ဆင် တကောင်က စေ့စပ်ပွဲ လုပ်နေတဲ့ မောင်နှံကို တိုက်ခိုက်

Saturday, November 17, 2012







စွယ်စုံဆင်ကြီး တကောင်က ဗြိတိသျှ ဇနီးမောင်နှံ စီးနင်း လိုက်ပါလာတဲ့ ကားတစီးကို လွန်ခဲ့တဲ့ တရက်
ကျော်က တိုက်ခိုက်လိုက်ရပါတယ်။ 


တောင်အာဖရိကနိုင်ငံ Kruger အမျိုးသား ဥယျာဉ် ဆာဖာရီထဲမှာ စွယ်စုံ ဆင်ကြီးတကောင်က အသက် ၄၀ အရွယ်စီရှိတဲ့ ခရစ်ဟဲရ်နဲ့ ဇနီးသည် ဟယ်လင်ဂျင်းနင်းတို့ ဟာ စေ့စပ်ပွဲ ကျင်းပရင်း ကားနဲ့  ဥယျာဉ် တွင်း လှည့်ပတ် နေစဉ် မှာ ဆင်ကြီးတကောင်က တောစပ်ကနေ ထွက်လာပြီး တိုက်ခိုက်တာဖြစ်ပါတယ်။ 

ဆင်ကြီးက သူ့အစွယ်တွေနဲ့ ကားကို ထိုးပြီး တိုက်ခိုက်လို့ ကား လည်း ဗြောင်းပြန် လှန်သွားသည် အထိ 
ဖြစ်ခဲ့ပြီး ကားတခါး တဖက်ကလည်း ဆင်စွယ်က ထိုးဖောက်လိုက်တဲ့ အတွက် အပေါက်ကြီးဖြစ်သွားခဲ့ပါ တယ်။ 




အဲဒီ အမျိုးသား ဥယျာဉ်အတွင်းရှိ မျက်မြင်သက်သေတဦးက “ဆင်ကြီးက ကားဆီကို တန်းလာပြီး အစွယ် နဲ့ ကားကို ထိုး လှန်တိုက်ခိုက်တယ်။ ကားလည်း ဇောက်ထိုးမိုးမျှော်ဖြစ်သွားရော ဆင်က အေးအေးဆေး 
ဆေးပဲ ထွက်သွားတယ်” လို့ ပြောပါတယ်။



အဖြစ်အပျက်က အရမ်းမြန်လွန်းပြီး သူ့ဘ၀မှာလည်း ဒါမျိုး တကြိမ်မျှ မကြုံတွေ့ဖူးခဲ့ပါဘူးလို့ တုန်လှုပ်စွာနဲ့ သူက ဆက် ပြောတာကို The Sun အွန်လိုင်းရဲ့ ယမန်နေ့ သတင်းတခုမှာ ဖော်ပြထားပါတယ်။

တောင်အာဖရိက အမျိုးသား ပန်းခြံက ပြောတာကတော့ အဲဒီနေ့ညပိုင်းက အမျိုးသား တဦး ဒဏ်ရာ ရသွား လို့ ဆေးရုံကို ပို့လိုက်ရတယ်လို့ ပြောပေမယ့် ဘယ်လို ဒဏ်ရာ ရခဲ့တာလည်းဆိုတာ သေချာ မရှင်းပြခဲ့ပါ ဘူး။ 

ဒါပေမယ့် စေ့စပ်ပွဲလုပ်နေရင်း ဆင်တိုက်ခိုက်တာ ခံခဲ့ရပေမယ့် သူတို့ဇနီးမောင်နှံ သေကံ မရောက်ခဲ့တာ ကံကောင်းခဲ့တာပါ။

အဲဒီပန်းခြံထဲမှာ တချို့ ဇနီးမောင်နှံတွေဟာ သူတို့ရဲ့ စေ့စပ်ပွဲကို သဘာဝ တောတိရိစ္ဆာန်တွေကြည့်ရင်း ကျင်းပလေ့လည်း ရှိပါသတဲ့။ ဒီလို ဆင်ကြီးတကောင်က တိုက်ခိုက်မှုမျိုး အရင်ကတော့ မရှိခဲ့ဖူးပါဘူးလို့ ဆိုပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved