ချင်းတွင်းမြစ်ထဲက ကျပ်သိန်း တသောင်းကျော်တန် မူးယစ်ဆေး

Tuesday, October 9, 2012

~



မူးယစ်ဆေးတွေကို စစ်ကိုင်းတိုင်း ကနီမြို့အနီး ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ချင်းတွင်းမြစ်စက်လှေတစီးကို ရှာဖွေ စစ်ဆေးရာမှာ အက်ဖဒရင်း ဆေးပြား တောင်ပုံယာပုံ ဖမ်းမိတယ်လို့ ဒီကနေ့ အစိုးရသတင်းစာများမှာ ရေးထားပါတယ်။
ဖမ်းမိတဲ့ မူးယစ်ဆေးက ကျပ်သိန်းပေါင်း တသောင်းကျော် ပေါက်ဈေးရှိတယ်လို့ ဆိုတယ်။ စက်တင်ဘာ ၂၉ မှာ မိတာပါ။

အလဲဗင်းဂျာနယ် ၀က်ဆိုက်မှာတော့ ဒီသတင်းကို ၈ ရက် စောပြီး ဖော်ပြခဲ့ပါတယ်။ အစိုးရသတင်းစာက ဘာကြောင့် ဒီလောက် နောက်ကျတယ် မသိပါ။

တကယ်ဆို ဒီသတင်းက မျက်နှာဖုံးတင်ရလောက်အောင်ကြီးတဲ့သတင်း မဟုတ်လား။

အက်ဖဒရင်း ဆေးပြားက စိတ်ကြွဆေးနဲ့ ဓာတုပါဝင်နှုန်း တူညီတယ်၊ ပြီးတော့ စိတ်ကြွဆေး ထုတ်လုပ်ရာမှာ အဓိကကုန်ကြမ်းတမျိုးလည်း ဖြစ်တယ်လို့ သိရပါတယ်။

ကြေးမုံသတင်းစာမှာ ဖော်ပြထားတာကို http://4.bp.blogspot.com/-MUxOjPmrCvY/UHOj0TkVi_I/AAAAAAAAQKs/DbPEKN5SRJc/s1600/images.jpg မှာ ဖတ်နိုင်ပါတယ်။

ဆက်စပ်
စိတ်ကြွဆေးသယ်သည့် မြန်မာနိုင်ငံသားကို အိန္ဒိယရဲ ဖမ်း
 

 













- 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved