ရှားပါးလာတဲ့ ကျေးလက်ဆရာဝန်

Monday, October 22, 2012


အခု ပုံမှာ မြင့်တွေ့ရတာကတော့ လူနာ ကင်းမဲ့နေတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းက ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ် ကျေးရွာအုပ်စု၊ တိုက်နယ်ဆေးရုံ တရုံဖြစ်ပါတယ်။ ဒီပုံကို မြင်လို့ မြန်မာတွေ ၊ အထူးသဖြင့် အဲဒီဆေးရုံ တည်ရှိရာ ပိန်းဇလုပ်က လူတွေ ကျန်းမာရေး သိပ်ကောင်းပြီး ဆေးရုံ တက်စရာ မလိုအပ်ဘူးလို့ မထင်ပါနဲ့။

ဒီဆေးရုံဟာ ၁၉၈၁ ခုနှစ်ကတည်းက ကိုယ့်အားကိုယ်ကိုး တည်ဆောက်ဖွင့်လှစ်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် သက်တမ်း ရှိပြီး ညောင်လေးပင်အပါအ၀င် ကျောက်တံခါး အစရှိတဲ့ မြို့နယ်တွေက ကျေးရွာပေါင်း ၃၀ လောက်ရဲ့ ကျန်းမာရေး အခက်အခဲတွေအတွက် အားထားခဲ့ ရတဲ့ ဆေးရုံတခုလည်းဖြစ်ပါတယ်။ 

အခုအခါမှာတော့ ဆေးရုံမှာ ဆရာဝန်မရှိလို့ အခုလို လူနာကင်းမဲ့နေရတာဖြစ်တယ်လို့ ယနေ့  
အောက်တိုဘာ လ ၂၂ ရက် နေ့ထုတ် နိုင်ငံပိုင် သတင်းစာ၊ မြန်မာ့အလင်းသတင်းစာမှာ သတင်း တပုဒ် အဖြစ် ဖော်ပြထားပါတယ်။ 

ဒီဆေးရုံမှာ ဆရာဝန်မရှိတာ ၂ လရှိပြီလို ဆိုထားပါတယ်။ ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် သစ် တည်ဆောက်ဖို့ ယခင်စစ်အစိုးရများလက်ထက်ကတည်းက တနှစ် ၁ နှစ် ဆေးတက္ကသိုလ်တွေက ဆရာဝန်တွေ ရာနဲ့ချီပြီး ထွက်ပေါ်ခဲ့ တာ ဘယ်ရောက်ကုန်သလဲလို့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ 

ဒါမှ မဟုတ် ထွက်ပေါ်ခဲ့တဲ့ ဆရာဝန်တွေဟာ ကျေးလက်မှာ ဆရာဝန်အဖြစ်အမှုမထမ်းလိုပဲ မြို့ကြီး   
ပြကြီးတွေက ဆေး ရုံတွေမှာပဲ အမှုထမ်းဖို့ သူ့ထက်ငါ အလုအယက် ကြိုးစားနေမှု တချို့ကြောင့် လားဆို တာ မပြောတတ်ပါ။ 

နိုင်ငံတနိုင်ငံ တိုးတက်ဖို့ဆိုတာ မြို့ပေါ်၊ ကျေးလက်၊ ပြည်မ၊ ပြည်နယ်၊ ဒေသအနှံ ကျယ်ကျယ်ပြန့်ပြန့် တပြေးညီ တိုး တက်ပါမှ တိုင်းပြည်တိုးတက်လာမှာပါ။

ကျေးလက်က မြန်မာနိုင်ငံသားက ရာခိုင်နှုန်း ၇၀ လောက်ရှိတယ်ဆိုတာ မေ့ လျှော့မနေပဲ သတိရှိကြမယ် ဆိုရင် ကျေးလက်ဆေးရုံဆေးပေးခန်းတွေဟာလည်း အရေးပါတဲ့ နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေး မှာ အဓိက အခန်းကဏ္ဍက ရှိတယ်ဆိုတာပါပဲ။  ကျေးလက်က ဆရာဝန် သူငယ်ချင်းများ ပေါများလာပါစေလို့ ဆုတောင်း လိုက်ရပါတယ်။ 


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved