လက်ပံတောင်းအရေး ရင်လေးဖွယ်

Tuesday, November 27, 2012

 လက်ပံတောင်းတောင်ရှိ သပိတ်စခန်းတခုက သံဃာတော်များ၊ ဓာတ်ပုံ- OpenSociety Monywa
စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြ သပိတ်စခန်းတွေကို ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၁၂ နာရီအချိန် နောက်ဆုံးထားပြီး နေရာများက ဖယ်ရှားပေးပါရန်နှင့် ဖယ်ရှားမှု မပြုလုပ်ပါက တည်ဆဲ ဥပဒေ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက ယနေ့ ည ၈ နာရီက နိုင်ငံပိုင် ရုပ်မြင်သံကြား သတင်းဌာနက ကြေညာသွားခဲ့ပါတယ်။ 

ယခု ဧရာဝတီက နောက်ဆုံး ရရှိတဲ့သတင်းတွေအရ သပိတ်စခန်းတွေမှာ ရှိကြတဲ့ ရဟန်းသံဃာတော်တွေ နဲ့ ဒေသခံ ရွာသူ၊ ရွာသားတွေကလည်း သက်ဆိုင်ရာ သပိတ်စခန်းတွေကို လုံခြုံရေး သတိပိုထားရှိပြီး အစိုးရ လုံခြုံရေး ရဲတပ်ဖွဲ့ အင်အားတွေကလည်း တိုးမြှင့်ချထားတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။  

တချို့ မုံရွာဒေသခံများကတော့ ဆန္ဒပြသူများကလည်း လုံးဝ နောက်ဆုတ်မှာ မဟုတ်ဘူးဆိုတာ သိ ထားကြ လို့ အစိုးရကလည်း အခုလို ကြေညာလိုက်တဲ့အပေါ် ရင်လေးမိကြောင်း ဧရာဝတီကို ပြော ပါတယ်။  

နောက်ဆက်တွဲ မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲ ရရှိတဲ့ သတင်းအရ သပိတ်စခန်းမှ သံဃာတော်များ အစည်းအဝေး ပြုလုပ်နေကြပါတယ်။  

ထပ်မံ ရရှိရတဲ့သတင်းအရ ကုမ္ပဏီဝန်းထဲက အသံချဲ့ စက်ဖြင့် သပိတ်စခန်းတွေ ဖျက်သိမ်းပေးဖို့ ၊ မဖျက်သိမ်းပေးရင် အရေးယူတော့မှာဖြစ်တယ်လို့ သတိပေး ပြောကြားနေပါတယ်တဲ့။  

မှန်လုံကား ၂ စင်း သပိတ်စခန်းများရှိရာ နေရာအနီးကို ရောက်လာပါတယ်။ ဒေသခံတွေအပြောအရ မျက်ရည်ယို ဗုံး သုံးနိုင်ဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။ လက်နက်အပြည့်နဲ့ လုံထိမ်းတွေလည်း အင်းအား အပြည့်နဲ့ အနီးတ၀ိုက်နေရာယူထားပါတယ်တဲ့။ 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved