ဘုရားသခင်ရဲ့တမန်တော် မြန်မာဘောလုံးအသင်း

Saturday, November 10, 2012



~


 
ဆူဇူးကီး ဖလား ၀င်ကန်မယ့် အရှေ့တောင်အာရှဒေသအသင်း ၁၁ သင်းမှာ ချစ်စနိုးအမည်တွေ ရှိနေပါတယ်။

ဒီနာမည်တွေကို အာဆီယံဘောလုံးအဖွဲ့ချုပ် အွန်လိုင်းမှာ တွေ့ရတာပါ။


မြန်မာအသင်း အမည်ပြောင်က The White Angels  လို့ ဆိုတယ်။
Angel ဆိုတဲ့ စကားလုံးကို Cambridge dictionary of American English မှာ ဘုရားသခင်ရဲ့တမန်တော်၊ ကြင်နာတတ်တဲ့ လူကောင်းလူမွန် လို့ အဓိပ္ပာယ် ဖွင့်ပါတယ်။
မြန်မာအသင်းက နာမည်ကောင်းကောင်း ရထားတယ်လို့ ဆိုရပါမယ်။

တချို့အသင်းတွေရဲ့ အမည်က ရိုးစင်းလွန်းပါတယ်။
တချို့အသင်းတွေကတော့ အမည် ၂ ခု ရှိနေတာ တွေ့ရမှာပါ။
ဖိလစ်ပိုင်နိုင်ငံအသင်း အမည်ပြောင်က လမ်းဘေးခွေး လို့ ဆိုပါတယ်။ ဘာကြောင့် ဒီနာမည် ပေးထားသလဲ ဆိုတာ လိုက်ရှာကြည့်တော့ ..


Calle Azul ဆိုတဲ့ ချစ်စနိုးအမည်ကနေ လာတယ်၊ မူရင်းက စပိန်စကားလုံး၊ အင်္ဂလိပ်လိုတော့ Streets of Blue လို့ ဆိုတယ်။
ချစ်စနိုးအမည်ကို ရှေ့နောက်ပြောင်းလိုက်တော့ Azul Calle ဖြစ်သွားတယ်။
အတိုကောက်က AzCal ဖြစ်တယ်။ နောက်ဆုံးတော့  Azkal ဖြစ်သွားတယ်။ အဲဒီစကားလုံးက ဖိလစ်ပိုင်လို လမ်းဘေးခွေး လို့ အဓိပ္ပာယ်ရတယ် တဲ့။
http://www.sunstar.com.ph/cebu/sports/2011/04/03/limpag-i-started-joke-148540

ဖိလစ်ပိုင်အသင်းက သူ့ကိုယ်သူ အဲဒီလို ခေါ်တော့ ဆူဇူးကီး ဖလား တာဝန်ရှိသူများက အဲဒီနာမည်ကို ယူလိုက်ပုံ ရပါတယ်။

တခြားအသင်းတွေရဲ့ ချစ်စနိုးအမည်တွေ ဘယ်လိုက ဘယ်လို ဆင်းသက်လာကြသလဲ ဆိုတာတော့ မရှာဖွေရသေးပါ။

ဘရူနိုင်း - The Wasps  - နကျယ်ကောင်
ကမ္ဘောဒီးယား - The Royal Khmer, Angkor Warriors - တော်ဝင်ခမာ၊ အန်ကာတပ်မှူးများ
အင်ဒိုနီးရှား -  The Reds and Whites, The Eagle - အနီနှင့်အနက်များ၊ သိမ်း

လာအို - The National Team - နိုင်ငံ့အသင်း
ထိုင်း - The War Elephants - တိုက်ဆင်များ
မလေးရှား - Malayan Tiger - မာလာယုကျား

မြန်မာ - The White Angels - အဖြူရောင်နတ်ဘုရားများ
ဖိလစ်ပိုင် - Street Dogs - လမ်းဘေးခွေးများ
စင်္ကာပူ - The Lions  - ခြင်္သေ့များ
 

တီမော - The Rising Sun - တက်နေ၀န်း
ဗီယက်နမ် - Team representing Vietnam  - ဗီယက်နမ်ကိုယ်စားပြုအသင်း
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် - ဖီဖာရဲ့ အဆင့် သတ်မှတ်ချက်အရ ဒေသတွင်း ဘောလုံးအသင်းများရဲ့ ရပ်တည်မှု

၁။ ဗီယက်နမ်
၂။ ဖိလစ်ပိုင်
၃။ ထိုင်း
၎။ မြန်မာ

၅။ မလေးရှား
၆။ စင်ကာပူ
၇။ အင်ဒိုနီးရှား
၈။ လာအို

၉။ ဘရူနိုင်း
၁၀။ တီမော
၁၁။ ကမ္ဘောဒီယား

ပြီးခဲ့တဲ့ ဆူဇူကီးဖလားပိုက်ခဲ့တဲ့ အသင်းများ
 2010    - မလေးရှား
2008    - ဗီယက်နမ်
2006/07    - စင်္ကာပူ 


2004    - စင်္ကာပူ
2002    - ထိုင်း
2000    - ထိုင်း

1998    - စင်္ကာပူ
1996    - ထိုင်း

ဆက်စပ်ဖတ်ရှုရန် - 

ဆူဇူးကီးဖလားအကြို မြန်မာအသင်းနဲ့ ပြိုင်ဘက်အသင်းတို့ရဲ့ ဖီဖာအဆင့် သတ်မှတ်ချက် ထွက်ပေါ် 

























-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved