ပုသိမ်ပညာဒါနကျောင်းများ ကျောင်းသားစုံညီပွဲတော်ကျင်းပ

Monday, November 5, 2012

~







 သန့်စင်ငြိမ်းချမ်း ~

ဧရာဝတီတိုင်း မြို့တော်ပုသိမ်တွင်ဖွင့်လှစ်ထားသည့် အခမဲ့ ပညာဒါနကျောင်းများ စုပေါင်း၍ ကျောင်းသား စုံညီပွဲတော်ကို ပုသိမ်မြို့ရှိ ကန်လှဘုန်းကြီးကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

 စုံညီပွဲတော်သို့ ပညာဒါနကျောင်း ၉ ကျောင်းမှ ကျောင်းသားကျောင်းသူ ၃၀၀ ကျော် ပါဝင် ဆင်နွှဲခဲ့ကြပြီး ကိုဒီငြိမ်းလင်း ဦးဆောင်သည့် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေး ကော်မတီဝင်) အဖွဲ့ဝင် များလည်း တက်ရောက်ခဲ့ကြသည်။ 

“ပုသိမ်မှာရှိတဲ့ ပညာဒါနကျောင်းက   ကျောင်းသားတွေ အချင်းချင်း ချစ်ခင်ရင်းနှီးမှုရှိအောင် ပညာဒါန   
ကျောင်းတွေအချင်းချင်းလည်း ထိတွေ့ချိတ်ဆက်မှုရှိအောင် ဆိုပြီး ကျောင်းဦးဆောင်သူ အားလုံးဝိုင်းပြီး ခုပွဲကို စီစဉ်ကြတာပါ” ဟု ထာဝရအလင်း ပညာဒါနကျောင်း အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်း က ပြောသည်။ “နယ်က ကျနော်တို့ ညီငယ် ညီမငယ်ကျောင်းသားတွေကိုသတ္တိရှိလာအောင်၊ ကြောက်စိတ် ကင်းလာအောင် အားပေးစကား လာပြောတာပါ” ဟု ပွဲတက်ရောက်လာသည့် ကိုဒီငြိမ်းလင်းက   
ပြောသည်။ 

ပုသိမ်တွင် ပညာပါရမီ၊ ထာဝရအလင်း၊ အောင်သပြေ၊ အလင်းမီးအိမ်၊ ပညာရပ်ဝန်း၊ အမှတ် ၉/၁၀ ရပ်ကွက်နှင့် အမှတ် ၁၄ ရပ်ကွက်စသည်ဖြင့် ပညာဒါနကျောင်း ၁၁ ကျောင်းရှိပြီး ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း ကျောင်းသားပေါင်း ၄၀၀ ကျော်ကို အခမဲ့ ပညာသင်ကြားပေးနေကြောင်း သိရသည်။ ကျောင်းများကို ရပ်ကွက်အလိုက် စေတနာ့ဝန်ထမ်း ကျောင်းဆရာ/ဆရာမများနှင့် စေတနာရှင်များစုပေါင်း၍ တည်ထောင်ထားကြခြင်း ဖြစ်သည်။ 














- -

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved