တောင်ရိုး နဲ့ ရှမ်းတို့ ပူးပေါင်းတဲ့ တောင်ကြီးမြို့ ပအိုဝ်း ကထိန်ပွဲ

Wednesday, November 21, 2012





~



ဂျွန်ချစ်ငြိမ်း (တောင်ကြီး) ~

တောင်ကြီးမြို့  ပအိုဝ်းတိုင်းရင်းသားတို့၏ စုပေါင်း မဟာဘုံကထိန်ပွဲကို အင်္ဂါနေ့နံနက်ပိုင်းတွင် စည်စည်ကားကား ကျင်းပခဲ့သည်ကို တွေ့ရသည်။
 

ဗိုလ်ချုပ်အောင်ဆန်းလမ်း တလျှောက် အိုးစည်ဗုံမောင်း နှင့် ရိုးရာသံချပ်များ တီးမှုတ်သီဆို လှည့်လည်သွားကြသော  ပအိုဝ်းတိုင်းရင်းသား အရေအတွက်မှာ နှစ်ထောင်ခန့် ရှိသည်။

ယခုနှစ်၏ထူးခြားချက်မှာ တောင်ရိုးတိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသားတို့က  ပဒေသာပင်တခုစီ ပါဝင် လှူဒါန်းကြခြင်းပင် ဖြစ်သည်။

ဤသို့ ပါဝင် ပူးပေါင်းမှုကြောင့် ဒေသတွင်းနေ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို ပိုမို ခံစားရကြောင်း ပအိုဝ်းတိုင်းရင်းသား တဦးက ပြောသည်။

ပအိုဝ်းတိုင်းရင်းသားတို့၏ ဤသို့သော မြင်ကွင်းကို  နှစ်စဉ် တွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခုနှစ်ကထိန်သည်  (၈၄) ကြိမ်မြောက် ဖြစ်ကြောင်း ဒေသခံတဦးဖြစ်သူ ခွန်ခေတ်စံက ပြောသည်။

ယနေ့မနက် လှည့်လည်ရာတွင်  ဒေသာပင် ၁၄ ခုခန့်ပါဝင်ပြီး  စုစုပေါင်း အလှူငွေ ကျပ်သိန်း ၁၈၀ ခန့်ဖြစ်သည်ဟု သိရသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved