တတိယမြောက် အိုဘားမား ဂရပ်ဖတီ

Sunday, November 18, 2012


 တတိယ အကြိမ် အိုဘားမား ဂရပ်ဖတီ၊ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ

အိုဘားမား ဂရပ်ဖတီ ပုံကို ပထမအကြိမ် ကလည်း ဖျက်ဆီးတာ ခံခဲ့ရလို့ မနေ့ကတော့ ရဲနဲ့ စည်ပင် တို့က လုံခြုံရေး ယူထားတဲ့ ကြားက ယနေ့ မနက်အစော ၂ နာရီလောက်က လူတစုက ဆေးထုတ်တွေနဲ့ ထပ်မံ ဖျက်ဆီးခဲ့လို့ အခုတော့ တတိယ အကြိမ် ပြန်လည် ရေးဆွဲထားရတာပါတဲ့။ 


 " ဒုတိယအကြိမ်ပြန်ဆွဲထားတဲ့ ပုံကို ည ၂ နာရီလောက်က လူတစ်စု ဆေးထုတ်တွေနဲ့လာ ပစ်သွား တယ်။ ပုံကိုမရရအောင် ကျွန်တော်တို့ပြန်ဆွဲထားတယ်" အာကာကျော် ( အိုဘားမား ဂရပ်ဖတီ ဆွဲသူ) 

အိုဘားမား ဂရပ်ဖတီပုံဟာ ရန်ကုန်မှာတော့ အတော်ခေတ်စားနေကြပြီး လူတွေကလည်း လာကြည့်ကြ၊ သတင်းသမားတွေလည်း နောက်ခံထား သတင်းပို့ အစီအစဉ်တွေ ရုပ်မြင်သံကြား ရိုက်ကူးကြတာတွေနဲ့ လူကြိုက်များနေခဲ့တာပါ။  

မနက်ဖြန်ဆို အိုဘားမားလည်း မြန်မာပြည်လာတော့မှာဖြစ်လို့ အခုလို တတိယမြောက် အိုဘားမား ဂရပ်ဖတီနဲ့ အခုထိ ကြိုဆိုနေမြဲပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved