ရွက်စိမ်း ~
နေပြည်တော်က စည်ကားတဲ့ တနေရာ (ဓာတ်ပုံများ - ငြိမ်းချမ်း/ဧရာဝတီ) |
နိုင်ငံခြားသားဧည့်သည်တွေ နေပြည်တော် အလည်လာကြရေးအတွက် ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနက လှုံ့ဆော်နေပါပြီ။
“နေပြည်တော်ကို နိုင်ငံခြားသားတွေ သွားရောက်ဖို့အတွက် Package Tour တွေ စီစဉ်ဖို့ ခရီးသွားလုပ်ငန်းတွေကိုလည်း အကြောင်းကြားထားပါတယ်” လို့ ဟိုတယ်/ခရီး ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောပါတယ်။
“လမ်းကြောင်းတွေဆွဲပြီး ကျွန်တော်တို့ကို တင်ပြကြပါ။ နေပြည်တော်ကို ခရီးစဉ်ဒေသ တခု အဖြစ် အကောာင်အထည် ဖော်ပြီးတော့ နေပြည်တော်ကနေတဆင့် ဆက်သွားလို့ ရတဲ့ ခရီးစဉ်တွေကို လမ်းကြောင်းဆွဲပြီး tour အစီအစဉ်တခု အနေနဲ့ ရောင်းလို့ရင် နိုင်ငံခြားသားတွေ စိတ်ဝင်စားမှာပါ” လို့ ၀န်ကြီးက ဖြည့်စွက်ပြောကြားပါတယ်။
အရင်က နေပြည်တော်ကို နိုင်ငံသားတွေ အလည်အပတ်သွားရောက်ရေး ကန့်သတ်ထားပြီး လုပ်ငန်းသဘောအရ သွားရောက်ခွင့်ကိုပဲ ပေးခဲ့တာပါ။
ဇမ္ဗူသီရိဟိုတယ် |
နေပြည်တော်ကနေတဆင့် ရှမ်းပြည်နယ် ပင်လောင်းမြို့၊ ကယားပြည်နယ် လွိုင်ကော်တို့ဘက်ကို တိုက်ရိုက် ကားလမ်းပေါက်တာမို့ ခရီး အစီအစဉ်တွေထဲ ထည့်ဆွဲရောင်းဖို့ လိုတယ်၊ အဲဒီလို ရောင်းခြင်းဖြင့် မြန်မာနိုင်ငံမှာ သွားလာ လည်ပတ်စရာ လမ်းကြောင်းသစ်တွေ ထွက်လာမယ် လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။
ဒေသခံတွေ ဈေးဝယ်ထွက်ရာ Junction Centre |
နေပြည်တော်မှာ ဟိုတယ်တွေ အများကြီး ရှိတဲ့အတွက် နိုင်ငံခြားဧည့်များ တည်းခိုရန်နေရာက ရန်ကုန်မှာလို မခက်ခဲတော့ဘဲ အဆင်ပြေမှာပါ။
အထပ်မြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တခု။ တည်ဆောက်ဆဲ နေပြည်တော်မှာတော့ တည်ဆောက်ဆဲတိုက်တွေကို အများအပြား တွေ့ရပါလိမ့်မယ်။ |
ကြော်ငြာ နဲ့ အမှိုက်ပုံးပဲ ရှိတဲ့ ဘတ်စ်ကားမှတ်တိုင်။ မြို့သစ် ဖြစ်တဲ့အတွက် မြို့တွင်းသွားလာရေး အဆင်ပြေဖို့ အရှိန်ယူရေးက အချိန်ဘယ်လောက်ကြာဦးမယ် မသိပါ။ |
-
0 comments :
Post a Comment