~
ကျော်ခ ~
![]() |
(ဓာတ်ပုံများ - goolfm.net) |
အိုင်ဗရီကိုစ့်အသင်းမှာ ဥရောပမှာ ကစားနေတဲ့ နာမည်ကြီးကစားသမားတွေဖြစ်တဲ့ ဒရော့ဘာ၊ ကိုလိုတိုရေး၊ ယာယာတိုရေး၊ ဂါဗင်ဟိုနှင့် တီအိုတီတို့ပါဝင်သလို၊ အိမ်ရှင် ဆီနီဂေါအသင်းမှာလည်း ဒမ်ဘာဘား၊ စစ်ဆီနဲ့ မီယာမီတို့ပါဝင်ပါတယ်။
ဒီပွဲမှာ ချယ်ဆီးကစားသမားဟောင်း ဒရော့ဘာ တစ်ဦးထဲ နှစ်ဂိုးသွင်းပြီး အိုင်ဗရီကိုစ့်အသင်းက အိမ်ရှင် ဆီနီဂေါ အသင်းကို ၂ - ၀ နဲ့ အနိုင်ရရှိနေခဲ့တာပါ။
ဒုတိယပိုင်း ပွဲချိန် မိနစ် ၇၀ မှာတော့ အိမ်ရှင် ဆီနီဂေါ ပရိတ်သတ်တွေက ကျောက်ခဲတွေ၊ မီးရှုးမီးပန်းတွေနဲ့ ပစ်ပေါက် ကြတဲ့ အတွက် ပွဲကိုရပ်ဆိုင်းလိုက်ရတာဖြစ်ပြီး အိုင်ဗရီကိုစ့်အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးသွင်းပေးခဲ့တဲ့ ဒရော့ဘာ အပါအဝင် ကစားသမားတွေကို ဒိုင်းတွေ ကိုင်ဆောင်ထားတဲ့ ဆီနီဂေါရဲတွေက ခြံရံပြီးတော့ ကွင်းထဲကနေ ကယ်ထုတ်ပေးခဲ့တာပါ။
ပရိတ်သတ်တွေ သောင်းကျန်းလို့ ဒီပွဲကို အဆုံးသတ်လိုက်တဲ့အတွက် အိုင်ဗရီကိုစ့်အသင်းဟာ ဆီနီဂေါအသင်းကို ပထမပွဲစဉ် ကတည်းက ၄-၂ ဂိုးနဲ့အနိုင်ရရှိထားပြီးဖြစ်တဲ့ အတွက် နှစ်ကျော့ပေါင်း ၆-၂ ဂိုးနဲ့ အနိုင်ရရှိသွားပြီဖြစ်ပါတယ်။
ယခုပွဲတွင် အိုင်ဗရီကိုစ့်တိုက်စစ်မှူး ဒရော့ဘာ က ဒုတိယပိုင်း ၅၁ မိနစ်တွင် အသင်းအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့သလို ပွဲချိန် မိနစ် ၇၀ တွင် ရရှိသည့် ပင်နယ်တီကိုလည်း ကိုယ်တိုင်ကန်သွင်းပြီး ဒုတိယဂိုးအဖြစ်သွင်းယူကာ အနိုင်ရလာဒ်ကို သေချာစေခဲ့သည်။
အဲဒီ့ ပင်နယ်တီကို ကန်သွင်းအပြီးမှာပဲ အိမ်ရှင် ဆီနီဂေါ ပရိတ်သတ်တွေက ပွဲကြည့်စင်ပေါ်ကနေ ခဲ၊ မီးရှုးမီးပန်းတွေအပါအဝင် အခြားအရာ ဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် နှစ်ဖက်ကစားသမားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါပေမယ့် နာမည်ကြီး ကစားသမားတွေတော့ ထိခိုက်ခဲ့ခြင်းမရှိဘူးလို သူတို့ရဲ့ အသင်းပိုင် ဝဘ်ဆိုက်တွေက အရေးပေါ်သတင်းအဖြစ် ဖော်ပြကြပါ တယ်။
ပွဲကိုအဓိကရုဏ်းဖြစ်သွားတဲ့အတွက် အိမ်ရှင်ဆီနီဂေါအသင်းဟာ အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့ ပြစ်ဒဏ်ပေးမှုကို ခံရတော့မှာ ဖြစ်ပါတယ်။
အဓိကရုဏ်းဖြစ်ပွားခဲ့စဉ်မြင်ကွင်း
-
0 comments :
Post a Comment