တိုင်းရင်းသား လူနည်းစုများအတွက် ဂျပန်က ကန်ဒေါ်လာ ၃ သန်း ပေးမယ်

Sunday, October 21, 2012

 UNFC နှင့် The Nippon Foundation ဆွေးနွေးပွဲ၊ ဓာတ်ပုံ- Nippon foundation 
 
ဂျပန် အစိုးရနဲ့ တွဲဖက်လုပ်နေတဲ့ အကျိုးမမျှော်အဖွဲ့အစည်းတခုက မြန်မာနိုင်ငံက လက်နက်ကိုင် တိုင်းရင်း သား လူနည်းစု တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန် ဒေါ် လာ ၃ သန်းအကူအညီပေးမယ်လို့ ဂျပန်သတင်းတွေက ဆိုပါတယ်။ 

ဒါပေမယ့် မြန်မာ အစိုးရရဲ့ ထောက်ခံအတည်ပြုချက်လိုမျိုးတော့ လိုအပ်မယ်လို့ AP သတင်းတခုက ဆိုပါတယ်။ 

ဂျပန်နိုင်ငံက The Nippon Foundation က ပြောတာမှာတော့ အစားအသောက်၊ ဆေးဝါး အကူအညီတွေ ကို ပေးဖို့ ကြာ သပတေးနေ့က တိုကျိုမှာ ကျင်းပပြုလုပ်တဲ့ တိုင်းရင်းသားအုပ်စု ၂၀ ရဲ့ ကိုယ်စားလှယ်တွေ ပါတဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ( UNFC) နဲ့ တွေ့ဆုံပွဲမှာ ကြေညာခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာတော့ အခုလက်ရှိ အစိုးရနဲ့ စစ်ပွဲတွေဖြစ်နေတဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ ( KIO ) အပါအ၀င် UNFC အဖွဲ့ပါ တိုင်းရင်းသား အဖွဲ့ ၁၁ ဖွဲ့ထဲက ၁၀ ဦးက ကိုယ်စားလှယ်တွေအဖြစ်တက်ရောက် ခဲ့တာပါ။

ဆွေးနွေးပွဲမှာတော့ စာနပ် ရိက္ခာတွေကို တောင်တန်းဒေသတွေကို ကျော်ပြီး ဘယ်လို ပို့ပြီး ကူညီရမလဲ ဆိုတာလည်း ပါဝင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved