေါ်အောင်ဆန်းစုကြည် ထံ အိပ်ဖွင့်ပေးစာ ပုံစံဖြင့် ရေးသားထားသော အားပေးစကားများ လည်း ဖြစ်ပါတယ်။ 



အဆိုပါ စာအုပ်သည် စာပေစိစစ်ရေးဌာန မဖျက်သိမ်းခင် ကတည်းကပင် စာမူခွင့်ပြုချက်ရရှိထားသော စာအုပ်ဖြစ်ပြီး ရန်ကုန်မြို့တွင် ပဉ္စဂံစာအုပ်တိုက်၊ မန္တလေးမြို့တွင် ထွန်းဦးစာပေတို့မှ ဖြန့်ချီနေပြီဖြစ်သည်။

အဆိုပါ စာအုပ်နှင့်အတူ “မဲစာလွန်တောရ” ကလောင်အမည်ဖြင့် ရေးသားထားသော တရားသုံးပုဒ်စုစည်းမှု “သေနေ့ မင်္ဂလာတရားတော်” စာအုပ်ကိုလည်း တစ်ပါတည်း မိတ်ဆက်ပေးမည်လည်းဖြစ်ပါတယ်။ 


“သေနေ့ မင်္ဂလာ”တရားစာအုပ်ကို မြစ်ကြီးနားထောင်မှာ နေစဉ်ရေးသားခဲ့ခြင်း ဖြစ်ပြီး စာမူ ခွင့်ပြုချက် လည်း ရရှိထားကာ တရားပွဲများတွင် ဖြန့်ချီခဲ့ပြီးသော စာအုပ်လည်းဖြစ်သည်။ 

ဝိပဿနာ ယောဂီများ၊ တရားဓမ္မလိုက်စားသူများ အထူးနှစ်ခြိုက်သည့် စာအုပ်ဖြစ်ပြီး၊ ဘာသာတရား မခွဲခြားဘဲ သေခြင်းနှင့်မကင်းသည့် လူသားတိုင်းဖတ်ရှုသင့်သော စာအုပ်ဖြစ်ကြောင်း သိရပါသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved