သမ္မတက နောက်ထပ် အကျဉ်းသား ၆၆ ဦး လွတ်ငြိမ်းခွင့် ပေး

Sunday, November 18, 2012


အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ မလာမီ တရက်အလို တွင် မြန်မာအစိုးရ မီဒီယာတွေက ယနေ့ နိုဝင်ဘာလ ၁၈ ည ၈ နာရီ သတင်းမှာ နိုဝင်လာလ ၁၆ ရက်နေ့ နေ့စွဲနဲ့ အကျဉ်းသား ၆၆ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ထပ်မံပေးလိုက်ကြောင်း ကြေညာ သွားပါတယ်။ 

 နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း အကျဉ်းသား ၄၅၂ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ရာ နိုင်ငံရေး အကျဉ်းသား မပါဝင်သည့်အတွက် ဝေဖန်မှုများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပါတယ်။ 

အခု ထပ်မံ လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၆၆ ဦးအပါအ၀င် နိုဝင်ဘာလတွင်း အကျဉ်းသား ၅၀၀ ကျော်ကို လွှတ်ပေးခြင်းဖြစ်တယ်လို့ သတင်းစဉ်က ကြေညာသွားပါတယ်။ 

ယနေ့ည သတင်းကြေညာအပြီး ပြန်ကြားရေး ၀န်ကြီး ဌာန အင်တာနက်စာမျက်နှာတွင် အဆိုပါ အကျဉ်း သား လွှတ်ပေးမှု သတင်းကို အခုလို တင်ပြထားပါတယ်။ 

အခု နောက်ထပ် လွှတ်ပေးမယ့် အကျဉ်းသားတွေထဲမှာ ထင်ရှားတဲ့ နာမည်ကြီး အကျဉ်းသားများ ပါဝင်တယ်လို့ အစောပိုင်း သတင်းများ ထွက်ပေါ်နေလျှက်ရှိပြီး ယခုထိ မည်သို့မျှ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

အဆိုပါ အကျဉ်းသားများ မနက်ဖြန် မနက်ပိုင်းမှာ လွတ်မြောက်လာဖွယ်ရှိကြောင်း ရန်ကုန် နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောဆိုနေကြပါတယ်။ 

1 comments :

  1. Anonymous said... :

    (၁)လွှတ်သင့်သော နိုင်ငံရေးအကျဉ်းသားများကို မလွှတ်ဘဲ ဓားစာခံသဘောမျိုး ထိန်းသိမ်းထားသည်။ဒီမိုကရေစီတိုင်းပြည်များမှ အကူအညီများလိုချင်တိုင်း နည်းနည်းစီ လွှတ်ပေးပြီးဆိုမာလီ ပင်လယ်ဒမြတို့ကဲ့သို့ လူပြန်ပေးပုံစံ ပြုမူနေသည်။
    (၂) မလွှတ်သင့်သော ရာဇ၀တ်သားများကို ဖောဖောသီသီ လွှတ်ပေးပြီး ပြည်သူများ တုန်လှုပ်ချောက်ချားအောင် လုပ်နေသည်။ ယနေ့ ကြောက်မက်ဖွယ် ရာဇ၀တ်မှုများကို ကျူးလွန်နေသူများမှာ သမတကြီး စေတနာ ဗလပွနဲ့ လွှတ်ပေးလိုက်သော ထောင်ထွက် ရာဇ၀တ်ကောင်များ၊ မူးယစ်ဂိုဏ်းဝင်များဖြစ်ကြောင်း မီဒီယာသတင်းဖော်ပြချက်မား အရသိသာနေသည်။
    (၈၈) လူထုတော်လှန်ရေး အရေးအခင်းကြီးဖြစ်နေစဉ် အာဏာရှင်ကြီး ဦးနေ၀င်းက ထောင်သားများကို
    နေ့စဉ်ထောင်နှင့် ချီပြီး လွှတ်ပေးခဲ့သဖြင့် သပိတ်စခန်းတာဝန်ခံ သံဃာနှင့် ကျောင်းသားများက ထိုရာဇ၀တ်သားများကို စနစ်တကျ ထိန်းသိမ်းကျွေးမွေးထားခဲ့ရသည်ကို သတိရမိသည်။
    ဦးသန်းရွှေကမူ အန်အယ်ဒီတွေကို ဖမ်းဆီးအကျဉ်းချဘို့အတွက် ထောင်ခါသည့်အနေဖြင့် အကျဉ်းသားများကို လွှတ်ပေးလေ့ရှိသည်။
    ယနေ့ ဦးသိန်းစိန်အပါအ၀င် ဗိုလ်နေ၀င်း၊ ဗိုလ်သန်းရွှေတို့၏ တပည့်ကြီးများကလည်း ထိုအတိုင်းပြုမူနေလေသလားဟု သံသယပွါးနေကြသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved