ဂရမ်မီဆုရှင် JASON MRAZ မြန်မာပြည် လာဖျော်ဖြေမယ်

Sunday, November 18, 2012


လူကုန်ကူးမှုနဲ့ပတ်သက်လို့ အသိပညာပေးရေးအစီအစဉ်နဲ့ မြန်မာနိုင်ငံကို လာမယ့် လမှာ ကမ္ဘာကျော် အနုပညာရှင် တဦး အနေနဲ့ သမိုင်းဝင် လာရောက်လည်ပတ် ဖျော်ဖြေဖို့ရှိပါတယ်။ 

သူကတော့ Jason Mraz ဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ရွှေတိဂံုံဘုရား ခြေရင်းက ပြည်သူ့ ရင်ပြင်မှာ အခမဲ့ ဖျော်ဖြေပွဲပွဲကို ဦးဆောင် ပါဝင်မှာဖြစ်ပါတယ်။ သူ့ကိုတော့ မြန်မာပရိသတ်တွေလည်း သိကြပြီးဖြစ်နေမှာပါ။ သူ့ သီချင်းတွေက မြန်မာ ပရိသတ်နဲ့သိပ်မစိမ်းလှပါဘူး။ 

သူဟာ Free Award အခမ်းအနားတခုကို တက်ခဲ့ပြီးနောက်ပိုင်း လူကျွန်ပြုမှုတွေနဲ့ လူမှောင်ခိုကူးမှုတွေ အပေါ် စိတ်ဝင်စားမှုတွေ များလာခဲ့ပြီး အခုလို သူ့ပရိသတ်တတွေကို လူမှောင်ခို ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ လှုပ်ရှားမှုတွေအတွက် သူ့အနုပညာနဲ့ ဖျော်ဖြေမှုတွေ လုပ်လာခဲ့တာ လွန်ခဲ့တဲ့ ၄ နှစ်လောက်က တည်းကပါ။ 

ဂရမ်မီဆုရှင် သီချင်းရေးဆိုသမားတဦးအနေနဲ့ နှစ်ပေါင်းများစွာ စစ်အာဏာရှင်အောက်က မြန်မာနိုင်ငံမှ အခုလို ဗလာ ဂီတ ဖျော်ဖြေပွဲကို ပထမဆုံးအကြိမ်ကျင်းပဖို့ အစီအစဉ်လည်းဖြစ်ပါတယ်။ 

အဆိုပါ ဂီတဖျော်ဖြေပွဲနဲ့ပတ်သက်လို့ အသက် ၃၅ နှစ် ရှိအဆိုတော် Jason Mray က စိတ်လှုပ်ရှားနေ မိကြောင်း၊ လူကုန် ကူးမှု တိုက်ဖျက်ရေးအတွက် ဒီဖျော်ဖြေပွဲကနေ အီး သုံး လုံး ( 3- Es, "educate, empower and engage") ကို အဓိက သတင်းစကား ပါး နိုင်မယ်လို့ မျှော်လင့်ပါကြောင်း ယနေ့ထုတ် The Entertainment အွန်လိုင်းသတင်းတပုဒ်မှာ ပြောထားပါတယ်။ 

အဆိုပါ အီးသုံးလုံးနဲ့ပတ်သက်လို့ သူ့ရဲ့ “I'm Yours”, “I Won't Give Up” သီချင်းတွေက အဓိက အားဖြည့်ပေးမှာဖြစ်ပြီး “93 Million Miles” ကတော့ အသစ်ဖြစ်ပါတယ်တဲ့။ 

MTV EXIT ကနေ လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေအတွက် တာဝန်ယူ စီစဉ်နေတဲ့ ဖျော်ဖြေပွဲ လည်းဖြစ်ပြီး အဆိုတော် Mray ရဲ့ သီဆိုဖျော်ဖြေမှုတွေကိုလည်း ပြည်တွင်း ရုပ်မြင်သံကြားတွေကလည်း ထုတ်လွှင့်သွားဖို့ ရှိပါတယ်။ 

MTV EXIT ကလည်း မြန်မာပြည် ဖျော်ဖြေပွဲနဲ့ပတ်သက်လို့ ကံစမ်းမဲအစီအစဉ်တွေ လုပ်ဆောင်နေ ပါကြောင်း အသိပေး လိုက်ရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved