နိုဗဲလ် ငြိမ်းချမ်းရေး ဆု ဦးသိန်းစိန် ရ၊ မရ လောင်းကြေးဖြစ်နေ

Friday, October 12, 2012


 ယခုနှစ် ကုလသမဂ္ဂ ညီလာခံတွင် မိန့်ခွန်းပြောနေသော သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- ရိုက်တာ
~လင်းသန့်~
ယခုနှစ် ၂၀၁၂ ခုနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေး ဆုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန် ရနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ပေါ်လာပြီးတော့ အခုဆိုရင် မြန်မာပြည်တွင်းမှာ အလောင်းအစားဖြစ်
နေကြောင်း သတင်းရပါတယ်။ 

လောင်းကြေးတွေက ရန်ကုန် ဘုရင့်နောင်မှာလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပါတယ်တဲ့။ သမ္မတ ဦးသိန်းစိန် မရတဲ့ ဘက်က လောင်းကြေး ၁၂ လေးပေးထားပါတယ်တဲ့။ ရတဲ့ဘက်က ၁ လေးပဲ ရှိပါတယ်။

ဒါကြောင့် သမ္မတ ဦးသိန်းစိန် ဟာ ဒီနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေး ဆုကို ချီးမြင့်ခံရမယ်ဆိုရင်တော့ ဆုရမယ်လို့ လောင်းကြေး ထပ်သူတွေက ၁၂ ဆ လောင်းကြေး လျော်ကြေးငွေ ရကြမှာပါ။ 

ဒီကိစ္စနဲ့ပတ်သက်လို့လည်း သမ္မတ ဦးသိန်းစိန်အနေနဲ့ နိုဗဲလ်ငြိမ်းချမ်းရေး ဆု ရသင့်၊ မရသင့် ကို ဧရာဝတီ ဘလော့ဂ် စာမျက်နှာမှာ စစ်တမ်း ကောက်ယူ ခဲ့တာမှာ ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့ နေ့လယ် ပိုင်း အချိန်ထိ ဆန္ဒမဲပေး ချက်ပေါင်း ၁၈၇၀ ရှိပြီး ရသင့်တဲ့ ထောက်ခံမဲ ၉၀၅ မဲနဲ့ ၄၈.၄% ရှိနေပြီး၊ မရသင့်ပါဘူးဆိုတာက ၇၂၃ မဲနဲ့ ၃၈.၆၆% ရှိနေပါတယ်။ စိတ်မ၀င်စားပါ ဆိုတဲ့ မဲစာရင်းကတော့ ၂၄၂ မဲနဲ့ ၁၂.၉၄ % ရှိနေပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းက နိုဗဲလ်ငြိမ်းချမ်းရေး ဆု ခန့်မှန်းစာရင်းမှာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ လောက် စစ်အုပ်ချု့ပ်ရေး ကို အဆုံးသပ်လိုက်ပြီးနောက် ပြုပြင်ပြောင်းလဲရေးသမားကြီးအဖြစ် လူသိများတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်း စိန်ဟာ ပါဝင်လာတဲ့သတင်းတွေ ပေါ်ထွက်လာပါတယ်။ 

ဒီနှစ်အတွက် ဆုရွေးချယ်ခြင်းခံရဖို့ အမည်စာရင်း တင်သွင်းခံထားတာ အဖွဲ့အစည်းပေါင်း ၄၃ ခု၊ လူပုဂ္ဂိုလ်
တွေ နဲ့ စုစုပေါင်း ၂၃၁ ခု ရှိတယ်လို့ ဆိုပါတယ်။ 

CNN သတင်းဌာနက နိုဗဲလ်ငြိမ်းချမ်းရေး ဆုများနဲ့ ပတ်သက်လို့ လေ့လာသုံးသပ်သူ တဦးဖြစ်တဲ့ Harpviken ကတော့ ဒီနှစ် အတွက် အာရှ တိုက်ကသာ ရမယ်ဆိုရင် သမ္မတ ဦးသိန်းစိန် ဟာ နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင်ဖြစ်လာနိုင်သလား လို့ သူက မှတ်ချက်ပေးထားပါတယ်။ 

ဖိနှိပ်တဲ့ အစိုးရနောက်ခံ သမိုင်းကြောင်း ရှိတဲ့ ဦးသိန်းစိန်ဟာ စစ်အာဏာရှင်က နေ ရုန်းထွက်လာသူဖြစ်ပြီး သူ သမ္မတ ဖြစ်လာပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အဓိက ဦးဆောင်လုပ်လာသူ ဖြစ်တယ်လို့ သူက ဆိုထားပါတယ်။ 

Thein Sein 

Could this year's winner come from Asia? If so, Myanmar's President Thein Sein could be an interesting dark horse candidate, Harpviken said. 

"He comes out of a military junta of course, has a background within a repressive regime, but once he came to power himself he initiated major political reforms," Harpviken said. 

ဦးသိန်းစိန် သာ ယခုနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရခဲ့ရင် မြန်မာနိုင်ငံမှာ နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် ၂ ဦးဖြစ်သွားနိုင်ပါတယ်။ အခုတော့ ၁၉၉၂ ခုနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရှင်ကတော့ အများသိပြီးဖြစ် 
တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ 


တကယ်တော့ နော်ဝေအခြေစိုက် နိုဗဲလ်ငြိမ်းချမ်းရေး ဆုရွေးချယ်ရေးအဖွဲ့အနေနဲ့ တရားဝင်ကြေညာတဲ့ ရက်ရောက်မှ သာ ဘယ်သူ ဆုရတယ်ဆိုတာ သိကြတာပါ။ 

ဒီနှစ်အတွက် နိုဗဲလ်ငြိမ်းချမ်းရေး ဆုကို ဒီကနေ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာ နော်ဝေနိုင်ငံ အော်စလို ငြိမ်းချမ်း ရေး စင်တာက ဆုရွေးချယ်ရေးအဖွဲ့က ကြေညာသွားမှာဖြစ်ပါတယ်။ 

ဧရာဝတီရဲ့ စစ်တမ်း အရတော့ သမ္မတ ဦးသိန်းစိန်ဟာ ငြိမ်းချမ်းရေး နိုဗဲလ် ဆု ပေးသင့်ကြောင်း ဆန္ဒမဲက အများစု ဖြစ်ပါတယ်။

1 comments :

  1. Anonymous said... :

    ဦးသိန်းစိန်အနေနဲ့...ဘယ်လောက်များ..ငြိမ်းချမိးေ၇တွေလုပ်ခဲ့သလဲဆိုတာ....ပြန်စဉ်းစားဖို့လိုပါလိမ့်မယ်။ငြိမ်းချမ်းေ၇းနိုဗဲလ်ဆု..ဆိုတာ..ဒီလိုလွယ်လွယ်နဲ့...ပေးရိုးထုံးစံမရှိခဲ့ပါဘူး။...အခုအချိန်ထိ..တိုင်၇င်းသားကချင်..ကိုတိုက်နေတုံးပါဘဲ....အခုအချိန်ထိ...ပွင့်လင်းမြင်သာတဲ့..အစိုး၇ဖြစ်မလာသေးပါဘူး........ဦးသိန်းစိန်သမတဘယ်လိုဖြစ်လာတယ်..လူတိုင်းသိကြပါတယ်...ထောင်ထဲကနိုင်ငံေ၇းအကျဉ်းသားတွေကို.အကုန်လုံလွှတ်မပေးသေးပါဘူးဒါကိုကြည့်ခြင်းအားဖြင့်..ဘယ်လိုမှ..နိုဗဲလ်..ဆုမ၇နိုင်ပါဘူး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved