မော်တော်ကားနဲ့ စည်းကမ်းပျက်သောဒီမိုကရေစီ

Monday, October 15, 2012


http://burma.irrawaddy.org/wp-content/gallery/car/car03.jpg မြန်မာနိုင်ငံအသုံးပြုနေကြကားများ၏ ၉၀% မှာ ညာမောင်း၊ ဂျပန်နိုင်ငံတွင်သုံးပြီးသားကားများဖြစ်မည်ဟု ထင်ပါသည်။

အခြားနိုင်ငံများတွင် လမ်းနှင့်ကားကို ဆန့်ကျင်ဘက် ဘယ်မောင်းလမ်းတွင် ညာမောင်းကား သုံးပြီး ညာမောင်းလမ်းတွင် ဘယ်မောင်းကားကိုအသုံးပြုကြပါသည်။

 မြန်မာနိုင်ငံတွင် လမ်းသည် ညာမောင်းလမ်းဖြစ်ပြီး ကားသည်လဲ ညာမောင်းကားများဖြစ်သည်။ ဘယ်မောင်းကားများကို သံရုံးကားများတွင် အများဆုံး တွေ့ရသည်။

ညာမောင်းလမ်းတွင် ညာမောင်းကားများကိုသုံး၍ရနေသော်လည်း ကားတိုက်မှု များရခြင်း၏ အကြောင်းရင်း တစိတ်တပိုင်းပါမည်ဟု ထင်ပါသည်။

ယခုအခါရန်ကုန်မြို့တွင်ကားများ တရက်နှင့်တရက် ပို၍များလာသလို ယာဉ်စည်းကမ်းထိန်းသိမ်းမှု လျော့လာပြီး ယာဉ်တိုက်မှု ပို၍များလာပါသည်။
ရန်ကုန်မြို့၏ မြို့သစ်များတွင် အရေးယူ ဖမ်းဆီးခြင်း မရှိသောကြောင့် စည်းကမ်းမဲ့/လိုင်စင်မဲ့ဆိုင်ကယ် အလွန်များနေပါသည်။

စည်းကမ်းရှိသောဒီမိုကရေစီ ဖြစ်မလာဘဲ လွတ်လပ်ပြီး စည်းကမ်းပျက်သောဒီမိုကရေစီ ဖြစ်နေပါတယ်။

 









-

6 comments :

  1. Anonymous said... :

    စည်းကမ်းရှိသောဒီမိုကရေစီ ဖြစ်မလာဘဲ လွတ်လပ်ပြီး စည်းကမ်းပျက်သောဒီမိုကရေစီ ဖြစ်နေပါတယ်.. တဲ့.. စာရေးတဲ့သူကလေ..။ အောင်မယ်ငေး.. စနစ်ကျတဲ့ စည်းကမ်း ဆိုတာ ဘာမှန်းကို မသိတဲ့ အစိုးရ.. ရှေ့နောက်မကြည့်ဘဲ.. အားလုံး သောကားများ ဘယ်မောင်းဖြစ်စေသတည်းဆိုပြီး .. အမိန့်တော်ထုတ်ပြန်လိုက်ရင်.. သူတို့ခရိုနီတွေ ကားသွင်းခွင့်ထပ်ရ ထပ်ချမ်းသာ.. ပြည်သူတွေက ဒုက္ခပင်လယ်ကြော မြောသထက်မြောတော့မှာဘဲ ဗျာတို့..။

  1. Anonymous said... :

    မပြောချင်ပဲ ပြောရအုံးမယ်။ကားတွေကို စည်းကမ်းမရှိသွင်းချင်တဲ့ စနစ်နဲ့ သွင်းခွင့်ပေးထားပြီးတော့ နောက်မှ ကန့်သတ်ချက်တွေထုတ်လာရင် ပြည်သူတွေပဲနစ်နာရမှာ။
    နဂိုကတည်းက ဘယ်မောင်းဆိုပြီးသေသေချာချာ ကိုယ့်လမ်းစနစ်နဲ့စဉ်းစားပြီး ခွင့်ပြုသင့်ခဲ့တာ။အဲဒီလောက်တောင်အမျှော်အမြင် မရှိတဲ့ကောင်တွေက တက်ပြီးလူတတ်ကြီးတွေလုပ်နေတော့ တိုင်းပြည်အတွက်ကတော့ရင်လေးစရာချည်းပဲ။
    ဆိုင်ကယ်ကိစ္စ ဆက်ပြောအုံးမယ်။အခုရန်ကုန်ကမြို့စွန်တွေမှာ လမ်းပန်းဆက်သွယ်ရေး အရမ်းကိုခက်ခဲတယ်။ညနေ၆နာရီကျော်ရင်လိုင်းကားက မရှိတော့ဘူး။ဟော အဲဒီကားတွေပဲဗျာ ဟိုနားဒီနား ၁၀၀ကျပ်၊၂၀၀ကျပ်နဲ့ ခေါက်တိုတွေလုပ်ပြီး နိုင်ငံတေယ်က ပေးတဲ့ ဂက်စ်လုပ်စားလုပ်စားပြန်ရော။အဲဒါလဲ ကားက မပေါဘူးဗျ။ဒါကြောင့်ကျွန်တော်တို့မြို့သစ်ကလူတွေဆိုညနေဘက် အကြောင်းကိစ္စရှိလို့အပြင်သွားချင်ရင် ဆိုင်ကယ် ကယ်ရီ၊စက်ဘီးကယ်ရီလေးတွေအားကိုးစီးနေရတယ်။မောင်းမင်းကြီးသားတွေကိုလဲ ချိချိုသာသာလေးနဲ့ ဖြေးဖြေးမောင်းပေးဖို့ တောင်းပန်ရတာအမောပေါ့။ခက်တာက အဲဒီဆိုင်ကယ်လေးတွေစက်ဘီးလေးတွေမှ မစီးရင် ဘယ်လိုလုပ်လိုရာခရီးကို အချိန်တိုအတွင်းသွားကြမလဲ။လူကြီးမင်းများ အဲဒါတွေကောသိပါသလား။ ဖြစ်စေချင်တာက အဲဒီလို မီးရထား၊လိုင်းကား တွေမရှိတဲ့ မြို့သစ်တွေကို တရားဝင်ဆိုင်ကယ်လေးများစီနင်းခွင့်ပြုပေးပါလား။နိုင်ငံတော်လည်း အခွန်ရ၊ခရီးသွားတွေပြည်သူတွေလဲ အဆင်ပြေ၊withoutတွေလဲရှင်းပေါ့။ကျွန်တော် ဆန္ဒတူတဲ့ လူတွေနဲ့ လိုင်စင်ရဖို့ ဆန္ဒပြချင်တယ်ဗျာ။အမှားများပါခဲ့ရင်လဲ ခွှင့်လွှတ်ကြပါခင်္ဗျား။

  1. Anonymous said... :

    I gave an endorsement for left handed
    steering wheel. The technique could get from Cambodia.

  1. မှန်၏။ သူဆင်းတို့ အတွက် အကွက်များ လို၏။

  1. Anonymous said... :

    မှန် တယ် သယ်ရင်းးးး ဆိုင် ကယ် က မြို့ ပြင်က လူတွေရဲ့ အားထားစရာ လမ်းပန်းဆက်သွယ်ရေးတစ်ခုပါ။ စည်းကမ်း တစ်ခု ချပေး လိုက်ဖို့ပဲ ။ဒါဆိုရင် ok ပြီ။

  1. Unknown said... :

    စည်းကမ်းတကျဖြစ်ဘို့ပဲလိုပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved