~
ပြည်တော်မြင့် ~
သတင်းထောက်တို့၏ မေးမြန်းချက်ကို ဖြေကြားနေသည့် လက်ထောက်တာ့ခ်ခရိုင်ဝန် (ဓာတ်ပုံ - ပြည်တော်မြင့်/ဧရာဝတီ) |
နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ပြုလုပ်သည့် စီမံကိန်းကို ထိုင်းနိုင်ငံဘက်မှ အာရှဖွံ့ဖြိုးရေးဘဏ်၏ အကူအညီ ဖြင့် ၂၀၀၄ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး နယ်မြေအေးချမ်းမှု မရှိသည့်အတွက် ၂၀၀၅ ခုနှစ်တွင် ရပ်နားထားရခြင်းဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး KNU က ၎င်းတို့ ထိန်းချုပ်နယ်မြေနှင့် လွတ်ကင်းခြင်း မရှိသည့် ထိုစီမံကိန်းကို ကန့်ကွက်ခဲ့သော်လည်း မကြာသေးမီက အပစ်အခတ်ရပ်စဲပြီးနောက် ယခုကဲ့သို့ စီမံကိန်းပြန်လည်စတင်မည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။
မြ၀တီအနီး ဒုတိယမြောက် ထိုင်း-မြန်မာချစ် ကြည်ရေးတံတားတစင်းကို မကြာမီဆောက်လုပ်ပေးတော့မည်ဟု တာ့ခ်ခရိုင် လက်ထောက်ခရိုင်ဝန် က ယနေ့မဲဆောက်မြို့တွင် ပြုလုပ်သည့် လမ်းတံတားစီမံကိန်းဆိုင်ရာ ရှင်းလင်းပွဲတွင် ပြောသည်။
လက်ထောက်ခရိုင်ဝန်နိုင်မွန်းခွန်းစံထိတီဝိထွန်း က
”တံတားစီမံကိန်းနဲ့ လမ်းဖောက်လုပ်ရေး စီမံကိန်းကို မကြာခင်မှာ စတင်တော့မှာဖြစ်တယ်။ ဒီစီမံကိန်းက နှစ်နိုင်ငံဖွံ့ဖြိုးရေးနဲ့ ကုန်သွယ်ရေးအတွက် အကျိုးရှိစေမှာ ဖြစ်တယ်။ မြန်မာဘက်ကလည်း အမြန်ဆုံးလုပ်ငန်းအကောင်အထည်ဖေါ်ဘို့ ထိုင်းဘက်ကို ပြောပါတယ်” ဟု ဒေသခံ သတင်းထောက်များကို ရှင်းပြသည်။
နှစ်ဘက် ၀န်ထမ်းများ ပူးပေါင်းလုပ်ကိုင်မယ်
လမ်းဖောက်လုပ်ရေးတွင် အသုံးပြုမည့်စက်ယန္တရားများနှင့် ထိုင်းကုမ္မဏီဝန်ထမ်းများ မြ၀တီမြို့သို့ ရောက်ရှိ ပြီးဖြစ်သောကြောင့် မကြာမီ လုပ်ငန်းစတင်တော့မည်ဟု ၎င်းစီမံကိန်းကို လုပ်ကိုင်ခွင့် ရရှိထားသည့ှ်SEE SANG YOTHA ကုမ္မဏီမှ ထိုင်းအင်ဂျင်နီယာတဦးက ပြောသည်။
စီမံကိန်းတွင် ထိုင်း-မြန်မာအင်ဂျင်နီယာများနှင့် ၀န်ထမ်းများက လမ်းပိုင်းများအလိုက် တာဝန်ယူရန် သဘောတူညီထားကြောင်း၊ စက်ယန္တရားများကိုလည်း နှစ်ဘက် ကျွမ်းကျင်သူများ က ကိုင်တွယ်သွားမည် ဖြစ်ကြောင်း မြ၀တီမြို့မှ မြန်မာအင်ဂျင်နီယာတဦးက ဆိုသည်။
ထိုင်းနယ်စပ်ကို သွားတဲ့ အဓိကလမ်းတခုဖြစ်တဲ့ ကော့ကရိတ် - မြ၀တီကားလမ်း |
လက်ရှိအသုံးပြုနေသည့် တလမ်းသွား မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော်ကားလမ်းမှာ အရှည်မိုင် ၄၀ ခန့်သာ ရှိသော်လည်း လမ်းခရီး ကြာမြှင့်ချိန်မှာ ၃ နာရီ နီးပါးရှိသည်။
အသစ်ဖောက်လုပ်မည့်တောင်ပတ်လမ်းပြီးစီးပါက ကားမောင်းချိန် တနာရီခန့်သာ ကြာမည်ဟု မြန်မာယာဉ်မောင်းတဦးဖြစ်သည့် ဦးမောင်နီက ပြောသည်။
ကော့ကရိတ်-မြ၀တီ ကားလမ်း တနေရာ |
ထို့အပြင် ယခင်ကဲ့သို့ တရက်ခြား ပြေးဆွဲရသည့် ယာဉ်တန်းခရီးစဉ်မဟုတ်ဘဲ နေ့စဉ်အသွားအပြန်ပြေးဆွဲနိုင်မည့် နှစ်လမ်းမောင်းဖြစ်သည့်အတွက် နှစ်နိုင်ငံ ကုန်စည် စီးဆင်းမှုကို မြန်ဆန် လွယ်ကူစေမည့်ဟုလည်း ထိုင်းနှင့်မြန်မာ ကုန်သည်ကြီးများက ပြောသည်။
တံတားဟောင်း ကြံ့ခိုင်မှု အားနည်းလာ
တန် ၅၀ အောက်ကုန်တင်ယာဉ်များ သွားလာနိုင်မည့် ဒုတိယမြောက် ချစ်ကြည်ရေးတံတားကို ထိုင်းနိုင်ငံဘက်က အကုန်အကျခံပြီး လက်ရှိတံတား၏မြောက်ဘက် ၁၅ ကီလိုမှတာ အကွာအဝေးတွင် ဆောက်လုပ်ရန် မြန်မာနှင့်ထိုင်း ပဏာမသဘောတူညီမှုရရှိထားသည်၊ မြန်မာဘက်က ခွင့်ပြုသည်နှင့် တပြိုင်တည်း တည်ဆောက်ရေး လုပ်ငန်းများ စတင်သွားမည်ဟု ထိုင်းဘက်က ပြောသည်။
၁၉၉၇ ခုနှစ်က တည်ဆောက်ခဲ့သည့် လက်ရှိ ချစ်ကြည်ရေးတံတားမှာ ၂၀၀၆ ခုနှစ်မှ စတင်ကာ တံတားကြံ့ခိုင်မှု ကျဆင်းခဲ့သည့်အတွက် ၁၂ တန်အောက် ကုန်တင်ကားများကိုသာ အသုံးပြုနေရသဖြင့် ကုန်စည် စီးဆင်းမှုကို ကြန့်ကြာစေည်ဟု နှစ်ဘက်ကုန်သည်များက ပြောသည်။
ဤလမ်းကြောမှတဆင့် ထိုင်းကုန်စည်များကို မြန်မာနိုင်ငံအတွင်းပိုင်းသို့ လစဉ် ဘတ်ငွေ သန်း ၃ ထောင် ဘိုးခန့် ပုံမှန် တင်ပို့လျက်ရှိသည်ဟု တာ့ခ်ခရိုင်ကုန် သည်ကြီးများ အသင်း၏ စာရင်းတွင် ဖော်ပြထားသည်။
-
0 comments :
Post a Comment