ကာတာလေကြောင်းရဲ့ တကြော့ပြန် မြန်မာ ခရီးစဉ်

Thursday, October 4, 2012




                                 ကာတာလေကြောင်းလိုင်းက လေယာဉ် အမှုထမ်းများ၊ ဓာတ်ပုံ- ဧရာဝတီ


မြန်မာနိုင်ငံကို ပြန်လည် ပျံနေမှု စတင်လိုက်တဲ့ ကာတာ လေကြောင်း လိုင်းဟာ မြန်မာ့နိုင်ငံရေး အခြေအနေတွေ ပြောင်းလဲလာမှုရဲ့ နောက်ဆက်တွဲ ခြေလှမ်းတလှမ်းဖြစ်ပါတယ်။ 

ဒိုဟာ-ရန်ကုန် ခရီးစဉ်ကို ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း ကာတာ အဲဝေးစ်က ယမန်နေ့က ထုတ်ပြန်ကြေညာလိုက်တာပါ။ ဒီအပြင် ကာတာ လေကြောင်းရဲ့ အမှုဆောင် အရာရှိချုပ် လည်း မြန်မာနိုင်ငံကို လာရောက်ပါတယ်။



ကာတာ လေကြောင်းလိုင်းက ဒိုဟာ-ရန်ကုန် ခရီးစဉ်ကို ၂၀၀၈ ဇန်နဝါရီလက ရပ်ဆိုင်းထားခဲ့တာဖြစ်ပါ တယ်။ ထိုင်ဝမ်မှ EVA အဲဝေးစ်ဟာလည်း အောက်တိုဘာလ ၁၉ ရက်နေ့မှာ  ရန်ကုန်-ဘန်ကောက်-တိုင်ပေ ခရီးစဉ်ကို ပြေးဆွဲမယ်လို့ ဆိုပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved