NLD အများအပြား ပြည်ခိုင်ဖြိုးဘက် ပါသွားပြီ

Wednesday, October 17, 2012

~

 



 သန်းထိုက်ဦး ~
ယခုနှစ် မတ်လ ၃၁ ရက်နေ့က ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်အနီး တွေ့ရသော ပြည်ခိုင်ဖြိုးပါတီဝင်များ (ဓာတ်ပုံ - ခင်သြ/ဧရာဝတီ)
မကွေးမြို့၊ ဒေါင်းနေကျေးရွာမှ NLD ပါတီဝင် ၁၅ ဦး ခန့်  ပြည်ခိုင်ဖြိုး ပါတီသို့ မကြာသေးခင် ရက်ပိုင်းက ကူးပြောင်းသွားကြောင်း သိရသည်။

 နိုင်ငံအနှံ့အပြား  NLD ညီလာခံများ ပြုလုပ်နေချိန်တွင် ဤသို့ အလုံးအရင်းနှင့် ကူးပြောင်းမှု ဖြစ်ပွားခြင်း ဖြစ်သည်။

မကွေး ခရိုင် NLD ညီလာခံ ကျင်းပရေး ကော်မရှင် အဖွဲ့ဝင်  ဦးရဲတင့်ကို ဧရာဝတီကဆက်သွယ်မေးမြန်းရာ ဤသတင်း မှန်ကန်သည်ဟု သူက ဆိုသည်။

“ဒေါင်းနေကျေးရွာမှာ ၁၂ နှစ်အောက် ကလေးငယ်များကို မှတ်ပုံတင် ပြုလုပ်ပေးမယ် ဆိုပြီးတော့ အိမ်ကို ခေါ်တာ၊ အိမ်ကို ရောက် တဲ့ အခါကျတော့ ပြည်ခိုင်ဖြိုးနဲ့  NLD စည်းရုံးရေးမှူးတွေ ပေါင်းပြီးတော့ အိမ်သာ ပလပ်စတစ်ခွက်တွေ ပေးတယ်၊ ဦးထုပ်တွေပေးတယ်၊ တီရှပ်တွေ ပေးတယ်၊ လူတွေများလာကာမှ သူတို့ကနေပြီး ပြည်ခိုင်ဖြိုးပါတီထဲကို လူတွေ အလုံးအရင်းနဲ့ ၀င်ရောက်ပါတယ် ဆိုပြီးတော့ သတင်း ထုတ်လိုက်တာပါ” ဟု ၎င်းက ဆိုသည်။

ဒေသခံ NLD ပါတီဝင်တဦးဖြစ်သူ ဦးစိုးနိုင်နှင့် ကြံ့ခိုင်ရေးပါတီဝင်များ ပူးပေါင်း စည်းရုံးခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေါင်းနေကျေးရွာတွင် NLD ပါတီဝင်  ၃၀ ခန့် ရှိသည့်အနက် ထက်ဝက်ခန့် ပါတီကူးပြောင်းသည်ဟု သိရကြောင်း သူက ဆက်ပြောသည်။

“ဒီလိုလုပ်တာဟာ ကိုစိုးနိုင်ရဲ့ သဘောထား တခုပါပဲ၊ ကျနော်တို့ ပွင့်ပွင့် လင်းလင်း ပြောရရင်တော့ သူရဲ့ အခြေမခိုင်မှု၊ သူရဲ့နိုင်ငံရေး ခံယူချက် မရှိမှု လို့ပဲ ကျနော်တို့ သုံးသပ်ပါတယ်၊ သူ့အနေနဲ့ ၀င်တာ ကိစ္စမရှိဘူး ဒါပေမယ့် တဖက်လှည့်နဲ့ အဲဒီလို လုပ်တဲ့ အခါ ကျတော့ ကျနော်တို့ NLD   သိက္ခာကျတယ်၊  မလုပ်သင့်ဘူး” ဟု ၎င်းက ဆိုသည်။

ဘက်ပြောင်းသွားသူတို့ကို ပြန်စည်းရုံးမည်ဟု ဦးရဲတင့်က ဧရာဝတီကို ပြောသည်။



ဤဖြစ်ရပ်နှင့် ပတ်သက်ပြီး ပါတီနှစ်ခုစလုံးက တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိသေးကြောင်း သိရသည်။










-


12 comments :

  1. Anonymous said... :

    ၁၅ ယောက်ဆိုတာ အများအပြားလားဗျ?

  1. Anonymous said... :

    ဧရာဝတီရေ.. မင်းခေါင်းစဉ်ကလည်း လန့် စရာကြီး။
    ဘာမဟုတ်တဲ့  အတွေးအခေါ်မရှိတဲ့ အခွင့်ရေးသမားတချို့  ပြောင်းတာ သတင်းမဟုတ်ပါဘူး။
    မြန်မာပြည်မှာ သန်း၆၀ ရှိတယ်။ လူ သုံးဆယ် ပြောင်းတာ သတင်းလား။

  1. Anonymous said... :

    ကြံ့ခိုင်ရေးတွေက ကလိမ်ကျစ်လုပ်တဲ့ နေရာမှာတော့ တစ်ဖက်ကမ်းခတ်ပါတယ်။
    ဒါပေမဲ့ အညာကျေးလက်လူထုကတော့ ကြံ့ခိုင်ရေးကို အတော် ရွံသွားပါတယ်။
    အစိုးရပိုင် မြေကော်စက်ကြီးတွေနဲ့
    ကျေးရွာချင်းဆက်နေတဲ့ လမ်းတွေကို မြင်ပေးမယောင် ဟန်ပြပြီး အင်န်အယ်ဒီလဲနိုင်သွားရော ကြားဖြတ်ပြီးတာနဲ့ ၀န်ချီကားကြီးတွေ ပြန်ရုတ်သိမ်းသွားပါတယ်။
    ပြည်သူကို တကယ်စေတနာ ထားတာလား၊ အာဏာကို ဆက်ပြီးချုပ်ကိုင်ထားချင်တာလားဆိုတာ ကွဲပြားသွားတာပေါ့။
    ဓါတ်မြေသြဇာတွေ ဈေးကျရင် ဇွတ်အမြတ်တင်ပြီး တောင်သူတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေ တဆင့် မ၀ယ်မနေရ ထိုးရောင်းတယ်။ ဈေးတက်တဲ့နှစ်ဆိုရင် အပြင်ကို
    ထုတ်ရောင်းတယ်။
    ဒါက နည်းနည်းလေး ပြောတာပါ။ ရေးလို့မကုန်နိုင်သော ကြံ့ခိုင်ရေးရဲ့ ကောက်ကျစ်ယုတ်မာမှုတွေပါ။
    ဘက်ပြောင်းသွားတဲ့ အင်န်အယ်ဒီတွေလဲ သစ္စာဖောက်တွေအဖြစ် နိုင်ငံရေး နိဂုံးချုပ်သွားပါပြီ။နိုင်ငံရေးထိပ်သီး ဦးအောင်ကြီးပင် ဖောက်ပြန်သွားတော့ ယနေ့ထိ နိုင်ငံရေးလောကမှာ စုန်းစုန်းမြုတ်ပြီး လူမသေမီက သမိုင်းသေနေတာကို သင်ခန်းစာယူပြီး လူထုအတွက် စေတနာထားပြီး နိုင်ငံရေးလုပ်ကြဘို့ လိုအပ်နေပါပြီ လို့ အကြံပြုချင်ပါတယ် ခင်ဗျာ။

  1. Anonymous said... :

    ကြံ့ဖွတ် ကလိမ်ကကျစ် လုပ်တဲ့ ဥဉ်ဆိုးတွေဖျောက်ဘို့ကောင်းပါပြီ လူများတိုင်းမဲမရတာ မသိသေးဘူးလား

  1. Anonymous said... :



    ဗမာလူမျိုးများ အသုံးမကျပုံကိုပြောပါတယ်။ သစ္စာမရှိ ယုံကြည်မှုမရှိ ဒီလိုလူတွေ နဲ့ စုပြုံနေတဲ့နိုင်ငံ ဘယ်လိုကောတိုးတက်နိုင်အုံးမှာလဲ ။ NLD ပါတီဝင်တယောက်တော့မဟုတ်ပါဘူး အခုဖြစ်ရပ်ကြီးကတော့ ရိုင်းလွန်ပါတယ်။ အသုံးမကျတဲ့ ဗမာတွေလို့ပဲ ကို့လူမျိုးကိုပြန်စဲတော့မယ်။

  1. Anonymous said... :

    a yuu tway lo pal..

  1. Anonymous said... :

    ခေါင်းစဉ်ကလည်း ဝမ်းသာအားရထရေးသလိုဖြစ်နေတယ်
    သတိတော့နည်းနည်းထားပါဆရာရယ်
    ၁၅ ယောက်ဆို လုံလောက်ပါတယ် တိတိကျကျသိနေတာပဲ

  1. Anonymous said... :

    သတင်းတစ်ခုမှာ လူ ၂,၀၀၀ လို့ တွေ့မိလိုက် သလို...။

  1. Anonymous said... :


    ခမောက်သုံးလုံးရောက်လိုက်၊ ခမောက်တလုံးပြောင်းလိုင်း၊ ခြသေ့ကို ကူးလိုက်နဲ့
    NLD ကတော့ ကြာရင်ကုန်တော့မှာ

  1. Anonymous said... :

    ဗမာလူမျိုးတွေက အသုံးမကျတာက ဒါတွေပါပဲ။
    ဒီအတိုင်းသာ စိတ်ဓါတ်တွေမပြုပြင်ရင်တော့ နောင်ဘ၀ ပေါင်းများစွာလည်း ဆင်းရဲမွဲတေပြီး အသုံးမကျတဲ့နိုင်ငံနဲ့ ထိုက်ထိုက် တန်တန် နေရတော့မှာပါ။ မုချ ကျုပ်အနေနဲ့ပြောရရင်တော့ ပြုပြင်ပြောင်းလဲချင်သော စိတ်ရှိရင် နောင်သက်တမ်းမှာ သမ္မတအသစ်အနေနဲ့ မျက်စိတဖက်ကန်းတောင်မှ သူကိုမဲထည့်ပေးမှာပဲ။ ဘာကြောင့်လဲဆိုတော့ ပြုပြင် ပြောင်းလဲစေချင်တာလေ။ လူဟောင်းမှမမြင်ချင်တော့တာ။

  1. မြန်မာပြည်မှာလူဦးရေသန်းပေါင်၆၀ ကျော်ရှိပါတယ်ဒီလိုပန်းတိုင်မရှိ ခံယူချက်မရှိ အလွယ်ကြိုက်အချောင်နိုက် ချင်တဲ့ကောင်တွေ ဘက်ပြောင်းတာမဆန်းပါဘူး ဒါမျိုးကောင်တွေ မြန်မြန်ပြောင်းသွားတာကောင်းတယ်

  1. Anonymous said... :

    Are you paid for this news from USDP?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved