ဦးနုရဲ့ တာတေ စနေသား နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြသုံးသပ်

Monday, October 15, 2012




တချိန်က ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့ တာတေစနေသား ဆိုတဲ့ ကိုယ်တိုင်ရေး နိုင်ငံရေး အတ္တုပ္ပတ္တိ စာအုပ်နဲ့ ပတ်သက်ပြီး ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာရဲ့ စာပေကဏ္ဍမှာ စတင်ဖော်ပြ လာပါတယ်။ 

အခုလို ကလောင် ဟိန်းလတ်ရဲ့ တာတေစနေသား စာအုပ်အကြောင်း ရေးသား ဖော်ပြရာမှာ အိမ်ရှေ့ 
ရောက် လာတဲ့ ရဲဘော်လေးကို ဦးနုက "မင်းက ဘာလဲ" လို့ မေးလိုက်တော့ "ကျနော်တို့ တပ်မတော်က အာဏာသိမ်းလိုက်ပြီ" လို့ ဖြေလိုက်တယ်။ ပြီးတော့ " လောက်ကောင် မိပြီ " လို့ သတင်းပို့တာကို လည်း ရေးသား ဖော်ပြထားပါတယ်။ ဦးနုခမျာ ၀န်ကြီးချုပ် ဘ၀ကနေ လောက်ကောင် လုံးလုံး ဖြစ်ရ တာကိုလည်း အဲဒီအခန်းရေးပြထားတာကို စာရေးသူ က ဖော်ပြထားပါတယ်။


 နောက်မှ အကြောင်းစုံဖြစ်တဲ့ ဗိုလ်ချုပ်နေ၀င်းက အာဏာသိမ်းလိုက်တယ်ဆိုတာ သိရတဲ့အခါ ဦးနုက " သြော် ဒီလိုကိုး' ဆိုပြီး ပြန်လည်ဖြေကြားခဲ့တဲ့အခန်းကိုလည်း ရေးသား ဖော်ပြထားပါတယ်။ 

အခုလို နိုင်ငံပိုင် ကြေးမုံ သတင်းစာမှာ တလျှောက်လုံး တားမြစ်ထားတဲ့ စာအုပ်ကို သုံးသပ်တင်ပြခွင့် ရ တာ ဒါဟာ ပထမ ဆုံး ဖြစ်ပါလိမ့်မယ်။ မြန်မာ့ သတင်းစာလောကရဲ့ ထူးခြားတဲ့ အပြောင်းအလဲ တခုလေ လား ဆိုတာ ဆက်လက်စောင့်ကြည့် ရအုံးမှာဖြစ်ပါတယ်။

3 comments :

  1. Unknown said... :

    စာအုပ်ထုတ်ဝေမှုကို များများ ထုတ်စေလိုပါသည်။
    စာပေအရောင်းဆိုင်များတွင် မေးမြန်းရာ စာအုပ်ပြတ်လပ် သဖြင့် ထပ်မံရိုက်နှိပ်နေခြင်းသာ တွေ့ကြုံနေရပါသည်။

  1. Anonymous said... :

    အမှန်တရားတွေကို ဖုံးကွယ်ပိတ်ဆို့ခံထားခဲ့၇တာ နှစ်ပေါင်းများစွာ ကြာခဲ့တယ်။
    အမှားကို မြင်၊ အမှန် ပြင်ပြီး ဂုဏ်သိက္ခာရှိသော ပြည်ထောင်စုကြီးကို ပြန်လည်တည်ဆောက်ကြပါစို့။

  1. Unknown said... :

    ပြောင်းလဲလာမှုကို ဝမ်းမြောက်စွာ ကြိုဆိုပါတယ် ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved