OIC ရုံး ဖွင့်ခွင့်မပြုချင်းသည် လူသားချင်းစာနာမှု အကူအညီများ လက်မခံခြင်း မဟုတ်

Tuesday, October 16, 2012



သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူ၏ အင်တာနက် လူမှု စာမျက်နှာတွင် ဖော်ပြထားသည် OIC ရုံး ဖွင့်ခွင့် မပြုဆိုသည်မှာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို လက်မခံဘူးဆို တဲ့ သဘောမဟုတ်ဘူးဆိုတာ ရှင်းလင်းထားတာကို ပြန်လည် တင်ပြပေးလိုက်ပါတယ်။ 


မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် ခွင့်မပြု ဟူသော ဆုံးဖြတ်ချက်မှာ နိုင်ငံတကာ လူသားချင်းစာနာ 
ထောက် ထားမှု အကူအညီများ လက်မခံဟူသော သဘော မဟုတ် ========================================


နိုင်ငံတော်သမ္မတကြီးအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ၏ ပကတိအခြေအနေမှန် ကို သိရှိစေရန်လည်းကောင်း၊လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးအပ်ခြင်း အတွက် လည်းကောင်း နိုင်ငံတကာထောက်ပံ့ကူညီမှုများကို လက်ခံဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အတိအလင်း ထုတ်ဖော်ပြောကြားထားပြီး ဖြစ်သလို နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲများ ကိုလည်း မြန်မာနိုင်ငံတွင် လက်ခံကျင်းပစေခဲ့ပြီး ဖြစ်ပါသည်။ 

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားခဲ့သည့် မိန့်ခွန်း အပါအဝင် နိုင်ငံတော် သမ္မတကြီး ၏ ပြောကြားချက် များ၌ နိုင်ငံတော်သမ္မတကြီးအနေဖြင့် လူသားချင်းစာနာထောက်ထားမှု ဆိုင် ရာ နိုင်ငံတကာ ကူညီထောက်ပံ့မှုများ အားလုံးအတွက် တံခါးဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း တွေ့ ရှိနိုင်ပါသည်။ 

ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသားချင်းစာနာ ထောက် ထားမှုဖြင့် ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများစွာတို့ သည် လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း တွေ့ရှိနိုင်ပါသည်။

မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ရန် ခွင့်မပြု ဟူသော ဆုံးဖြတ်ချက်မှာ နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှု အကူအညီများ လက်မခံဟူသော သဘော မဟုတ်ပါ။

နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုအားဖြင့် ပေးအပ်သော ထောက်ပံ့ကူညီမှုများကို ထိထိ ရောက်ရောက် ပေးအပ်နိုင်စေရန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved