ဆွီဒင် Scania ကားတွေ မြန်မာပြည်မှာ တင်သွင်းဖြန့််ဖြူးမယ်

Sunday, October 21, 2012



ဆွီဒင် နိုင်ငံ Scania ကား ကုမ္ပဏီက ကားတွေ မြန်မာနိုင်ငံကို တင်သွင်းဖြန့်ဖြူးတော့မှာဖြစ်ပါတယ်။ 

အောက်တိုဘာလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုနား ဟော်တယ်မှာ ဆွီဒင် Scania ကားကုမ္ပဏီ နဲ့ မြန်မာနိုင်ငံ က Ocatagon International Services Company တို့ကြား မြန်မာနိုင်ငံမှာ တင်သွင်း
ဖြန့်ဖြူးမှု တဦးတည်း ကိုယ်စားလှယ်အဖြစ် သဘောတူလက်မှတ် ထိုးလိုက်ကြတာပါ။

မြန်မာ ကုမ္ပဏီဟာ ၂၀၀၇ ခုနှစ်ကတည်းက ဆွီဒင်ကားကုမ္ပဏီထံက ကား အစီးရေ ၅၀၀ လောက် တင်သွင်းခဲ့ဖူးပါတယ်။ အခုတော့ လျှပ်စစ်မီး အားပေးစက်တွေလည်း တင်သွင်းဖြန့်ဖြူးသွားမှာပါ လို့ နိုင်ငံပိုင် သတင်းစာက ဆိုထားပါတယ်။

1 comments :

  1. maunggyi said... :

    မြန်မာပြည်မှာတော.မတွေ.ဖူးဘူး။ စင်္ကာပူမှာတော. သုံးတယ်။ ခုအသစ်တွေကတော. မာစီဒီးတွေချည်းပဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved