နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြဌာန်းလိုက်ပြီ

Monday, November 5, 2012



သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေဖြစ်ပါတယ်။ 

နိုင်ငံတော် သမ္မတရုံး အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတာဖြစ်ပြီး  နိုဝင်ဘာလ ၂ ရက်နေ့ ရက်စွဲ နဲ့ ပြည်ထောင်စု လွှတ်တော် က ပြဌာန်းလိုက်တဲ့ အဆိုပါ ဥပဒေမှာ အခန်း ၂၀ ပါ ၀င်ပြီး မြန်မာနိုင်ငံ မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ များများ လာရောက်ဖို့ဆွဲဆောင်မှုတွေလည်းပါဝင်ပါတယ်။ 

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတော့ အခု ထွက်ပေါ်လာ တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို  လေ့လာစောင့်ကြည့်သွားအုံးမယ်လို့ မကြာခင်ကပဲ ပြောထားခဲ့ပါတယ်။ 
 FRD Update

1 comments :

  1. Anonymous said... :

    အခု မြန်မာပြည်ထဲမှာ vietnam နဲ့တရုတ် company တွေ အများကြီး ရောက်နေပါတယ်။ ကျွန်တော် သိသလောက် ၂၀၁၀ လောက်ထဲကရောက်နေ တာပါ။ သူတို့စက်ရုံထွက် ပစ္စည်းတွေကို သူတို့ကိုယ်တိုင် တိုက်ရိုက်ရောင်းချဖို့ ပြင်ဆင်နေကြပါတယ်။ သူတို့အနေနဲ့ အဲ့ဒီလို လုပ်ခွင့်ရှိလား မရှိလား သိချင်ပါတယ်။ သိတဲ့သူ ရှိရင် ပြောပြပေးပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved