~
ရခိုင်ဒေသအရေးနဲ့ ပတ်သက်တဲ့ ရန်ကုန်အခြေစိုက် နိုင်ငံခြားအစိုးရ သံရုံးများရဲ့ ပူးတွဲကြေညာချက်တစောင် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ရခိုင်ဒေသ လုံခြုံရေး၊ ပြန်လည်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ဖို့ မြန်မာအစိုးရ လုပ်ဆောင် အားထုတ်နေတာကို အပြည့်အ၀ ထောက်ခံတယ် လို့ ဖော်ပြထားပါတယ်။
ဖွဲ့ထားတဲ့ အထူးစုံစမ်းရေးကော်မရှင်ကို ထဲထဲဝင်ဝင် လုပ်ပိုင်ခွင့်ပေးဖို့လည်း အထူး တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။
အခုလို ထုတ်ပြန်လိုက်တဲ့ တမျက်နှာကြေညာချက်ကို ရန်ကုန်အမေရိကန်သံရုံးအွန်လိုင်းမှာ ဖော်ပြထားပါတယ်။
ပူးတွဲထုတ်ပြန်ကြတာကတော့ -
သြစတေးလျ၊ အီဂျစ်၊
ပြင်သစ်၊ ဂျာမဏီ၊
ဂျပန်၊ ဆော်ဒီအာရေဗျ၊
တူရကီ၊ အင်္ဂလန်၊
အမေရိကန်
စတဲ့ သံရုံး ၉ ခု ဖြစ်ပါတယ်။
ကြေညာချက်တွေကို အောက်ပါ လင့်များမှာ သွားရောက် ဖတ်နိုင်ပါတယ်။
မြန်မာဘာသာ
အင်္ဂလိပ်ဘာသာ
-
-
0 comments :
Post a Comment