![]() |
ကိုယ်နှစ်သက်သဘောကျတယ် ဆိုရင် ကိုရီးယားဆန်တယ် လို့ ပြောတာ ကြားနေရပါပြီ။မော်ဒယ်သရုပ်ဆောင်သွန်းဆက်က အဲဒီလို ပြောပုံကို
အောက်တိုဘာ ၂၉ နေ့ထုတ် ၇ ရက် ဈေးဝယ်လမ်းညွှန်ဂျာနယ်မှာ တွေ့ရမှာပါ။
ပြိုင်ကားတွေအကြောင်း ပြောထားတာပါ။''ပြိုင်ကားတွေကို အစီးချင်ဆုံးပါပဲ။ ပြိုင်ကားထဲကမှ အမိုးဖွင့်ပြိုင်ကားလေးတွေကို ပိုပြီး သဘောကျပါတယ်။ ဘာလို့လည်း ဆိုတော့ အမိုးဖွင့်ပြိုင်ကားလေးတွေက ကိုရီးယားဆန်တယ်လေ'
မြန်မာပြည်ရာသီဥတုနဲ့ ဒီကားတွေ အမိုးဖွင့်မောင်းရင် ကားထဲထိုင်သူတွေ နေလောင်ခံရပါလိမ့်မယ်။
မြန်မာနေကတော့ သိတဲ့အတိုင်းပဲ အသားအရေကို အရောင်ပြောင်းစေတဲ့ ဂုဏ်သတ္တိနဲ့ပါ။
အရေပြားက နေလောင်ခံရတဲ့အရောင်ဖြစ်သွားရင်တော့ ကိုရီးယားဆန်တော့မယ် မဟုတ်ပါဘူး။
![]() |
မော်ဒယ်နာမည်နဲ့ တွေ့ရတဲ့ FB စာမျက်နှာ |
နေလောင်ထားတဲ့အသားအရေဆိုရင် ဥရောပနိုင်ငံများ အမေရိကတိုင်းပြည်များမှာ တန်ဘိုးထားကြပါတယ်။
အဲဒီအရောင် ကြိုက်လွန်းလို့ သူတို့က အ၀တ်အစားချွတ်ပြီး နေလှန်းခံကြပါတယ်။
ဒေသ ကွာခြားတဲ့အတွက် တပ်မက်ပုံ ကွာခြားသွားတယ်လို့ ဆိုနိုင်မယ် ထင်ပါတယ်။
sa lein taytaytin ' san ' ma hote bu Lar?
please spell right.
change it.
correct it.