ရဲက ဖေ့စ်ဘုတ်မှာ ပြည်သူတွေကို အကူအညီ ပြန်တောင်း

Monday, November 12, 2012



လောကကြီးက မျက်စေ့လည်စရာဖြစ်ခဲ့ရတာက ဖေ့စ်ဘုတ်ပေါ်က ရဲတပ်ဖွဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြော ထားတာကြောင့်ပါ။ 

"ကူညီပါရစေဆိုတာ" ရဲတပ်ဖွဲ့ ရဲ့ ဆောင်ပုဒ်ပါ။ ဆိုလိုတာက ရဲတွေက ပြည်သူတွေကို ကူညီပေးဖို့ တာဝန်ယူ ထားတယ်ဆိုတာပါပဲ။ 

ပုံမှန်အားဖြင့် ရဲတပ်ဖွဲ့ကို ပြည်သူတွေက အားကိုးရမှာပါ။ ရဲတပ်ဖွဲ့ကသာ ပြည်သူကို အကူအညီပေးမယ်လို့ အများက နားလည်ထားခဲ့ကြတာပါ။ အခုတော့ ရဲက ပြန်ပြီး ပြည်သူကို အကူအညီတောင်းနေတာပါ။ 

"ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ ထိပါးသည့် Post များကို မတင်ရန် မေတ္တာရပ်ခံအပ်ပါသည်။ ဆဲဆို သည့် Post များကို လည်းမတင်ရန် မေတ္တာရပ်ခံအပ်ပါသည်။ ထိုသို့ပြောဆိုမှုများရှိလာပါက "ရဲဇာနည်" သတင်း ကြည့်ရှုသူ ပြည်သူများအနေဖြင့် ၀ိုင်းဝန်းဆုံးမပေးရန်တောင်ဆိုအပ်ပါသည်။" လို့ ရဲ တပ်ဖွဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ အကူအညီတောင်းနေပါတယ်။ 

အောက်ပါပုံမှ ရဲတပ်ဖွဲ့၏ ဖေ့စ်ဘုတ်ပေါ်က မူရင်း အကူအညီတောင်းဆိုချက်ဖြစ်ပါတယ်။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved