မြန်မာစံတော်ချိန်၊ မြန်မာ Attitude

Sunday, November 18, 2012




ဇော်အောင်  (မုံရွာ) ~

မြန်မာပြည် အလည်ဖြစ်စေ၊ ရင်းနှီးမြှတ်နှံ၊ စီးပွားလုပ်တာဖြစ်စေ၊ မြန်မာလူမျိုး၊ နိုင်ငံတကာလူမျိုးတွေ အမေရိကန်ဒေါ်လာပဲ သယ်သွားကြတယ်။ စင်ကာပူမှာ ၂၀နှစ်လောက် နေလာခဲ့တဲ့ လူအနေနဲ့ မလေးရှား၊ ထိုင်း လောက်ပဲ ရောက်ဖူးတော့ စင်ကာပူဒေါ်လာကို အထင်ကြီးမိတယ်။ Money Changer ငွေလဲလှယ်ဆိုင်တွေမှာ စင်ကာပူဒေါ်လာငွေက အလွယ်တကူလဲလှယ်နိုင်တော့ စင်ကာပူမှာနေထိုင်၊ အလုပ်လုပ်တဲ့ လူအဖို့ အဆင်ပြေပါတယ်။
အကြောင်းသင့်လို့ ကျုပ် ဂျပန်၊အမေရိကားကို ခရီးထွက်တဲ့အချိန်  အမေရိကားလေဆိပ်ရောက်တော့ ငွေလဲမလို့ စင်ကာပူဒေါ်လာကို နိုင်ငံခြားငွေစာရင်းမှာ မထည့်ထားဘူး။ ဟောင်ကောင်ဒေါ်လာ နဲ့ ထိုင်းဘတ်ငွေ ၂မျိုးကိုပဲ အရှေ့တောင်အာရှ ငွေကြေးစာရင်းမှာ တွေ့ရတယ်။ အင်ဒိုနီးရှား၊ ဗီယက်နမ်တွေမှာလည်း စင်ကာပူဒေါ်လာကိုင်သွားရင် လဲလှယ်ရ အလွန်ခက်ပါတယ်။ မြန်မာပြည်ပြန်သွားရင်လည်း အမေရိကန်ဒေါ်လာပဲ ကိုင်သွားရတယ်။ စင်ကာပူဒေါ်လာကိုင်သွားလို့ အရေးပေါ် ကျပ်ငွေအဖြစ်လဲရရင် အလွန်နစ်နာပါတယ်။ ဒါကြောင့် အရှေ့တောင်အာရှ လောကမှာတော့ ငွေစက္ကူဆို ကန်ဒေါ်လာ၊ စကားပြောဆိုရင် အင်္ဂလိပ်စကား ... ဒီ၂ မျိုးကိုအခြေခံရပါတယ်။
 အနှစ် ၄၀ အတွင်း စင်ကာပူကျွန်းစုနိုင်ငံလေးကို လီကွမ်းယူ ဆိုသူက ကမ္ဘာ့ထိပ်တန်း စီးပွားရေးနိုင်ငံတခုအဖြစ်ရောက်ရှိစေခဲ့ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးလူမျိုး အစ္စရေး (ဂျူးလူမျိုး) များထံက စီးပွားရေး၊ စစ်ရေး များကို လေ့လာ၊အကူညီယူရင်း Nationalists လို့ခေါ်တဲ့ စင်ကာပူ၊ မလေးရှား ပေါက်ဖေါ်များနဲ့ တိုင်းပြည်ကိုထူထောင်ခဲ့ပါတယ်။ ထိပ်ပိုင်းခေါင်းဆောင် ၇၅ရာနှုန်းကို လာဘ်၊ လောင်း၊ လိင် ကိစ္စများနဲ့ ကင်းရှင်းစေပြီး၊ နာခံ၊ ရိုးဖြောင့်၊ စိတ်ဓါတ်မှန်ကန်တဲ့ မျိုးချစ်များ (Good Attitude People) များနဲ့ ထူထောင်ခဲ့ပါတယ်။ ဆရာသမား အစ္စရေးလို ကမ္ဘာထိပ်တန်းစစ်တပ်ကြီးကို မထူထောင်နိုင်ပေမဲ့၊ စီးပွားရေးမှာတော့ သူ့ဆရာကြီး အစ္စရေးနိုင်ငံထက် သာလွန်နေပါပြီ။  Nominal GDP per capital မှာတော့ IMF, World. Bank, CIA အချက်အလက်များအရ အစ္စရေးလူမျိုးများရဲ့ တဦးချင်းနိုမီနယ်ဝင်ငွေမှာ အစ္စရေးက အဆင့် ၂၆ မှာရှိနေပြီး၊ စင်ကာပူကတော့ ထိပ်တန်းအဆင့် ၅ နေရာရောက်နေပါပြီ။ စင်ကာပူအစိုးရဟာ ငွေရှိနေပေမဲ့ စင်ကာပူလူမျိုးအများစုရဲ့ Attitude စိတ်နေစိတ်ထားမှာတော့ ဂျပန်၊အမေရိကန်၊အစ္စရေးကို မှီဖို့ အဝေးကြီးလိုပါသေးတယ်။

အမေရိကန်၊ဂျပန် စံတော်ချိန်

ဒီတိုးတက်တဲ့နိုင်ငံကြီး ၂ ခုမှာ နေထိုင်တဲ့လူတွေ အချိန်လေးစားကြပုံကတော့ ပြောစရာမလိုပါဘူး။ မနက် ၈ နာရီ ချိန်းထားရင်း နာရီဝက်လောက် စောလာပြီး၊ အနီးနားဆိုင်တခုမှာ ထိုင်ပြီး၊အလုပ်လုပ်တယ်၊ ပြင်ဆင်တယ်။ ကိုယ့်ကားကို သန့်ရှင်းရေးလုပ်တယ်။ ၈နာရီ ဒေါင်ကနဲမည်မှ အချိန်အတိအကျ၊ ၀င်ရောက်တွေ့ဆုံတော့ ၂ဖက်စလုံး အိုကေပါတယ်။
တိုကျိုက ရထားဘူတာမှ ချိန်းရင် မနက် ၉း၃၈မိနစ်မှာ တွေ့မယ် ချိန်းရင် ရယ်စရာဖြစ်မယ်။ တိုကျိုရထားတွေက တမိနစ်လောက်ပဲ အချိန်အတိမ်းစောင်းရှိတယ်။ လမ်းလျှောက်တာ ၂မိနစ်လောက်ဆို အလွန်ဆုံးလွဲရင် ၃မိနစ်လောက်ပဲ နောက်ကျမယ်။ ဆန်ဖရန်စစ္စကိုက ဘတ်စ်ကားတွေလည်း Bus Guide စာရွက်အတိုင်း တမိနစ်လောက်ပဲ လွဲတယ်။ တခါတလေ တနာရီ တစ်စီးပဲ လာတဲ့ ဘတ်စကားကို စောင့်ရင်တောင် တမိနစ်နောက်ကျပြီး မှတ်တိုင်ကိုရောက်ရင် ဘတ်စကားနောက်ကျောပဲ မြင်လိုက်ရတယ်။ နောက်ကျသွားပြီလေ။
ဒါတွေက ကျွန်တော်တို့ အမေရိကား၊ဂျပန်ရောက် မြန်မာများအတွက် စံနမူနာတွေဖြစ်ပေမဲ့၊ လက်ရှိ မြန်မာပြည်သားများအဖို့ Ideal Role Model ဖြစ်နေပါသေးတယ်။ အတုယူ၊ကျင့်သုံးလိုက်ရင် စံတော်ချိန် အခက်ခဲများစွာ ကြုံတွေ့နိုင်ပါတယ်။

စင်ကာပူစံတော်ချိန်
အတုယူသင့်တာကတော့ စင်ကာပူကုမ္ပဏီများရဲ့  စံတော်ချိန်များပါပဲ။ စင်ကာပူကျွန်းလေးကို ဂျပန်၊ အမေရိကန်၊ ဥရောပနိုင်ငံများ၊ အာရပ်၊ ကိုးရီးယား၊ တရုပ် စတဲ့နိုင်ငံများစွာက လာရောက် ရင်းနှီးမြှတ်နှံကြပါတယ်။ စင်ကာပူ နိုင်ငံတော်အာဏာက အာရှတိုက်သား၊ တရုပ်၊မလေး၊အိန္နိယ အနွယ်ဖွားတွေ လက်ထဲမှာရှိတယ်။ အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ အနောက်နိုင်ငံတွေမှာ ပညာမသင်ကြားဖူးရင်တောင်၊ အချိန်ကြာမြင့်စွာ လေ့လာ၊သွားရောက်ဖူးသူတွေပါ။ နိုင်ငံကြီးသားများနဲ့ ဆက်ဆံရင်၊ အချိန်ကို လေးစားလှပါတယ်။
ဒါပေမဲ့ ကိုယ့်နိုင်ငံသားအချင်းချင်း ဆက်ဆံတော့ စင်ကာပူစံတော်ချိန်ဆိုတာ၊ မြန်မာစံတော်ချိန်၊ ထိုင်း၊ မလေး၊ ဗီယက်နမ်၊ အင်ဒို စံတော်ချိန် အတိုင်းပါပဲ။  နောက်ကျမှ လာလဲ၊ ခပ်တည်တည်ပါပဲ။
 နိုင်ငံကြီးများရဲ့ ခေါင်းဆောင်များ အဓိကလုပ်ဆောင်ချက်ကတော့ ရေရှည်စီမံကိန်းပါပဲ။ ခေါင်းဆောင်ဟာ သန့်ရှင်း၊ မျိုးချစ်ပုဂ္ဂိုလ်ဖြစ်ပြီး၊ လူမျိုးရေး (မြန်မာ့အရေး)ကတော့ နံပါတ်(၁)မှာ ထားပေမဲ့၊ ကမ္ဘာ့အသိအမှတ်ပြုအောင် ကမ္ဘာ့စံတော်ချိန်များကို လေးစား၊အတုယူရပါတယ်။ ပြီးတော့ ကိုယ့်လူမျိုးရဲ့ စိတ်နေစိတ်ထား Attitude ကို ပြောင်းလဲဖို့ ရေရှည်စီမံကိန်းတွေ လုပ်ရပါတယ်။

ဟောင်ကောင်ကို အတုယူခြင်း
စင်ကာပူလွတ်လပ်ရေးရပြီး၊ မျိုးချစ်ခေါင်းဆောင်များနဲ့ နိုင်ငံကိုထူထောင်ရာမှာ အစ္စရေးဆီက အကူညီများရယူသလို၊ ဟောင်ကောင်း စတော့အိတ်ချိန်းကို အတုယူရပြန်ပါတယ်။ ကမ္ဘာမှာ ဟောင်ကောင်ငွေကြေးဟာ အင်မတန်ခိုင်မာတော့ စင်ကာပူလည်း ကမ္ဘာ့ဈေးကွက်နဲ့အတူ လိုက်နိုင်ဖို့ မလေးရှား၊ စင်ကာပူ နိုင်ငံများရဲ့ စံတော်ချိန်ဟာ ဟောင်ကောင်လိုပဲ +8 GMT ကိုပြောင်းလိုက်ပါတယ်။ ကမ္ဘာ့စတော့ရှယ်ယာ၊ ဈေးကွက်ကြီးမှာ ဂျပန်ကိုယှဉ်နိုင်ဖို့ မလွယ်ပေမဲ့ ဟောင်ကောင်ကို လိုက်မှီဖို့ကတော့ ငွေကြေး၊ သတင်းအချက်အလက်တွေကို ဟောင်ကောင်နဲ့တန်းတူဖြစ်အောင် လုပ်ရပါတယ်။ ဟောင်ကောင် စတော့အိတ်ချိန်း စဖွင့်တဲ့အချိန်နဲ့ တပြိုင်တည်းဖြစ်ရပါတယ်။ တိုင်ဝမ်၊ဟောင်ကောင် စံတော်ချိန်ကို အတုယူပြီး စင်ကာပူ၊မလေးရှားနဲ့ အခုခေတ် တရုပ်ပြည်ကြီးအပါဝင် စတော့မတ်ကက်အားလုံး +8 GMT မှာ ဖွင့်ပါတယ်။
အင်ဒိုနီးရှား၊ ထိုင်း စတော့မတ်ကက်တွေကတော့ တစ်နာရီ နောက်ကျဖွင့် ပါတယ်။
ဗီယက်နမ်အကြီးဆုံး စတော့မတ်ကက် ကို ၂၀၀၀ခုနှစ်မှာ စတင်ခဲ့ပြီး၊ ၆နှစ်အကြာ အနည်းဆုံး 2.7US$ million ကုမ္ပဏီပေါင်း ၁၃ခုရှိလာပါတယ်။ ၂၀၁၂ မှာတော့ ကုမ္ပဏီပေါင်း ၂၅၀ကျော်လာပြီး တန်ဖိုး  27,000 US$ million ရှိပါတယ်။ ထိုင်း၊မလေးရှား၊စင်ကာပူ၊တရုပ်ပြည်မကြီး တို့လို တိုးတက်ဖို့ အဟန့်အတားဖြစ်နေတာကတော့ တော့ ဗီယက်နမ်စံတော်ချိန် (Attitude) ဖြစ်ပါတယ်။
အေးဆေးစွာနေတတ်တဲ့ ဗီယက်နမ်များက ဟောင်ကောင်စံတော်ချိန်ကို မယူပဲ ထိုင်းစံတော်ချိန်ကို ယူထားတဲ့အတွက် မြန်မာ၊ ထိုင်း၊ ဗီယက်နမ် (၃)ခုဟာ ဟောင်ကောင်၊ စင်ကာပူ၊ မလေးရှား တို့ထက် တနာရီ နောက်ကျနေပါတယ်။  http://en.wikipedia.org/wiki/List_of_market_opening_times

မြန်မာစံတော်ချိန်

မြန်မာပြည်လည်း မြန်မာစံတော်ချိန်ကို ပြောင်းလဲဖို့ အချိန်တန်နေပါပြီ။ ချိန်းလိုက်ရင် စောစောမရောက်တတ်တဲ့ မြန်မာစံတော်ချိန် Attitude ကိုပြောင်းဖို့ မလွယ်ပေမဲ့၊  ဒါပေမဲ့ စံတော်ချိန်ကို +6:30 GMT ကနေ ထိုင်းနိုင်ငံနဲ့တန်းတူ +7 GMT ကိုပြောင်းဖို့ လက်ရှိအစိုးရခေါင်းဆောင်များ စဉ်းစားနေကြမှာ ဖြစ်ပါတယ်။
နာရီဝက် စောစောထ၊ အလုပ်လုပ်ကြဖို့ လိုအပ်နေပါတယ်။ စင်ကာပူ့မှာ မနက်၈နာရီ မြန်မာများ အလုပ်ခွင် စတင်တဲ့အချိန် မြန်မာပြည်ကလူတွေ အိပ်ကောင်းတုန်း၊ ဇိမ်ယူမှိန်းနေတုံး အခြေအနေကနေ Attitude ပြောင်းနေကြပြီဖြစ်ပါတယ်။ စောစောထနိုင်တဲ့မြန်မာများ  သေချာပေါက် အောင်မြင်လာမှာ ဖြစ်ပါတယ်။
တိုးတက်ကြီးပွားလိုသူ မြန်မာများ The Early Bird catches the worm စကားပုံဟာ အလွန်မှန်ကန်ပေမဲ့ လိုက်နာနိုင်သူ မြန်မာလူငယ်များ အောင်မြင်မှုကို မြန်မြန်ရရှိမှာပါ။  မြန်မာများ ထိုင်းနိုင်ငံကို ငယ်နိုင်လိုသဘောထားတဲ့ Attitude များကို ခေတ္တဘေးချိတ်ထားပြီး၊ အတူပူပေါင်းလုပ်ကိုင်နေတဲ့အတွက် ဗုဒ္ဓဘာသာ၂နိုင်ငံဖြစ်တဲ့ မြန်မာ၊ထိုင်း ၂နိုင်ငံပေါင်း စီးပွားရေးဟာ အရှေ့တောင်အာရှမှာ အင်အားကြီးအကြီးဆုံး မကြာခင် ဖြစ်လာမှာ သေချာပါတယ်။
ကောင်းတဲ့အချက်အလက်များ၊ ကောင်းတဲ့စံတော်ချိန်များကို မြန်မာပြည်ထက် ပိုမိုတိုးတက်တဲ့နိုင်ငံသားများထံက လက်တွေအတုယူနိုင်သူများ အောင်မြင်ပါစေလို့ ရေးရင်း အဆုံးသတ်ပါရစေ..။
 

Reference:  GDP IMF , World Bank, CIA Facts, South East Stock Exchange , World Clock (Standard Time)

6 comments :

  1. Anonymous said... :

    စိတ်ထားကောင်းကောင်း စေတနာမှန်မှန်နဲ့ ဘယ်သူကိုမှ မပုတ်ခတ်ပဲ ရေးထားတာကို ဖတ်ရတဲ့ အချိန်မှာ သိချင်နေတာ တစ်ခုသိခွင့် ရသွားတဲ့အပြင် အတွေးများစွာရပြီး အကျိုးရှိလို့ ကျေးဇူးတင်ပါတယ်။

  1. Anonymous said... :

    I think the author do not know the attitude of Thai people and government on Burma ..

  1. Anonymous said... :

    It is true that the author should have better known the Thai Govt. and some Thais' attitude towards Burma. Weeks ago, the Senior Thai of PTT says if Burma wants GAS, she can buy back from us any time. Obviously, majority of GAS for automobiles in Thailand imported from Burma with special price.
    How dare this Gentleman? U Thein Sein Govt. should review and amend the GAS Sales to Thailand which has less transparency!

  1. Unknown said... :

    ဗမာစော ၇ှမ်းတောပြန်ဆိုတာ ကြားဘူးတယ်မလား စဉ်းစားကြပေါ့

  1. Unknown said... :

    ဆဲဆိုတဲ့အေ၇းအသားတွေမပါယင်commentတင်ပေးသင့်တာပေါ့ဘာလို့apprယူနေ၇သလဲ

  1. Dom Jam said... :

    ကျွန်တော့်အမြင်ပြောရရင်မလေး,စင်ကာပူ(၂)နိုင်ငံပူးပေါင်းပြီးတိုးတက်အောင်မြင်အောင်လုပ်တယ်။မကာအို,ဟောင်ကောင်,တရုတ်(၃)နိုင်ငံပူးပေါင်းပြီးတိုးတက်တယ်။အရင်ကရွှေမြန်မာတွေရွှေထီးဆောင်းတာတွေကိုခဏဘေးချိတ်ပြီးအိမ်နီးချင်းထိုင်းနဲ့ ပူးပေါင်းလုပ်ရင်အောင်မြင်နိုင်ပါတယ်လို့ အထူးအကြံပေးလိုပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved