ဒေါ်အောင်ဆန်းစုကြည် ချောမောစွာ ပြန် ရောက်ပြီ

Friday, October 5, 2012





မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၇ ရက်တာ အမေရိကန် ပြည်ထောင်စု ခရီး စဉ်ကနေ ချောမောစွာနဲ့ အောက်တိုဘာလ ၄ ရက်နေ့  မြန်မာစံတော်ချိန် ည ၁၀ နာရီကျော်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်လည် ရောက်ရှိလာပါတယ်။ 

အခုလို ညပိုင်း ပြန်ရောက်လာပေမယ့် ရန်ကုန်မြို့က ပြည်သူတွေ၊ NLD ပါတီဝင်တွေ၊ အနုပညာရှင်တွေ၊ စသဖြင့် အတော် စည်ကားစွာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုခဲ့ပါတယ်။ 

 
“ ယခုချိန်က ထိုင်နေရမယ့် အချိန်မဟုတ်တော့ဘူး အားလုံးညီညီညွတ်ညွတ်နဲ့ အလုပ် လုပ်ရတော့မယ့် အချိန်ရောက်နေပါပြီ ”
ဒေါ်အောင်ဆန်းစုကြည်


ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုနေကြတဲ့ လူပရိတ်သတ်တွေကို အမိုးဖွင့် ကားပေါ်ကနေ လက်ပြ နုတ် ဆက် သွားခဲ့ပြီး နေအိမ်ခြံဝန်း ရှေ့ရောက်တဲ့အခါမှာလည်း စောင့်ကြိုနေကြတဲ့ ပရိတ်သတ်ကို အဲဒီလို စကားတွေနဲ့ နုတ်ဆက်ပြောခဲ့ ပါသေးတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved