မန္တလေးနဲ့စစ်ကိုင်းက အမှုနှစ်ခု

Friday, October 12, 2012

~




မန်းသားလေး ~

မန္တလေး အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက် ဒေသခံတဦးသည် စက်တင်ဘာလ ၁၇ ရက်နေ့က ရိုက်နှက်ခံရသဖြင့် ညာဘက်လက်ဖျံရိုး သုံးပိုင်းကျိုးသွားသည်။

အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဝင်းဦးက သံတုတ်ဖြင့် အကြောင်းမဲ့   ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း၊ အမှတ်(၅)ရဲစခန်းက  ပ ၄၂၅၊ ၂၀၁၂ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၂၅၊ ၂၉၄ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ယင်းပုဒ်မတို့မှာ သာမန် ဒဏ်ရာရရှိ နာကျင်စေမှု၊  ပိုင်နက်ကျူးလွန်မှု တို့ဖြစ်သည်။

 
 ဤအမှုအပြင် ရပ်ကျေး ဥက္ကဋ္ဌတချို့၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး တိုင်းအစိုးရ ၀န်ကြီးချုပ်၊ နယ်စပ်ရေးရာဝန်ကြီးတို့ကလည်း တိုင်းလွှတ်တော်တွင် ပြောဆိုခဲ့ကြသည်။

ဝန်ကြီးချုပ်ရဲ့ စကား

ရပ်ကျေး ဥက္ကဋ္ဌတချို့သည် ပြည်သူကို အလေးမထားဘဲ အထက်အရာရှိဖြစ်သော မြို့နယ် အုပ်ချုပ်ရေးမှုးကိုသာ အားထားပြီး ဥပဒေမဲ့ ဆောင်ရွက်မှုများ ရှိနေသေးကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင်  မန္တလေးတိုင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးရဲမြင့်က   ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးကို ဥပဒေနှင့်အညီ အမြန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၂၈ရက်နေ့ လွှတ်တော်အစည်းဝေးတွင် ပြောကြားခဲ့သည်။

ဝန်ကြီး ဘာပြောသလဲ

မန္တလေးတိုင်း   လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးကလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၁၂ ဦးကို တာဝန်မှ ထုတ်ပယ်ခဲ့ပြီး ဖြစ်ကြောင်း   စက်တင်ဘာလ ၂၇ ရက်နေ့ တိုင်းဒေသကြီးလွှတ်တော် ပြောကြားခဲ့သည်။

ထိုသို့ တာဝန်ပျက်ကွက်သူတို့ကို ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကို (၂၀၁၂ ခုနှစ် ပြည်ထောင်စု လွှတ်တော်ဥပဒေ၊ အမှတ်၇) ဖြင့် အရေးယူဆောင်ရွက်နိုင်ရန် ပြဌာန်းပြီး ဖြစ်ကြောင်း၊   အုပ်ချုပ်ရေးမှူးများ ကျင့်ဝတ်ဖောက်ဖျက်၊ အရည်ချင်းပျက်ယွင်းခြင်းလျင် ရပ်ကွက်(သို့) ကျေးရွာ အုပ်ချုပ်ရေး ဥပဒေပုဒ်မ ၁၅ ဖြင့် အရေးယူဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒီပဲယင်းကွဲ အနိုင်ကျင့်မှု

စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲ ကျေးရွာတွင်လည်း ၀န်ထမ်းတဦး၏ ၄ ဧကခွဲကို ကျေးရွာဥက္ကဌ ဦးခင်မောင်မြင့်က   သိမ်းလိုက်ကြောင်း သိရသည်။

မြေပိုင်ရှင်ဝနထမ်းမှာ နေပြည်တော် ကုမ္ပဏီများ ညွန်ကြားမှု ဦးစီဌာန၊ စီးပွားစီမံတွင် ဌာနမှုးအဖြစ် လုပ်ကိုင်နေသည်။

“အမက နေပြည်တော်မှာဘဲ အနေများတယ်။ အဲဒီမှာ အမရဲ့ အမေနဲ့ အဖေ နေတယ်။ ညပိုင်းမှာ သူတို့ နေတဲ့ အိမ်ကို ခဲတွေနဲ့ ထုတယ်။ အဲဒါကြောင့် အဲဒီမှာ မနေရဲဘဲ မြို့ပြင်ထွက်နေရတယ်။ ရွာထဲဝင်ရင် သတ်မယ် ဖြတ်မယ်ဆိုပြီး ပြောနေတာ။ အမ စစ်ကိုင်းတိုင်း အုပ်ချုပ်သူတွေဆီ ဒီကိစ္စ တင်ပြထားပေမဲ့လည်း ဘာထူးခြားမှုမှလည်း မရှိပါဘူး” ဟု မြေယာပိုင်ဆိုင်သူ ဒေါ်စန္ဒာအောင်ကပြောသည်။

ပိုင်ဆိုင်မှု စာရွက်စာတမ်းများ ပြနိုင်သည်ဟု သူက ဆက်ပြောသည်။

“မြို့နယ်မှူးတွေကိုယ်တိုင် ကျွန်မတို့ မြေကွက်တွေကို သိမ်းခိုင်းတာလို့ အဲဒီ ဥက္ကဌက ပြောတယ်။ ကျွန်မမှာ အသံဖမ်းထားတာ ရှိပါတယ်။ ဒီလို အုပ်ချုပ်ရေး အာဏာကို အလွှဲသုံးစားလုပ်ပြီး ရပ်ကွက်နေ ပြည်သူတွေအပေါ်မှာ မတရား လုပ်ဆောင်နေတာတွေကို လုံးဝမှ လက်မခံပါဘူး။ ပိုင်ဆိုင်မှုတွေ ပြနိုင်တဲ့ ကျွန်မတို့ လယ်ကွက်ကို ကျွန်မတို့ ပြန်လိုချင်ပါတယ်” 












-
 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved